www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ယဉ်ကျေးမှု. Show all posts
Showing posts with label ယဉ်ကျေးမှု. Show all posts

Monday, June 11, 2018

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ လောကနန္ဒာ စွယ်တော်မြတ် စေတီတော်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင် လှူပူဇော်ပွဲ အထူးစည်ကား



ပုဂံ ၁၁-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ် တော်မူခဲ့သော စွယ်တော်လေးဆူအနက် တစ်ဆူအပါအဝင် ဖြစ်သည့် ပုဂံမြို့သစ်ရှိ လောကနန္ဒာစွယ်တော် မြတ်စေတီတော်ကြီးကို ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညို နိုင်ရန်အတွက် စေတီတော်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက လောကနန္ဒာစွယ်တော် မြတ်စေတီတော်ကြီး ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လောကနန္ဒာ စွယ်တော်မြတ် စေတီတော်ကြီးမှ ဘုရားဂေါပကဥက္ကဋ္ဌ ဦးချစ်စိန်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများက နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး သီတဂူဆရာတော် အရှင်ဥာဏိဿရထံမှ ကိုးပါးသီလခံယူ ဆောက်တည် ကြသည်။

ထို့နောက် သီတဂူဆရာတော် အရှင်ဥာဏိဿရနှင့် ဆရာတော်၊သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ကြပြီး အလှူရှင်များက ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်နှင့် ပရိတ်ပန်းတို့ကို လောကနန္ဒာ စွယ်တော်မြတ် စေတီတော်ကြီးကို လက်ယာရစ် လှည့်လည်ပူဇော် ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့က ဆရာတော်ကြီးများထံ သာသနာရေး ဆိုင်ရာများ လျှောက်ထားကြပြီး စေတီတော်ကြီးကို တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများ ကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ရဲမြင့်နှင့်ဇနီးတို့က ရတနာငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း သီတဂူဆရာတော် အရှင်ဥာဏိဿရထံ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် အမျှအတန်း ပေးဝေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တာဝန်ရှိသူ များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကြပြီး ရတနာပန်းရထားဖြင့် တင်လှူပူဇော် ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

Monday, May 7, 2018

မိတ္ထီလာ မြို့နယ်အတွင်း ဥာဏ်တော် အမြင့်ဆုံး ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီး မကြာမီတည်ထားပြီး စီးမည်



မိတ္ထီလာ ၇-၅-၂ဝ၁၈

မိတ္ထီလာမြို့နယ် အတွင်းအုတ်၊ အင်္ဂတေတို့ဖြင့် တည်ထားသည့် ဥာဏ်တော် အမြင့်ဆုံး ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးကို ဝန်ဇင်းရပ်ကွက်နယ်မြေ မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်း ဝင်းအတွင်း တည်ထားလျက်ရှိပြီး မကြာမီ တည်ထားပြီးစီး တော့မည်ဖြစ်ကြောင်း သိရသည်။

"မဟာသန္တိသုခလာ ဘမုနိရုပ်ပွားတော် မြတ်ကြီးဆိုပြီး ဘွဲ့အမည် ပေးထားတဲ့ မိတ္ထီလာမြို့နယ် အတွင်းဥာဏ်တော် အမြင့်ဆုံး ဗုဒ္ဓရုပ်ပွား ဆင်းတော်ကြီး (ဥာဏ်တော် ၅၁ ပေ) ကို ၂ဝ၁၇ခုနှစ် သြဂုတ်လ အတွင်းက အများ ကောင်းမှုနဲ့ စတင် တည်ထားခဲ့တာ လက်ရှိအနေအထားထိ ငွေကျပ်သိန်းရှစ်ရာကျော် ကုန်ကျခဲ့ပြီး ဖြစ်ပါတယ်။ အကြမ်းထည်တည် ထားမှုပိုင်းက ၁ဝဝ ရာခိုင်နှုန်းပြီးစီး ပြီဖြစ်ပေမယ့် အောက်ခံဆေးနဲ့ ရွှေသင်္ကန်းကပ်လှူဖို့ အပိုင်းက ကျန်နေသေးတယ်။ ဒါပေမဲ့ အလှူခံရရှိတဲ့ အပေါ်မူတည်ပြီးတော့ မကြာမီတည်ထားမှု ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အုတ်၊အင်္ဂတေနဲ့ တည်ထားပြီး ဥာဏ်တော်အမြင့် ၅၁ပေရှိတာကြောင့် တည်ထား ပြီးစီးသွားရင် မြို့နယ် အတွင်းအုတ်၊အင်္ဂတေနဲ့ တည်ထားတဲ့ ဥာဏ်တော် အမြင့်ဆုံး ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီး ဖြစ်လာမှာပါ"ဟု အဆိုပါ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မောင်က ပြောပြသည်။

လက်ရှိတွင် မိတ္ထီလာမြို့နယ် အတွင်းဥာဏ်တော် အမြင့်ဆုံးဗုဒ္ဓရုပ်ပွား ဆင်းတုတော်မှာ ဇောင်ချမ်းကုန်း ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ အလိုတော်ပြည့် ကျောင်းတိုက်အတွင်း တည်ထားသည့် ဥာဏ်တော်အမြင့် ၄၅ ပေရှိ အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ဖြစ်ပြီး လက်ရှိ အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ အားလုံးထဲတွင် အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မှာ ဥာဏ်တော် အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, February 21, 2018

သမိုင်းဝင် ကျောက္ကာဆုတောင်းပြည့် ရွှေကူနီ မြတ်စွာဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် စိန်ဖူးတော်တင်လှူ ပူဇော်ပွဲကျင်းပမည်



မုံရွာ ၂၁-၂-၂ဝ၁၈

မုံရွာမြို့နယ် ကျောက္ကာကျေးရွာရှိ သမိုင်းဝင် ကျောက္ကာဆုတောင်းပြည့် ရွှေကူနီမြတ်စွာဘုရားကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် စိန်ဖူးတော် တင်လှူ ပူဇော်ပွဲကိုမတ် ၁ ရက် (တပေါင်းလပြည့်နေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့မှ သိရသည်။

သမိုင်းဝင် ကျောက္ကာဆုတောင်းပြည့် ရွှေကူနီမြတ်စွာ ဘုရားကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ခြင်းလုပ်ငန်းကို ၂ဝ၁၇ခုနှစ် သြဂုတ် ၁ဝ ရက်က သမိုင်းဝင် ကျောက္ကာဆုတောင်းပြည့် ရွှေကူနီမြတ်စွာဘုရားကြီး ဂေါပကအဖွဲ့က ကြီးမှူးပြီး နိုင်ငံတစ်ဝန်းမှ အလှူရှင်များဖြင့် စတင်ကပ်လှူခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီလဆန်း ပိုင်းတွင် ပြီးမြောက်ခဲ့ပြီဖြစ်သဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် စိန်ဖူးတော် တင်လှူပူဇော်ပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

"ရွှေသင်္ကန်းကပ်လှူတဲ့ အချိန်ကစပြီး ဒီနေ့ထိ ဘုရားဖူးလာရောက်ကြတဲ့ ဧည့်သည်တွေ လှူဒါန်းတဲ့ အလှူငွေအပြင် ရတနာပစ္စည်း အမျိုးအစားပေါင်း ၁၁၅ဝ ကျော်ကို အလှူခံရရှိထားပါတယ်။ အဲဒီရတနာ ပစ္စည်းတွေကို စိန်ဖူးတော်ထဲမှာလဲ ထည့်သွင်း ဌာပနာမယ်။ နောက်ပြီး ထီးတော်မှာလဲ ချိတ်ဆွဲပြီးတော့ ပူဇော်သွားမှာပါ"ဟု သမိုင်းဝင် ကျောက္ကာဆုတောင်းပြည့် ရွှေကူနီမြတ်စွာဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးမင်းလှိုင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

Tuesday, February 13, 2018

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများကို ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေ



နေပြည်တော် ၁၃-၂-၂ဝ၁၈

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သတင်းများအရ သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန သတင်းများအရ အမေရိကန်နိုင်ငံက Getty Conservation Institute (GCI) အဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ရှေးဟောင်း အဆောက်အအုံများနှင့် နံရံဆေးရေးပန်းချီများ ထိန်းသိမ်းရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၄မှ ၁၈ ရက်ထိ ပုဂံဒေသ၌ Mural Conservation လုပ်ငန်းဆောင်ရွက်မှုကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံ Musashino University အဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ပညာရှင်များ ပူးပေါင်း၍ သစ်သား အဆောက်အအုံဆိုင်ရာ တူးဖော်မှတ်တမ်းများ၊ ကွင်းဆင်း မှတ်တမ်းများ၊ ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာအစီရင်ခံစာနှင့် မှတ်တမ်းများ လေ့လာဖတ်ရှုခြင်းကို ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း (ပြည်)၌ ဖေဖော်ဝါရီ ၁၁ရက်မှ ၁၈ရက်ထိ Research Program တစ်ရပ်အနေဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြင်သစ်နိုင်ငံ University of Poitier-iPHEP အဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ပုံတောင်ဒေသနှင့် ဧရာဝတီမြစ်ကမ်း တစ်လျှောက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ သုတေသနလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၈ ရက်ကစတင် ဆောင်ရွက်နေပြီး ဖေဖော်ဝါရီ ၂၈ရက်ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Thursday, January 11, 2018

ရတနာဆင်များရှင် စေတီတော်ကြီး အကြီးစားဘက်စုံ ပြုပြင်မွမ်းမံရန် အလှူငွေကျပ်သိန်း ၅ဝဝဝ စုဆောင်းထားဟု သီတဂူဆရာတော်ကြီး မြွက်ကြား



စစ်ကိုင်း ၁၁-၁-၂ဝ၁၈

စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ရတနာဆင်များ ရှင်စေတီတော်ကြီးအား အကြီးစားဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် ဓမ္မသဘင်အလှူ ငွေများထဲမှ စုဆောင်းထားရာ ငွေကျပ်သိန်း ၅ဝဝဝရရှိထားပြီးဖြစ်ကြောင်း သီတဂူဆရာတော် ဒေါက်တာအရှင် ဥာဏိဿရက မြွက်ကြားသည်။

ရတနာဆင်များရှင် စေတီတော်ကြီးသည် ခေတ်အဆက်ဆက် ငလျင်ဒဏ် အကြိမ်ကြိမ်ခံခဲ့ရကာ မြေခခဲ့ရသည့်အကြိမ် လေးကြိမ်မျှရှိခဲ့ပြီ ဖြစ်ကြောင်း၊ ၂ဝ၁၂ခုနှစ် နိုဝင်ဘာလက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ရင်ပြင်တော်နှင့် စေတီလုံးပတ် အချို့နေရာများတွင် အက်ကြောင်းများ ထင်ဟပ်ခဲ့ပြီး ထီးတော်မှ အရံစိန်ဖူးတော်နှင့် အချို့ရတနာပစ္စည်းများ မြေခခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

"ဆင်များရှင် စေတီတော်ကြီးကို ပြင်ဖို့ဘုန်းကြီးတို့ ဆုံးဖြတ်ချက်ချထားပြီးပါပြီ။ ဘုန်းကြီး တရားဟောရတဲ့ ပိုက်ဆံလေး စုထားပါတယ်။ သိန်း ၅ဝဝဝရပါပြီ။ နောက်ထပ် သိန်း ၅ဝဝဝရရင် လုံလောက်ပြီ။ သိန်းပေါင်း ၁ဝဝဝဝလောက် ဘုန်းကြီးတို့ သုံးမယ်" ဟု သီတဂူဆရာတော်ကြီး ဒေါက်တာ ဥာဏိသရက မြွက်ကြားသည်။

အဆိုပါ စေတီတော်ကြီးအား အကြီးစားဘက်စုံပြုပြင် မွမ်းမံရန်အတွက် ဂေါပကအဖွဲ့များက သီတဂူ ဆရာတော်ကြီးထံမှ သြဝါဒခံယူခဲ့ပြီး စေတီတော်ပြန် လည်ပြုပြင်ရန် သမိုင်းဆိုင်ရာအချက်အလက် များနှင့်တိုက်ဆိုင်၍ မူလပုံစံအတိုင်းငလျင် ဒဏ်ခံနိုင်စေရန် ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွှေထီးတော် အသစ်နှင့်ရွှေသင်္ကန်း ပြန်လည်ကပ်လှူ ပူဇော်မည်ဖြစ်သဖြင့် စေတနာရှင်၊ ကုသိုလ်ရှင်များ အနေဖြင့် ပါဝင်လှူဒါန်းလိုပါက ဂေါပကအဖွဲ့ စေတီတော်ဂေါပကရုံး ဖုန်း-ဝ၇၂-၂၁၂၇၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

#Yadanarpondaily

Friday, December 29, 2017

ပုဂံယဉ်ကျေးမှုနယ်မြေမှ ငလျင်ဒဏ်သင့် စေတီပုထိုးများနှင့် အဆောက်အအုံများ ပြန်လည်ပြုပြင်မှု တစ်ဝက်ကျော်ပြီးစီးနေ



နေပြည်တော် ၂၉-၁၂-၂ဝ၁၇

ပုဂံယဉ်ကျေးမှုနယ်မြေမှ ငလျင်ဒဏ်သင့် စေတီပုထိုးများနှင့် ရှေးဟောင်း အဆောက်အအုံများ ပြန်လည်ပြုပြင်မှု လုပ်ငန်းများ တစ်ဝက်ကျော်ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းများအရ သိရသည်။

၂ဝ၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးနှင့် သာသနိက အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှု များရှိခဲ့ကြောင်း၊ အဆိုပါစေတီပုထိုးများ၏ ထိခိုက်ပျက်စီးမှု အခြေအနေအရ ဦးစားပေးအဆင့်များ သတ်မှတ်ကာ ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ပြန်လည်ပြင်ဆင် ဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ၊ မူလအလှူရှင်များကလည်း အလှူငွေများထည့်ဝင်လှူဒါန်း ပြင်ဆင်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အဆိုပါ စေတီပုထိုးများနှင့် ရှေးဟောင်း အဆောက်အအုံများကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ရာတွင် ရှေးဟောင်းလက်ရာများ မပျက်စီးစေရေးအတွက် ပြည်တွင်း၊ပြည်ပမှ သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များ နှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မွမ်းမံပြင်ဆင်ဆောင်ရွက်မှု လုပ်ငန်းများကို ၂ဝ၂ဝပြည့်နှစ်တွင် အပြီးသတ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ယခုအခါငလျင်ဒဏ်သင့် စေတီပုထိုးများနှင့် ရှေးဟောင်း အဆောက်အအုံ ပြန်လည် မွမ်းမံပြင်ဆင်မှုလုပ်ငန်းများမှာ တစ်ဝက်ကျော် ဆောင်ရွက်ပြီးစီး နေပြီဖြစ်၍ လုပ်ငန်းလုပ်ကိုင်မှု ၆ဝ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါငလျင် လှုပ်ခတ်စဉ်က ထိခိုက်ပျက်စီးမှုမရှိခဲ့ဟု ထင်ခဲ့သည့် စေတီပုထိုးများမှာလည်း ပြင်ပထိခိုက်မှု မရှိခဲ့သော်လည်း အတွင်းပိုင်းထိခိုက်မှုများ ဖြစ်နိုင်သဖြင့် ပြည်တွင်း၊ပြည်ပ ပညာရှင်များက အကြိမ်ကြိမ်လေ့လာစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါဆောင်ရွက်မှုများအရ ငလျင်လှုပ်ခဲ့စဉ်က ထိခိုက်ပျက်စီးမှု မရှိခဲ့ဟုထင်ရသည့် သဗ္ဗညုစေတီသည် ယူနက်စကို၊ ဂျပန်၊ထိုင်း၊ တရုတ်စသည့် ပြည်ပပညာရှင်များနှင့် ပြည်တွင်းမှ ပညာရှင်များ၏ အကြိမ်ကြိမ်လေ့လာ စစ်ဆေးမှုများအရ အတွင်းကြေဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Thursday, December 21, 2017

မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်အား လာမည့်နှစ်တွင် ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရအောင် အကောင်အထည်ဖော်သွားမည်



မန္တလေး ၂၁-၁၂-၂၀၁၇

မြန်မာ့ရိုးရာလမ်းလျှောက် သင်္ကြန်တွင် ယခင်နှစ်ကအောင်မြင်မှု ရာခိုင်နှုန်း ၆ဝ ကျော် သာရှိခဲ့သော်လည်း လာမည့်နှစ်တွင်ရာနှုန်း ပြည့်နီးပါးထိ အောင်မြင်မှုရအောင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောပြသည်။

မန္တလေးမြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ကျုံးပတ်ပတ်လည်တွင် မဏ္ဍုပ်များထိုးကာ ရိုးရာယဉ်ကျေးမှုပွဲတော်ကို ဆင်နွှဲခဲ့ကြသော်လည်း ယခင် ၂ဝ၁၇ ခုနှစ်မှစ၍ မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်းကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီစေမည့် လမ်းလျှောက်သင်္ကြန်ကို စတင်ဖန်တီးကာ ကျင်းပခဲ့ကြောင်း၊ ကျုံးတောင်ဘက်ခြမ်းတွင် ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် ပစ္စည်းများကို ဖန်တီးပုံဖော်မှုများ ပြုလုပ်ခဲ့ကြရာ ပြည်သူလူထု စိတ်ဝင်စားမှုကို အသင့်အတင့် အောင်မြင်မှုရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ပျှမ်းမျှ ၆ဝ ရာခိုင်နှုန်းခန့် အောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ လာမည့် ၂ဝ၁၈ ခုနှစ်ဧပြီလတွင် ကျရောက်မည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကြီး၌လည်း ယခင်နှစ်ကအတိုင်း လမ်းလျှောက်သင်္ကြန်အဖြစ်သာ ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည့်အပြင် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက်ပါ အဓိကထားဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့် ၂ဝ၁၈ ခုနှစ်မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကာလတွင် ယခင်နှစ်က လမ်းလျှောက် သင်္ကြန်တွင် မပါဝင်ခဲ့သည့် Night Market ညဈေးပုံစံ မျိုးကိုလာမည့် နှစ်တွင် ထူးခြားသည့်အစီအစဉ် တစ်ရပ်အနေဖြင့် ထည့်သွင်းပေးသွားရန် စီစဉ်ထားကြောင်း၊ ယခုလက်ရှိ ဒီဇင်ဘာ ၁၉ ရက်ကလည်းလာမည့် သင်္ကြန်ပွဲတော်စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ယုဇနအစည်းအဝေးခန်းမတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

Friday, September 8, 2017

ရေပန်းစားနေသော ပုဂံမြေမှ လက်ပန်းချီ




ပုဂံ ၈-၉-၂၀၁၇

ပုဂံဒေသ၌ ပြီးခဲ့သည့် ရှစ်နှစ်ခန့်က စတင်ပေါ်ပေါက်ခဲ့ကာ မြန်မာလူငယ်များသာမက နိုင်ငံခြားခရီးသွား ဧည့်သည်များကိုပါ ဆွဲဆောင်နိုင်သည့်အပြင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက် လည်ပတ် ကြသည့်သူတိုင်းလိုလို မိမိ၏ လက်ပေါ်တွင် ပန်းချီရေးဆွဲ အလှဆင်နိုင်သည့် လက်ပန်းချီမှာ ပုဂံနှင့်ဒွန်တွဲလျက်ရှိနေသည်ဟုပင် ဆိုရမည်ဖြစ်သည်။

လက်ပန်းချီမှာ အရေပြားပေါ်တွင် ရေးဆွဲခြင်းဖြစ်သော်လည်း တက်တူးကဲ့သို့ သေရာပါအောင် အရာမထင်ဘဲ ရေနှင့်ထိပါက အလွယ်တကူ ပျက်နိုင်သော ပန်းချီလက်ရာ တစ်ခုဖြစ်ခြင်းကြောင့် အရွယ်သုံးပါးမရွေး အလှဆင် ရေးဆွဲလာကြသည်ကို တွေ့မြင်ရသည်။ 

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ အလည်အပတ် ရောက်ရှိလာကြသော နိုင်ငံခြားခရီးသွား ဧည့်သည်များသည် လက်ပန်းချီရေးဆွဲမှုကို အထူးသဘောကျ နှစ်သက်ကြသည့်အတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၏ နေရာတိုင်းတွင် လက်ပန်းချီရေးဆွဲသည့် ဆိုင်များမှာ လက်ညှိုးထိုး၍ မလွဲပင်ရှိနေသည်။ 

ထို့ပြင်ရေးဆွဲသူ များပြားလာသဖြင့် လက်ပန်းချီရေး ဆွဲပေးသည့် ဆိုင်များမှာ တိုးပွားလာသည်။ လက်ပန်းချီသည် အသားပေါ်တွင် ရေးဆွဲရသဖြင့် ပန်းချီဆွဲ သက်တမ်းနုသည့်သူများ ရေးဆွဲလျှင် အဆင်မပြေ ဖြစ်နိုင်ကြောင်းနှင့် ပတ်သက်၍ လက်ပန်းချီ စတင်တီထွင် ရေးဆွဲခဲ့သည့် ကိုကောင်းကြွယ်က ''ကျွန်တော်က ပုဂံမှာ လက်ပန်းချီကို စတင်ရေးဆွဲခဲ့တာပါ။ နိုင်ငံခြားခရီးသွား ဧည့်သည်တွေက ပုဂံကိုလာရောက် လည်ပတ်တဲ့အခါ အိမ်အပြန် အမှတ် တရ လက်ဆောင်အနေနဲ့ ပိတ်စလေးတွေမှာ ပန်းချီလက်ရာလေးတွေ ဆွဲထားတာကို ဝယ်ယူသွားကြတယ်။ နောက်တော့နိုင်ငံခြား ခရီးသွား ဧည့်သည်တစ်ဦးရဲ့ လက်ပေါ်မှာ ဆင်ရုပ်ပုံလေးကို ရေးဆွဲပေးရာကနေစပြီး လက်ပန်း ချီကို လူသိများ လာခဲ့ပါတယ်။ 

လက်ပန်းချီကိုရေးဆွဲတဲ့ ဆေးတွေက ပုံမှန်ပန်းချီကို ဆွဲတဲ့အခါမှာသုံးတဲ့ ဆေးတွေနဲ့ပဲ ရေးဆွဲပေးတာပါ။ တာရှည်တော့ မခံပါဘူး။ ရေဆေးပြီး ဆပ်ပြာနဲ့ ပွတ်လိုက်တာနဲ့ ပျက်တာပါပဲ။တချို့ကြာကြာ ခံချင်တဲ့သူတွေက သင်္ဘောဆေးနဲ့ လိုင်ကာရောပြီး ဆွဲပေးတယ်။ ကျွန်တော်တို့အနေနဲ့ လူရဲ့အသားပေါ်မှာ ရေးဆွဲရတာဖြစ်လို့ အန္တရာယ်မဖြစ်အောင် အခဲလစ်ဆေးကိုပဲ အသုံးပြုပြီး ရေးဆွဲပေးတယ်။ အရောင်အတွက်ကတော့ လိုင်ကာထည့်ရင် ပိုပြီးအရောင် တောက်တယ်။ ဒါပေမဲ့ ယားယံတဲ့ရောဂါ၊ အရေပြားပြဿနာ ရှိတဲ့သူတွေ အတွက်ကတော့ လိုင်ကာထည့်ပြီး ဆွဲဖို့အဆင်မပြေနိုင်ပါဘူး။ အခုချိန်မှာ လက်ပန်းချီဆိုင်တွေက ပုဂံဘုရားရှိတဲ့ နေရာတိုင်းမှာရှိနေပြီ။ 

လက်ပန်းချီက အသားပေါ်မှာ ရေးဆွဲရတာကြောင့် ပန်းချီကို ဆွဲနေကျကျင့်သားမရှိသေးတဲ့ သူတွေအတွက်တော့ မလွယ်ကူဘူး။ လက်ပန်းချီရေးဆွဲရာမှာ ကျန်စစ်သား၊ မိဖုရား၊ မင်းညီမင်းသား၊ မင်းသမီး စတဲ့ ပုံတွေကိုရေးဆွဲရင် မိနစ် ၂ဝ ကနေ မိနစ် ၃ဝ အထိ အချိန်ပေးရပြီး ပုံမှန် ကနုတ်ပုံတွေဆိုရင် ၁ဝ မိနစ်လောက်ပဲ ကြာပါတယ်။ ဒီထဲမှာမှ ပုဂံမြို့ရဲ့ ယဉ်ကျေးမှု လက်ရာတွေထက် အိန္ဒိယနိုင်ငံရဲ့ လက်ရာဖြစ်တဲ့ ဟန်နာဒီဇိုင်းတွေကို ပိုမိုရေးဆွဲလာ ကြတယ်။ လက်ပန်းချီ ရေးဆွဲတဲ့အခါ ပုံနဲ့အချိန်ပေါ် မူတည်ပြီး ငွေကျပ် ၂ဝဝဝ ကနေ ငွေကျပ် ၄ဝဝဝ အထိ ယူကြပါတယ်။ ပုဂံကိုရောက်ရင် လက်ပန်းချီကိုဆွဲမှ ခေတ်မီမယ်လို့ ယူဆကြသူတွေ များပြားတဲ့အတွက် တော်တော် ခေတ်စားလာတယ်။ အခုဆိုရင်လက်ပန်းချီ ရေးဆွဲနည်း လာသင်တဲ့သူတွေလည်း ရှိလာပြီ'' ဟု ပြောသည်။ 

ထို့ပြင်လက်ပန်းချီ ရေးဆွဲမှုကို တစ်ဆိုင်နှင့်တစ်ဆိုင် အပြိုင်အဆိုင် လှပအောင် ရေးဆွဲလာကြရုံသာမက ခရီးသွားများကို ပိုမိုဆွဲဆောင်လိုသဖြင့် မြန်မာ့လက်ရာ ရုပ်သေးရုပ်များကို အပင်များ၌ အလှချိတ်ဆွဲ ထားကြသည်ကိုလည်း တွေ့မြင်နိုင်သည်။ 

လက်ပန်းချီကြောင့် ရုပ်သေးရုပ်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၌ ပြန်လည်အသက်ဝင်လာပြီး ယခုအခါ ဈေးကွက်တစ်ခုပင် ရရှိနေပြီဖြစ်သည်။ လက်ပန်းချီကို ရေးဆွဲသူနှင့် အရေးဆွဲခံသူ ပမာဏညီမျှသဖြင့် လုပ်ငန်း အဆင်ပြေနေကြခြင်း ဖြစ်သည်။ 

ယခုအခါ လက်ပန်းချီသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ အလွန်ထွန်းကားနေပြီး ပညာရှင်များစွာလည်း ရှိနေပြီဖြစ်သည်။ နှစ်များစွာ ကြာသည်အထိ ဖောက်သည်များ ရှိနေဦးမည်ဆိုပါက ပုဂံဒေသခံ လက်ပန်းချီပညာရှင် များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေမည်ဖြစ်သည်။ 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း သဲနှင့်ရေးဆွဲသည့် သဲပန်းချီ၊ ပိတ်စပေါ်တွင် ရေးဆွဲသည့် ပိတ်ပန်းချီနှင့် လက်ပေါ်တွင် ရေးဆွဲသည့် လက်ပန်းချီဟူ၍ မြန်မာ့လက်မှု ပန်းချီလက်ရာကို ပုံစံအမျိုးမျိုးဖြင့် ပြည်ပမှ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များကို ဆွဲဆောင်လျက်ရှိရာ လက်ပန်းချီမှာ နိုင်ငံခြားခရီးသွား ဧည့်သည်များသာမက ပြည်တွင်းခရီးသွားများပါ အထူးကြိုက်နှစ်သက်ကြသည်ကို တွေ့ရှိရသည်။ 
ယင်းကဲ့သို့ မြန်မာမှုလက်ရာများကို တိမ်ကောမသွားစေရန် ပညာရှင်များအနေဖြင့် အသစ်အသစ်သော ဒီဇိုင်းပုံစံဆန်းများကို တီထွင်ဖန်တီးကြပြီး မြန်မာ့ရိုးရာ လက်မှုအနုပညာကို ကမ္ဘာကသိအောင် ဖော်ထုတ်နိုင်ပေသည်။ 
လက်ပန်းချီရေးဆွဲမှုကို နိုင်ငံခြားခရီးသွား ဧည့်သည်များ အထူးနှစ်သက် ကြသည့်အတွက် ၎င်းတို့၏ Social Network များ၌လည်း မြန်မာမှုလက်ရာများကို တင်ပြပေးနေမှုများကလည်း ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။ 

#Themyawadydaily

Thursday, June 29, 2017

မြန်မာ အမျိုးသမီးများ၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြပွဲ ကျင်းပ



ရန်ကုန် ၂၉-၆၂၀၁၇

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က စီစဉ်တင်ဆက်သော ၂ဝ၁၇ ခုနှစ် (၁၄) ကြိမ်မြောက် မြန်မာအမျိုးသမီးများ၏ သမိုင်းအစဉ်အဆက် ယဉ်ကျေးမှုမပျက် မြတ်နိုးဆင်ယင် ခေတ်အသွင် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပသည်။

''ဒီနှစ်အတွက်ကတော့ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုကို အဓိကပြသတဲ့ပွဲကြီးပါ။ ပျူခေတ်ကနေ ရတနာပုံခေတ်နဲ့ ကိုလိုနီခေတ် တို့က နှစ်ပိုင်းခွဲပြီး စစ်ပြီးနဲ့ စစ်ကြိုခေတ်တို့ကို ပြသထားတယ်။ ဆင်ယင် ထုံးဖွဲ့မှုရဲ့ နောက်မှာ လက်ဝတ်တန်ဆာလဲ ပါပါတယ်။ ခေတ်အကြိုက် သွင်ပြင်ရတနာ အဆင်ကဏ္ဍကိုလည်း ထည့်သွင်းထားပါတယ်။ ဒုတိယပိုင်းမှာ အပြုသဘော ဆောင်တဲ့ ယှဉ်ပြိုင်တေး စကား Lady Star ဆိုတဲ့ အစီအစဉ်လည်း ထည့်သွင်း ထားပါတယ်။ အဓိကကတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ရေရှည်တည်တံစေဖို့ ခေတ်လူငယ် လေးတွေ အတုယူဖွယ်ဖြစ်အောင် ပြသတဲ့ပွဲပါ''ဟု မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှုး ဒေါ် မြတ်မြတ်ဦးက ပြောသည်။

ထိုနေ့ပြပွဲတွင် တေးသံရှင်များက'' မြန်မာ အမျိုးသမီးငယ်လေးများ၏ ပျူခေတ်မှ ရတနာပုံခေတ်အထိ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြကွက်များ၊ ကိုလိုနီခေတ်၏ စစ်ကြို၊ စစ်ပြီးခေတ် ပြကွက်များဖြင့် တင်ဆက် ကြပြီး တေးသံရှင်များနှင့် အခြားဝါရင့် ဂီတပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေ ကြသည်။

အဆိုပါ ၂ဝ၁၇ ခုနှစ် အမျိုးသမီးဝတ်စား ဆင်ယင်ထုံးဖွဲ့မှု ပြပွဲကြီးသို့ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် နာယကများနှင့် အဖွဲချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် အားပေးကြည့်ရှု ကြသည်။

အဆိုပါပြပွဲကို ဇွန် ၂၈ ရက်မှ ၂၉ ရက်အထိ နှစ်ရက်ကြာကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, June 26, 2017

စိန်ဖူးတော်အသစ်နှင့် ငှက်မြတ်နားတော် တို့အားလှည့်လည် အပူဇော်ခံပွဲ ကျင်းပ



ညောင်ဦး ၂၆-၆-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသရှိ ကျန်စစ်သားမင်းကြီး ကောင်းမှုတော်အာနန္ဒာ ဘုရားကြီး၏ ထီးတော်တင်လှူပွဲတွင် လိုအပ်သည့် စိန်ဖူးတော်အသစ်နှင့် ပြန်လည်မွမ်းမံ ပြင်ဆင်ခဲ့သော ငှက်မြတ်နားတော် တို့အား အာနန္ဒာဘုရားကြီး အပူဇော်ခံ မဏ္ဍပ်မှ ပင့်ဆောင်၍ ပုဂံမြို့အတွင်းရှိ ပြည်သူများဖူးမြော် ကြည်ညိုနိုင် ရန်အတွက် လှည့်လည်အပူဇော်ခံပွဲကို ယနေ့နံနက် ၇ နာရီတွင် ကျင်းပသည်။

စိန်ဖူးတော်အသစ်နှင့် ပြန်လည်မွမ်းမံ ပြင်ဆင်ခဲ့သော ငှက်မြတ်နားတော်တို့အား ပုဂံမြို့သစ်အတွင်း လှည့်လည် အပူဇော်ခံခဲ့ရာ ပြည်သူများဖူးမြော် ကြည်ညိုကြပြီး အလှူငွေများလည်း ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

စိန်ဖူးတော် အသစ်၏ရွှေသား အလေးချိန်မှာ ၁ဝ၅ ကျပ်သား၊ လေးပဲ၊ နှစ်ရွေးရှိပြီး ငှက်မြတ်နားတော်၏ ရွှေသားအလေးချိန်မှာ ၁၃၇ ကျပ်သား၊ ၁ဝ ပဲ၊ လေးရွေးခွဲရှိကြောင်း၊ အဆိုပါ စိန်ဖူးတော်အသစ်နှင့် ပြန်လည်မွမ်းမံ ပြင်ဆင်ခဲ့သော ငှက်မြတ်နားတော် တို့ကိုသီတဂူဆရာတော် ဘုရားကြီး၏ စီစဉ်ဆောင်ရွက်မှု၊ အာနန္ဒာဘုရား ဂေါပကအဖွဲ့၏ ကြီးကြပ်မှုဖြင့် မန္တလေးမြို့ သီရိရွှေစင်ရွှေ ဆိုင်၌ပြင်ဆင် ဆောင်ရွက်ပြီးစီးခဲ့ရာ မေ ၃ဝ ရက် နံနက်ပိုင်း တွင် အလှူရှင်များကိုယ်တိုင် မန္တလေးမှပင့်ဆောင်၍ အာနန္ဒာဘုရား အပူဇော်ခံမဏ္ဍပ် အတွင်းအာနန္ဒာဘုရားကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီးများ ရှေ့မှောက်တွင် လွှဲပြောင်းပေးအပ် ပြီးဖြစ်ကြောင်းသိ ရသည်။

#Themyawadydaily

Thursday, August 29, 2013

ယဉ်ကျေးမှုနီတိ မူကြမ်း အတည်ပြုချက် ရလျှင် အနုပညာတက္ကသိုလ် ၌ သင်ကြားမည်

ရန်ကုန် ၊ ၂၉-၈-၂၀၁၃

အနုပညာ တက္ကသိုလ်တွင် ဘာသာရပ် တစ်ခုအနေဖြင့် ယဉ်ကျေးမှုနီတိ မူကြမ်းကို ရေးဆွဲပြီးစီး နေပြီဖြစ်ရာ သက်ဆိုင်ရာမှ အတည်ပြုချက် ရရှိပါက နောက်ပညာသင် နှစ်အတွင်း စတင် သင်ကြားမည် ဖြစ်ကြောင်း အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

ပထမဆုံး အနေဖြင့် အနုပညာ တက္ကသိုလ် တွင် ဆက်သင်ကြား မည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြေခံပညာ ကျောင်းများ တွင်ပါ အဆင့်အလိုက် သင်ကြား နိုင်အောင် စီစဉ်သွားမည် ဖြစ်ကြောင်း ၊ ယဉ်ကျေးမှုနီတိ သင်ကြား ရခြင်း၏ ရည်ရွယ်ချက် သည် ခေတ်စနစ် ပြောင်းလဲမှု နှင့်အတူ လူငယ်လူရွယ် များ မြန်မာ့ ယဉ်ကျေးမှုနှင့် ဓလေ့များကို မမေ့ပျောက်အောင် ထိန်းသိမ်းနိုင် စေရေး အတွက် ဖြစ်ကြောင်း သိရှိရသည်။

" မူကြမ်း ရေးဆွဲပြီးသွား ပါပြီ ၊ အတည်ပြုချက် ယူရုံတင် ကျန်ပါတော့တယ် ၊ အဓိက မြန်မာ့ ယဉ်ကျေးမှု ဓလေ့တွေကို လက်ဆင့်ကမ်း ပေးတဲ့ သဘောပါ ၊ ကိုယ့် ယဉ်ကျေးမှုကို မြတ်နိုး တတ်အောင် ရည်ရွယ်ချက် နဲ့ပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


ယခုနှစ်အတွင်း ပညာရေး အဆင့်မြင့် တင်မှု အနေဖြင့် ဘာသာရပ်များ တိုးချဲ့ခြင်း ၊ ပြောင်းလဲခြင်းများ အပါအဝင် နိုင်ငံတကာ ပညာရေး အဆင့်နှင့် ကိုက်ညီသော သင်ရိုး ညွှန်းတမ်းများ ဖြစ်လာရေး ဆောင်ရွက် သင့်ကြောင်း ၊ ယခင်က ရန်ကုန် တက္ကသိုလ်သည် နိုင်ငံတကာ အဆင့်တန်းမီ ပညာရပ်များ သင်ကြား နိုင်ခဲ့ပြီး နောက်ပိုင်းနှစ် များအတွင်း ပညာရေး အဆင့် ကျဆင်းမှုတွေ ရှိလာကြောင်း သိရှိရသည်။ အဆိုပါ အတည်ပြုချက် ရရှိပါက ရန်ကုန် နှင့် မန္တလေးရှိ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် များတွင် စတင် သင်ကြားမည် ဖြစ်ကြောင်း ၊ လက်ရှိတွင် သင်ကြားနိုင်ရန် အတွက် အတည်ပြချက် ရရန် စောင့်ဆိုင်း နေကြောင်း သိရှိရသည်။(စိုးမိုး)

Tuesday, December 18, 2012

ဘိုးဘွားလူနာ ပြုစုရန် သင်တန်း အမှတ်စဉ် (၁၀) ဖွင့်လှစ်မည်

ဘိုးဘွားလူနာ ပြုစုရန် သင်တန်း အမှတ်စဉ် (၁၀) ဖွင့်လှစ်မည် ဒီဇင်ဘာ(၁၈)ရက်နေ့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးရှိ ဘိုးဘွားလူနာ များအား ပြုစုရာတွင် အထောက် အကူ ပြုရန် အတွက် အမှတ်စဉ် (၁၀) အခြေခံ ပြုစုခြင်းနှင့် သက်ကြီး ရွယ်အို ပြုစု စောင့်ရှောက်မှု သင်တန်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း နှင့် လျှောက်လွှာပုံစံ များအား ရိပ်သာကြီး ဘိုးဘွားဆေးရုံ တွင် ရယူနိုင်ပြီး ၂၀၁၂ ဒီဇင်ဘာ ၂၆ ရက် နောက်ဆုံးထား၍ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက် နှင့်အတူ လျှောက်ထား နိုင်ကြောင်း သိရသည်။ အဆိုပါ သင်တန်းအတွက် အနည်းဆုံး ပညာအရည် အချင်းမှာ ၉ တန်းအောင် အသက် ၁၈ နှစ်မှ ၃၀ နှစ် အတွင်းရှိ ကျား၊ မ မရွေး လျှောက်ထား နိုင်ပြီး သင်တန်းသား ဦးရေ ၂၀ ကန့်သတ် ထားကြောင်း နှင့် အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁၅၄၆၁၉၆ ၊ လိုင်းခွဲ ၄၁၈ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

Thursday, December 13, 2012

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်) သက်ကြီး ဆရာဝန်ကြီးများ ပူဇော်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်) သက်ကြီး ဆရာဝန်ကြီးများ ပူဇော်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၃)ရက်နေ့ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ရန်ကုန်)၏ အကြိမ် (၃၀)မြောက် သက်ကြီး ဆရာဝန်ကြီးများ ပူဇော် ကန်တော့ပွဲ ကို ဒီဇင်ဘာ ၁၅ ရက် (စနေနေ့) မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာ တောင်ညွန့် မြို့နယ်၊ သိမ်ဖြူလမ်း အမှတ် ၂၄၉ ရှိ မြန်မာနိုင်ငံ ဆရာဝန် အသင်း ခန်းမတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ပူဇော် ကန်တော့ခံယူ ရန်အတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အသက် ၇၅ နှစ် ပြည့်ပြီး သော ဆရာဝန်ကြီး၊ ဆရာဝန်မကြီး များ အားလုံး ကြွရောက် ကြပါရန် ဖိတ်ကြား ထားကြောင်း သိရှိရသည်။

Miss Christmas 2012 ပြိုင်ပွဲကျင်းပမည်

Miss Christmas 2012 ပြိုင်ပွဲကျင်းပမည် ဒီဇင်ဘာ(၁၃)ရက်နေ့ ဆောင်းရာသီ Miss Christmas 2012 ပြိုင်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ၄င်းပြိုင်ပွဲသို့ Myanmar Model Management မှ ကြီးမှူး ကျင်းပမည် ဖြစ်ပြီး Alpine ကုမ္ပဏီ၏ ခုနစ်နှစ်မြောက် နှစ်ပတ်လည် အတွက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပထမဆုကို ငွေသား ကျပ် ၁၅ သိန်း၊ ဒုတိယဆု ငွေသား ၅ သိန်း၊ တတိယဆု ငွေသား ၃ သိန်း အပြင် အခြား Title ဆု များစွာလည်း ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ လျှောက်လွှာ ရရှိနိုင်သော နေရာများမှာ Ko Ko Beauty Saloon (Dagon Center) ၊ လပြည့်ဝန်း၊ Junction Maw Tin Revlon Counter ကမ္ဘာအေး (ဂမုန်းပွင့်)၊ ကိုမော် Beauty Saloon (စမ်းချောင်း) တို့တွင် ထုတ်ယူနိုင်ပြီး Utopia Tower ပထမထပ်၊ ဗိုလ်ချုပ် ပန်းခြံသို့ ၁၈-၂-၂၀၁၃ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက Hot Line ၀၉၅၀၃၄၉၂၂ ၊ ၀၉၄၃၀၈၅၈၅၅ ၊ ၀၉၇၃၁၁၈၀၈၀ နှင့် ၀၉၄၂၁၇၁၅၄၄၂ တို့ကို စုံစမ်း နိုင်ပြီး www. facebook.com 2 mmanagement'info @ 2 mmanagement.com နှင့် http://2management.com တို့တွင်လည်း ၀င်ရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

Wednesday, December 12, 2012

ဒဂုံပရဟိတ ရန်ပုံငွေ တေးဂီတပွဲ ကျင်းပမည်

ဒဂုံပရဟိတ ရန်ပုံငွေ တေးဂီတပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၂)ရက်နေ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် တစ်ရပ်အဖြစ် နှစ်စဉ် ကျင်းပလျက်ရှိ သော DAGON Charity Music Tour 2012-2013 ဒဂုံ ပရဟိတ ရန်ပုံငွေ တေးဂီတပွဲကို ၂၀၁၂ ဒီဇင်ဘာ ၇ ရက်၊ ၉ ရက်နှင့် ၁၃ ရက်တို့တွင် တောင်ငူ၊ ပဲခူးမြို့များတွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နှင့် ၁၃ ရက်တို့တွင် တောင်ငူ၊ ပဲခူးမြို့များတွင် လည်းကောင်း ပြုလုပ်မည် ဖြစ်ပြီး The Trees, Lazy Club တေးဂီတ ၀ိုင်းများနှင့် အတူ ရင်ဂို၊ ဘိုဖြူ၊ လှိုင်ဦးမော်၊ ဟဲလေး၊ ဂျီလတ်၊ သျှီ၊ L ဆိုင်းဇီ၊ မေသက်ထားဆွေ၊ ခင်ပြည့်စုံသွေး၊ မေမြတ်နိုးတို့ သီဆို ဖျော်ဖြေ မည်ဖြစ် ကြောင်း၊ ဟာသ သရုပ်ဆောင် ဒိန်းဒေါင် နှင့် ခင်လှိုင် တို့လည်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။ တေးဂီတ ဖျော်ဖြေပွဲမှ ရရှိလာမည့် အလှူငွေများကို လူမှုကူညီရေး အသင်းအဖွဲ့ များဖြစ်သည့် မဟာအောင်မြေ (မန္တလေး)၊ မေတ္တာရှင် (တောင်ကြီး)၊ ရန်အောင်မြေ (မိတ္ထီလာ)၊ ကလျာဏ မိတ္တ (ပဲခူး)နှင့် မေတ္တာနှင့် စေတနာ (တောင်) အသင်းများ အတွက် ရန်ပုံငွေအဖြစ် ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက်မှ ဦးစီးခြင်း ဖြစ်သည်ဟု သိရှိရသည်။

Monday, December 10, 2012

ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် ကျင်းပမည်

ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် ကျင်းပမည် ဒီဇင်ဘာ(၁၀)ရက်နေ့ (၆၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁၀ ရက်မှ ၁၉ ရက်အထိ လွိုင်ကော်မြို့၊ ကန္ဒာရ၀တီ အားကစားကွင်း အနီးတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ကယားပြည်နယ် နေ့ ပွဲတော်တွင် တိုင်းရင်းသား ရိုးရာ ၀တ်စား ဆင်ယင် ထုံးဖွဲ့မှု ပြပွဲနှင့် ပြိုင်ပွဲ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အက ဖျော်ဖြေပွဲနှင့် ပြိုင်ပွဲများ၊ အားကစား နည်းမျိုးစုံ ပြိုင်ပွဲများနှင့် နိုင်ငံကျော် အနုပညာရှင် များစွာ ပါဝင်သည့် ဂီတ ဖျော်ဖြေပွဲ၊ အငြိမ့်ပွဲ၊ ဇာတ်သတင် ပွဲများ အပြင် ယခင်နှစ် ထက် ပိုမို ထူးကဲစွာ နောင်ယားကန် အတွင်း လှေလှော် ပြိုင်ပွဲ၊ ငါးမျှား ပြိုင်ပွဲ၊ စက်ဘီး ပြိုင်ပွဲ၊ မာရသွန် ပြိုင်ပွဲ နှင့် မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲ များပါ ထည့်သွင်းပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Tuesday, December 4, 2012

အနုပညာစွမ်းရည်ပြ ပဒေသာကပွဲဖျော်ဖြေတင်ဆက်ခြင်း

အနုပညာစွမ်းရည်ပြ ပဒေသာကပွဲဖျော်ဖြေတင်ဆက်ခြင်း ဒီဇင်ဘာ(၄)ရက်
ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ၏ အနုပညာ စွမ်းရည် ပြ ပဒေသာကပွဲ ကို ၂-၁၂-၂၀၁၂ ရက်နေ့ ည ၇ နာရီ အချိန်တွင် မြို့မ ကျောင်းလမ်း ရှိ အမျိုးသား ကဇာတ်ရုံ၌ ကပြဖျော်ဖြေခဲ့သည်။ ကပြဖျော်ဖြေပွဲသို့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်ကြူ နှင့် ဇနီး တို့ တက်ရောက် ကြည့်ရှု အားပေး ခဲ့သည်။ အဆိုပါ ပဒေသာ ကပွဲတွင် ဂီတ ပညာဌာန မှ တွဲဖက် ပါမောက္ခ အကယ်ဒမီ မီရာမိုရ်မှ ဆန်းသစ် တီထွင် ထားသော မဟာဂီတ၊ ဂန္တ၀င် တေးများ အပါအ၀င် တေးသံသာ များဖြင့် လည်းကောင်း၊ သဘင် ပညာ ဌာနမှ ကျောင်းသူ၊ ကျောင်းသားများ က ကြည်ညို ပူဇော် ဆီမီးတော် အက အပါအ၀င် ယိမ်းအက များနှင့် ခေါင်းဆောင် မင်းသမီး ခိုင်သဇင်းသင်း နှင့် တက္ကသိုလ် ခိုင်မာလွင် တို့၏ ကုမုဒြာ အငြိမ့် တို့ဖြင့် လည်း ကောင်း၊ ရုပ်ရှင်နှင့် ပြဇာတ် ပညာ ဌာန ကျောင်းသူ၊ ကျောင်းသား များက (၁၉) ကြိမ်မြောက် မြန်မာ တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ငွေတံဆိပ် ဆု ရရှိခဲ့သော ``မွေခံ ထိုက်စေ ရိုးရာ အမွေ´´ ပြဇာတ် တို့ဖြင့် လည်းကောင်း တင်ဆက် ကပြ ဖျော်ဖြေခဲ့ ကြသည်။ ပဒေသာ ကပွဲ မစမီ ပန်းချီ ပညာဌာန နှင့် ပန်းပု ပညာဌာန တို့မှ ကျောင်းသူ၊ ကျောင်းသား များ၏ ပန်းချီ၊ ပန်းပု လက်ရာမွန် များကို ခင်းကျင်း ပြသခဲ့ ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger