www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 28, 2017

ကောင်းမှုတော် စေတီတော်ကြီး၏ ရွှေထီးတော်အား ရွှေသင်္ကန်းနှင့် ရွှေပြားများ ပြန်လည်ကပ်လှူပူဇော်မှုကို မေလအတွင်း စတင်ဆောင်ရွက်မည်ဖြစ်


စစ်ကိုင်း ၂၈-၄-၂၀၁၇

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အား ရွှေသင်္ကန်းနှင့် ရွှေစင်၊ရွှေပြားများ အလေ့အလွင့်မရှိ အောင်မြင်စွာ ကပ်လှူနိုင်ရေးအတွက် ဘုရားဂေါပကအဖွဲ့ဝင်များ၊
သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရွှေလုပ်ငန်းပညာရှင်များ ဖြင့် ဧပြီ ၂၆ရက် နံနက်၁၁နာရီက ကောင်းမှုတော် စေတီတော်မြတ်ကြီး၏ အစည်း အဝေးခန်း မ၌ အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေး
ကျင်းပပြုလုပ်ခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

''ရွှေထီးတော်အပေါ်ပိုင်းကို ရွှေအစစ် ရွှေစင်ရွှေပြားတွေ ကပ်လှူပူဇော်ဖို့အတွက် ဒီနေ့မှာ ရွှေလုပ်ငန်းရှင်ကို လုပ်ငန်းအပ် လိုက်ပါပြီ။ မေလ တတိယပတ်ထဲ လောက်ဆို စတင်ကပ်လှူနိုင်မယ် ထင်ပါတယ်''ဟု ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

ရာဇမဏိစူဠာ ကောင်းမူတော် စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ စေတီတော်ကြီး၏ ထီးတော် အပေါ်ပိုင်း (ငှက်ပျောဖူးမှ စိန်ဖူးတော်ထိ)အမြင့် ၁၄ ပေ အား ရွှေစင် တစ်ကျပ်ခွဲသားရှိ ကိုးလက်မပတ်လည် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ပြီး စုစုပေါင်း ရွှေစင်ရွှေပြား ၃၂၃ အပြား ကုန်ကျမည်ဟုခန့်မှန်း ထားကြောင်း၊ ထီးတော်ကြီး အောက်ခြေပိုင်း အမြင့် ၁၂ ပေကို မျက်ပါးရပ်မှ ရွှေဆိုင်းများကပ်လှူပူဇော်သွားမည် ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အား ရွှေသင်္ကန်းနှင့် ရွှေစင်၊ရွှေပြားများ ပြန်လည်ကပ်လှူရန် ရွှေပိဿာချိန် သုံးပိဿာကျော်ခန့် ကုန်ကျမည် ဖြစ်ပြီး စုစုပေါင်းငွေကျပ်သိန်း ၃ဝဝဝကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။

ရာဇာမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အား ရွှေသင်္ကန်းနှင့် ရွှေစင်၊ရွှေပြားများ ပြန်လည်ကပ်လှူ တော့မည်ဖြစ် သဖြင့် အများပြည်သူ စေတနာရှင်များမှ ပါဝင်လှူဒါန်းလိုပါက ကိုး
လက်မပတ်လည် ရွှေစင်ရွှေပြား တစ်ချပ်လျှင် ငွေကျပ် ၁၂သိန်း နှုန်းဖြင့်လည်းကောင်း၊ မျက်ပါးရပ်မှ ရွှေဆိုင်းတစ်ဆိုင်းလျှင် ငွေကျပ် ၄၇ဝဝဝ နှုန်းဖြင့်လည်းကောင်း ပါဝင်လှူဒါန်းနိုင်ကြောင်း၊ လှူဒါန်းလိုသည့်
စေတနာရှင် ကုသိုလ်ရှင် များအနေဖြင့် ဂေါပကအဖွဲ့ရုံး ဝ၇၂-၂၁၅၄၅၊ဝ၉-၉၁ဝ၃ဝ၁၁၁ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger