www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 31, 2018

ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား



မင်းပြား ၃၁-၅-၂ဝ၁၈

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်းတွင် မေ ၂၉ရက် နံနက် ၉ နာရီ မိနစ် ၃ဝခန့်က ကုန်တင်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မင်းပြားမြို့မ ရဲစခန်းမှ သိရသည်။

ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ကုန်စည်ပို့ဆောင်ရန် ထွက်ခွာလာသော ဦးအေးသောင်း မောင်းနှင်လာသည့် 6E/---- ကုန်တင်ယာဉ်သည် ရန်ကုန်-စစ်တွေ ကားလမ်းမိုင်တိုင် အမှတ် (၉ဝ/၇) ဖာလုံအနီး အရောက်တွင် ကားဘက်ထရီ အိုးမှတစ်ဆင့်ဝိုင်ယာ ရှော့ခ်ဖြစ်ရာမှ မီးကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်တင်ယာဉ် မီးလောင်မှုသည် မင်းပြားမြို့နယ် အဝကျေးရွာအုပ်စုရှိ ဖားပျော်ကျေးရွာ အနီးတွင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီးကားပေါ်ပါလာသည့် ဆက်သွယ်ရေး တာဝါတိုင် သုံးစက်သုံးခု၊ ဘက်ထရီအိုးအလုံး ၂ဝဝခန့်နှင့်ဆက်သွယ်ရေးကြိုးထုပ်များ ပျက်စီးဆုံးရှုံးခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း အေးသောင်းကို မင်းပြားမြို့မရဲစခန်းက (ပ)၁၁၅/၂ဝ၁၈၊ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger