www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 11, 2018

ရတနာဆင်များရှင် စေတီတော်ကြီး အကြီးစားဘက်စုံ ပြုပြင်မွမ်းမံရန် အလှူငွေကျပ်သိန်း ၅ဝဝဝ စုဆောင်းထားဟု သီတဂူဆရာတော်ကြီး မြွက်ကြား



စစ်ကိုင်း ၁၁-၁-၂ဝ၁၈

စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ရတနာဆင်များ ရှင်စေတီတော်ကြီးအား အကြီးစားဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် ဓမ္မသဘင်အလှူ ငွေများထဲမှ စုဆောင်းထားရာ ငွေကျပ်သိန်း ၅ဝဝဝရရှိထားပြီးဖြစ်ကြောင်း သီတဂူဆရာတော် ဒေါက်တာအရှင် ဥာဏိဿရက မြွက်ကြားသည်။

ရတနာဆင်များရှင် စေတီတော်ကြီးသည် ခေတ်အဆက်ဆက် ငလျင်ဒဏ် အကြိမ်ကြိမ်ခံခဲ့ရကာ မြေခခဲ့ရသည့်အကြိမ် လေးကြိမ်မျှရှိခဲ့ပြီ ဖြစ်ကြောင်း၊ ၂ဝ၁၂ခုနှစ် နိုဝင်ဘာလက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ရင်ပြင်တော်နှင့် စေတီလုံးပတ် အချို့နေရာများတွင် အက်ကြောင်းများ ထင်ဟပ်ခဲ့ပြီး ထီးတော်မှ အရံစိန်ဖူးတော်နှင့် အချို့ရတနာပစ္စည်းများ မြေခခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

"ဆင်များရှင် စေတီတော်ကြီးကို ပြင်ဖို့ဘုန်းကြီးတို့ ဆုံးဖြတ်ချက်ချထားပြီးပါပြီ။ ဘုန်းကြီး တရားဟောရတဲ့ ပိုက်ဆံလေး စုထားပါတယ်။ သိန်း ၅ဝဝဝရပါပြီ။ နောက်ထပ် သိန်း ၅ဝဝဝရရင် လုံလောက်ပြီ။ သိန်းပေါင်း ၁ဝဝဝဝလောက် ဘုန်းကြီးတို့ သုံးမယ်" ဟု သီတဂူဆရာတော်ကြီး ဒေါက်တာ ဥာဏိသရက မြွက်ကြားသည်။

အဆိုပါ စေတီတော်ကြီးအား အကြီးစားဘက်စုံပြုပြင် မွမ်းမံရန်အတွက် ဂေါပကအဖွဲ့များက သီတဂူ ဆရာတော်ကြီးထံမှ သြဝါဒခံယူခဲ့ပြီး စေတီတော်ပြန် လည်ပြုပြင်ရန် သမိုင်းဆိုင်ရာအချက်အလက် များနှင့်တိုက်ဆိုင်၍ မူလပုံစံအတိုင်းငလျင် ဒဏ်ခံနိုင်စေရန် ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွှေထီးတော် အသစ်နှင့်ရွှေသင်္ကန်း ပြန်လည်ကပ်လှူ ပူဇော်မည်ဖြစ်သဖြင့် စေတနာရှင်၊ ကုသိုလ်ရှင်များ အနေဖြင့် ပါဝင်လှူဒါန်းလိုပါက ဂေါပကအဖွဲ့ စေတီတော်ဂေါပကရုံး ဖုန်း-ဝ၇၂-၂၁၂၇၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger