www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2012

ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် ကျင်းပမည်

ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် ကျင်းပမည် ဒီဇင်ဘာ(၁၀)ရက်နေ့ (၆၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁၀ ရက်မှ ၁၉ ရက်အထိ လွိုင်ကော်မြို့၊ ကန္ဒာရ၀တီ အားကစားကွင်း အနီးတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ကယားပြည်နယ် နေ့ ပွဲတော်တွင် တိုင်းရင်းသား ရိုးရာ ၀တ်စား ဆင်ယင် ထုံးဖွဲ့မှု ပြပွဲနှင့် ပြိုင်ပွဲ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အက ဖျော်ဖြေပွဲနှင့် ပြိုင်ပွဲများ၊ အားကစား နည်းမျိုးစုံ ပြိုင်ပွဲများနှင့် နိုင်ငံကျော် အနုပညာရှင် များစွာ ပါဝင်သည့် ဂီတ ဖျော်ဖြေပွဲ၊ အငြိမ့်ပွဲ၊ ဇာတ်သတင် ပွဲများ အပြင် ယခင်နှစ် ထက် ပိုမို ထူးကဲစွာ နောင်ယားကန် အတွင်း လှေလှော် ပြိုင်ပွဲ၊ ငါးမျှား ပြိုင်ပွဲ၊ စက်ဘီး ပြိုင်ပွဲ၊ မာရသွန် ပြိုင်ပွဲ နှင့် မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲ များပါ ထည့်သွင်းပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger