www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 7, 2018

မိတ္ထီလာ မြို့နယ်အတွင်း ဥာဏ်တော် အမြင့်ဆုံး ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီး မကြာမီတည်ထားပြီး စီးမည်



မိတ္ထီလာ ၇-၅-၂ဝ၁၈

မိတ္ထီလာမြို့နယ် အတွင်းအုတ်၊ အင်္ဂတေတို့ဖြင့် တည်ထားသည့် ဥာဏ်တော် အမြင့်ဆုံး ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးကို ဝန်ဇင်းရပ်ကွက်နယ်မြေ မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်း ဝင်းအတွင်း တည်ထားလျက်ရှိပြီး မကြာမီ တည်ထားပြီးစီး တော့မည်ဖြစ်ကြောင်း သိရသည်။

"မဟာသန္တိသုခလာ ဘမုနိရုပ်ပွားတော် မြတ်ကြီးဆိုပြီး ဘွဲ့အမည် ပေးထားတဲ့ မိတ္ထီလာမြို့နယ် အတွင်းဥာဏ်တော် အမြင့်ဆုံး ဗုဒ္ဓရုပ်ပွား ဆင်းတော်ကြီး (ဥာဏ်တော် ၅၁ ပေ) ကို ၂ဝ၁၇ခုနှစ် သြဂုတ်လ အတွင်းက အများ ကောင်းမှုနဲ့ စတင် တည်ထားခဲ့တာ လက်ရှိအနေအထားထိ ငွေကျပ်သိန်းရှစ်ရာကျော် ကုန်ကျခဲ့ပြီး ဖြစ်ပါတယ်။ အကြမ်းထည်တည် ထားမှုပိုင်းက ၁ဝဝ ရာခိုင်နှုန်းပြီးစီး ပြီဖြစ်ပေမယ့် အောက်ခံဆေးနဲ့ ရွှေသင်္ကန်းကပ်လှူဖို့ အပိုင်းက ကျန်နေသေးတယ်။ ဒါပေမဲ့ အလှူခံရရှိတဲ့ အပေါ်မူတည်ပြီးတော့ မကြာမီတည်ထားမှု ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အုတ်၊အင်္ဂတေနဲ့ တည်ထားပြီး ဥာဏ်တော်အမြင့် ၅၁ပေရှိတာကြောင့် တည်ထား ပြီးစီးသွားရင် မြို့နယ် အတွင်းအုတ်၊အင်္ဂတေနဲ့ တည်ထားတဲ့ ဥာဏ်တော် အမြင့်ဆုံး ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီး ဖြစ်လာမှာပါ"ဟု အဆိုပါ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မောင်က ပြောပြသည်။

လက်ရှိတွင် မိတ္ထီလာမြို့နယ် အတွင်းဥာဏ်တော် အမြင့်ဆုံးဗုဒ္ဓရုပ်ပွား ဆင်းတုတော်မှာ ဇောင်ချမ်းကုန်း ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ အလိုတော်ပြည့် ကျောင်းတိုက်အတွင်း တည်ထားသည့် ဥာဏ်တော်အမြင့် ၄၅ ပေရှိ အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ဖြစ်ပြီး လက်ရှိ အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ အားလုံးထဲတွင် အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မှာ ဥာဏ်တော် အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger