www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 30, 2018

ချောင်းသာကမ်းခြေ၌ အပန်းဖြေလိုသူ များအတွက် မိုးရာသီ ပရိုမိုးရှင်းပြုလုပ်



ပုသိမ် ၃ဝ-၅-၂ဝ၁၈

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာ ကမ်းခြေ၌ မိုးရာသီကာလတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါး လာသည့်အတွက် ချောင်းသာ ဟိုတယ်ဇုန်ရှိ ဟိုတယ်များ၌ မိုးရာသီ ပရိုမိုးရှင်းပြုလုပ် ထားကြောင်း ချောင်းသာဟိုတယ် ဇုန်အတွင်း ရေးမှူး ဦးနိုင်ဝင်းထံမှ သိရသည်။

''မိုးရာသီမှာ ဟိုတယ်တိုင်း မိုးရာသီ ပရိုမိုးရှင်း လုပ်ကြတယ်။ ဆောင်းရာသီနဲ့ နွေရာသီမှာ ငွေကျပ် ရှစ်သောင်းတန်ဖိုးရှိတဲ့ အခန်းတစ်ခန်းကို မိုးရာသီမှာ ငွေကျပ်လေးသောင်း လောက်နဲ့ တည်းခိုခွင့် ပေးနေပါတယ်'' ဟု ဦးနိုင်ဝင်း က ပြောသည်။

ထိုသို့ပြုလုပ် ရခြင်းသည် မိုးရာသီတွင် ဧည့်သည်လာရောက်မှု နည်းသည့်အတွက် ဧည့်သည်များ ပိုမိုဝင်ရောက်ရန်နှင့် ချောင်းသာကမ်းခြေ၌ အေးချမ်းစွာ လာရောက် အပန်းဖြေနိုင်ရန် ရည်ရွယ်လုပ်ဆောင် ရခြင်းဖြစ်သည်။

ထို့ပြင် ချောင်းသာကမ်းခြေ၌ မိုးရာသီတွင် အသားငါးများပေါများပြီး ဟိုတယ်တိုင်းဖွင့်ကာ မိုးရာသီပရိုမိုးရှင်းအဖြစ် ဟိုတယ်ခများကိုလည်း ထက်ဝက်ခန့် လျှော့ချပေးထားကြောင်း၊ ယင်းအပြင် လာရောက် လည်ပတ်သည့်ခရီးသွား ဧည့်သည်များ အန္တရာယ်ကင်းစေရန် ကမ်းခြေစောင့်ရှောက် သည့်လုံခြုံရေး အဖွဲ့များထားရှိကြောင်း သိရသည်။

ချောင်းသာကမ်းခြေသို့ လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည် များတွင် ပြည်တွင်းခရီးသွားများ အများဆုံးဖြစ်ပြီး နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်လည်ပတ်မှု နည်းပါးကြောင်း၊ မိုးရာသီတွင် ချောင်းသာ ကမ်းခြေသို့ လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်သည် ပွင့်လင်းရာသီနှင့် နှိုင်းယှဉ်ပါက ၆ဝ ရာခိုင်နှုန်း ခန့်လျော့နည်းပြီး ၄ဝ ရာခိုင်နှုန်းခန့်သာ လာရောက်လည်ပတ် ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger