www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 30, 2017

ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် အိမ်တော်ရာ ဘုရားစေတီ၏ ဌာပနာပိတ်သွင်း ပွဲပြုလုပ်

ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် အိမ်တော်ရာဘုရားစေတီ၏ ဌာပနာပိတ်သွင်းပွဲ ကျင်းပစဉ်။

နေပြည်တော် ၃၀-၄-၂၀၁၇

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် အိမ်တော်ရာဘုရားစေတီ၏ ဌာပနာပိတ်သွင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားဝင်းအတွင်း၌ ပြုလုပ်ရာ ရွှေစေတီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဝိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက ရွှေစေတီကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက မင်္ဂလာအချိန်တွင် ဌာပနာ ပိတ်သွင်းကြသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ငတရော်ကျေးရွာသည် ဘုရင့်နောင်မင်းတရားကြီး၏ ဇာတိရွာဖြစ်ပြီး အိမ်တော်ရာဘုရားသည် မြန်မာသက္ကရာဇ် ၉၁၇ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီး တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်သည်။ အဆိုပါရှေးဟောင်း သမိုင်းဝင် စေတီတော်ကြီးသည် ၂၀၁၆ ခုနှစ်၊ မေလအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ် ပေါ်ခဲ့ရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်း ငွေကျပ် ၄၇၁ သိန်းဖြင့် ရှေးမူမပျက် ပြန်လည်ပြုပြင် မွမ်းမံခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger