www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 29, 2017

မြန်မာ အမျိုးသမီးများ၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြပွဲ ကျင်းပ



ရန်ကုန် ၂၉-၆၂၀၁၇

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က စီစဉ်တင်ဆက်သော ၂ဝ၁၇ ခုနှစ် (၁၄) ကြိမ်မြောက် မြန်မာအမျိုးသမီးများ၏ သမိုင်းအစဉ်အဆက် ယဉ်ကျေးမှုမပျက် မြတ်နိုးဆင်ယင် ခေတ်အသွင် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပသည်။

''ဒီနှစ်အတွက်ကတော့ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုကို အဓိကပြသတဲ့ပွဲကြီးပါ။ ပျူခေတ်ကနေ ရတနာပုံခေတ်နဲ့ ကိုလိုနီခေတ် တို့က နှစ်ပိုင်းခွဲပြီး စစ်ပြီးနဲ့ စစ်ကြိုခေတ်တို့ကို ပြသထားတယ်။ ဆင်ယင် ထုံးဖွဲ့မှုရဲ့ နောက်မှာ လက်ဝတ်တန်ဆာလဲ ပါပါတယ်။ ခေတ်အကြိုက် သွင်ပြင်ရတနာ အဆင်ကဏ္ဍကိုလည်း ထည့်သွင်းထားပါတယ်။ ဒုတိယပိုင်းမှာ အပြုသဘော ဆောင်တဲ့ ယှဉ်ပြိုင်တေး စကား Lady Star ဆိုတဲ့ အစီအစဉ်လည်း ထည့်သွင်း ထားပါတယ်။ အဓိကကတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ရေရှည်တည်တံစေဖို့ ခေတ်လူငယ် လေးတွေ အတုယူဖွယ်ဖြစ်အောင် ပြသတဲ့ပွဲပါ''ဟု မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှုး ဒေါ် မြတ်မြတ်ဦးက ပြောသည်။

ထိုနေ့ပြပွဲတွင် တေးသံရှင်များက'' မြန်မာ အမျိုးသမီးငယ်လေးများ၏ ပျူခေတ်မှ ရတနာပုံခေတ်အထိ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြကွက်များ၊ ကိုလိုနီခေတ်၏ စစ်ကြို၊ စစ်ပြီးခေတ် ပြကွက်များဖြင့် တင်ဆက် ကြပြီး တေးသံရှင်များနှင့် အခြားဝါရင့် ဂီတပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေ ကြသည်။

အဆိုပါ ၂ဝ၁၇ ခုနှစ် အမျိုးသမီးဝတ်စား ဆင်ယင်ထုံးဖွဲ့မှု ပြပွဲကြီးသို့ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် နာယကများနှင့် အဖွဲချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် အားပေးကြည့်ရှု ကြသည်။

အဆိုပါပြပွဲကို ဇွန် ၂၈ ရက်မှ ၂၉ ရက်အထိ နှစ်ရက်ကြာကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger