www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 30, 2018

မြန်မာ့ ဆန်အရည်အသွေး မြင့်တက်လာစေရန် စံချိန်၊ စံညွှန်းသတ်မှတ်ချက်များ လုပ်ဆောင်၍ နိုင်ငံတော်ထံတင်ပြမည်



ရန်ကုန် ၃ဝ-၅-၂ဝ၁၈

မြန်မာ့ဆန် အရည်အသွေး မြင့်တက် လာစေရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းနှင့် International Finance Corporation (IFC)-World Bank Group တို့ ပူးပေါင်း၍ ဆန်အရည်သွေး စံချိန်၊စံညွှန်း သတ်မှတ်ချက်များ လုပ်ဆောင်၍ နိုင်ငံတော်ထံ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက် မှုအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် IFC တို့ကြား MoU လက်မှတ်ရေးထိုးမှု ကိုလည်းယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ပူးပေါင်းဆောင်ရွက်မှု အတွက်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး လုပ်ဆောင် သွားပါမယ်။ မြန်မာနိုင်ငံ အနေနဲ့လဲ ဆန်စပါးတင်ပို့မှု မြင့်တက်လာဖို့ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးမှာ ဆန်စပါး အရည်အသွေး မြင့်မားဖို့ လိုအပ်ပါတယ်"ဟု IFCမှ မြန်မာနိုင်ငံဆိုင်ရာ Country Manager jzpfol Mr. Vikram Kumar က ပြောပြသည်။

မြန်မာနိုင်ငံ အနေဖြင့် အရည်အသွေးမြင့် တန်းမြင့်ဆန်များကို တင်ပို့နိုင်ရန် လိုအပ်ပြီး နိုင်ငံတကာ စံချိန်၊စံညွှန်းများနှင့် လည်းစနစ်တကျ ဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

"နိုင်ငံတကာ ဈေးကွက်နဲ့ အညီဆန်ရဲ့ စံချိန်၊ စံညွှန်းကို သတ်မှတ်ဖို့၊ ပြောင်းလဲဖို့ လိုပါတယ်။ အရည်အသွေးကောင်း စံချိန်မီ ဆန်တွေကို ထုတ်လုပ်နိုင်ဖို့ လိုပါတယ်" ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောပြသည်။

မြန်မာနိုင်ငံမှ သတ်မှတ်ထားသည့် ဆန်၏ အဆင့်အတန်းများနှင့် ဆန်လုံးအဆင့် သတ်မှတ်ချက်များကို ပိုမိုကောင်းမွန် လာစေရန် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ထွက်ကုန်၏ ၄ဝ ရာခိုင်နှုန်းသည် ဆန်စပါးဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထွက်ကုန်၏ ၁၃ရာခိုင် နှုန်းမှာလည်း ဆန်စပါးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger