www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 30, 2018

ကသာမြို့နယ်တွင် ဆိုင်ကယ်စီးနင်း လာသူနှစ်ဦးကို ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



ကသာ ၃ဝ-၅-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်တွင် ဆိုင်ကယ်စီးနင်း လာသူနှစ်ဦးကို မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကသာမြို့ အမှတ်(၆) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး မြင့်နိုင်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မေ၂၈ ရက် ညနေ ၄ နာရီ မိနစ် ၃ဝ က မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ကသာမြို့ ပင်းမလွတ်ကျေးရွာ မီးရထား သံလမ်းကူးနေရာတွင် ကြိုတင်စောင့်ဆိုင်း နေသည်။

ထိုသို့ စောင့်ဆိုင်းနေစဉ် ကသာမြို့မှ အင်းတော်သို့ ကျော်သူ (ခ) ညီငယ် မောင်းနှင်ပြီး နောက်တွင် အောင်ကျော်မိုး (ခ) အောင်မိုး စီးနင်းလိုက်ပါလာသည့် KENBO-125 ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ၎င်းတို့နှစ်ဦးထံမှ ဘိန်းဖြူအမှုန့် အလေးချိန် ၂ဝ ဒသမ ၁ ဂရမ်ခန့်နှင့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ခြောက်ပြားကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ကျော်သူ (ခ) ညီငယ်နှင့် အောင်ကျော်မိုး (ခ) အောင်မိုးတို့ နှစ်ဦးကို ကသာမြို့မရဲတပ်ဖွဲ့စခန်းက မယ(ပ)၃ဝ/၂ဝ၁၈၊မူး/ စိတ်ပုဒ်မ-၁၉ (က)/၂၁ဖြင့်အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger