www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 26, 2017

စိန်ဖူးတော်အသစ်နှင့် ငှက်မြတ်နားတော် တို့အားလှည့်လည် အပူဇော်ခံပွဲ ကျင်းပ



ညောင်ဦး ၂၆-၆-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသရှိ ကျန်စစ်သားမင်းကြီး ကောင်းမှုတော်အာနန္ဒာ ဘုရားကြီး၏ ထီးတော်တင်လှူပွဲတွင် လိုအပ်သည့် စိန်ဖူးတော်အသစ်နှင့် ပြန်လည်မွမ်းမံ ပြင်ဆင်ခဲ့သော ငှက်မြတ်နားတော် တို့အား အာနန္ဒာဘုရားကြီး အပူဇော်ခံ မဏ္ဍပ်မှ ပင့်ဆောင်၍ ပုဂံမြို့အတွင်းရှိ ပြည်သူများဖူးမြော် ကြည်ညိုနိုင် ရန်အတွက် လှည့်လည်အပူဇော်ခံပွဲကို ယနေ့နံနက် ၇ နာရီတွင် ကျင်းပသည်။

စိန်ဖူးတော်အသစ်နှင့် ပြန်လည်မွမ်းမံ ပြင်ဆင်ခဲ့သော ငှက်မြတ်နားတော်တို့အား ပုဂံမြို့သစ်အတွင်း လှည့်လည် အပူဇော်ခံခဲ့ရာ ပြည်သူများဖူးမြော် ကြည်ညိုကြပြီး အလှူငွေများလည်း ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

စိန်ဖူးတော် အသစ်၏ရွှေသား အလေးချိန်မှာ ၁ဝ၅ ကျပ်သား၊ လေးပဲ၊ နှစ်ရွေးရှိပြီး ငှက်မြတ်နားတော်၏ ရွှေသားအလေးချိန်မှာ ၁၃၇ ကျပ်သား၊ ၁ဝ ပဲ၊ လေးရွေးခွဲရှိကြောင်း၊ အဆိုပါ စိန်ဖူးတော်အသစ်နှင့် ပြန်လည်မွမ်းမံ ပြင်ဆင်ခဲ့သော ငှက်မြတ်နားတော် တို့ကိုသီတဂူဆရာတော် ဘုရားကြီး၏ စီစဉ်ဆောင်ရွက်မှု၊ အာနန္ဒာဘုရား ဂေါပကအဖွဲ့၏ ကြီးကြပ်မှုဖြင့် မန္တလေးမြို့ သီရိရွှေစင်ရွှေ ဆိုင်၌ပြင်ဆင် ဆောင်ရွက်ပြီးစီးခဲ့ရာ မေ ၃ဝ ရက် နံနက်ပိုင်း တွင် အလှူရှင်များကိုယ်တိုင် မန္တလေးမှပင့်ဆောင်၍ အာနန္ဒာဘုရား အပူဇော်ခံမဏ္ဍပ် အတွင်းအာနန္ဒာဘုရားကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီးများ ရှေ့မှောက်တွင် လွှဲပြောင်းပေးအပ် ပြီးဖြစ်ကြောင်းသိ ရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger