www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 28, 2017

ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ပိုမိုဝင်ရောက်ရန်မျှော်မှန်းထား




ရန်ကုန် ၂၈-၄-၂၀၁၇

ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ဧည့်သည် ဝင်ရောက်မှုနှင့် ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်စေရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

နိုင်ငံခြားခရီးသွား ဧည့်သည် ဝင်ရောက်မှုနှုန်းကို ၂ဝ၁၆ ခုနှစ်က ခရီးသွားဧည့်သည် ဦးရေ ၅ ဒသမ ၅ သန်းခန့်အထိ ဝင်ရောက်ရန် ခန့်မှန်းထားသော်လည်း အမှန်တကယ် ဝင်ရောက်လာသူမှာ သုံးသန်းဝန်းကျင်ခန့်သာရှိခြင်းကြောင့် ယခုနှစ်အတွင်း ပြန်လည် ကောင်းမွန်ရန် မျှော်မှန်းထား ခြင်းဖြစ် သည်။

ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၇ ခုနှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု ၃ ဒသမ ၅ သန်းအထိရှိရန် မျှော်မှန်း ထားကြောင်း သိရသည်။

''အခုက လေဆိပ်ဝင်ပေါက် ကိုပဲကြည့်ပြီး တွက်စစ်တာဆိုတော့ နည်းနည်းတော့ကွာဟ သွားတယ်။ လက်ရှိမှာ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်မြှင့်ပြီဆိုရင် ပိုမိုကောင်းမွန် လာမယ်လို့ မျှော်လင့်ပါတယ်''ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

လက်ရှိခရီးသွား လုပ်ငန်း အခြေအနေမှာ Package Tour အနည်းငယ်သာ ဝင်ရောက် နေသော်လည်း တခြားပုံစံဖြင့် ခရီးသွားများ ဝင်ရောက်မှု တိုးတက်နေကြောင်း၊ ထို့ပြင်လေဆိပ်နှင့် အပျော်စီး သင်္ဘောများဖြင့်
လာရောက်သည့် နိုင်ငံခြားခရီးသွား ဧည့်သည် ဦးရေလည်း တိုးတက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံး ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger