www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 29, 2016

တိုင်းပြည်ကိုကာကွယ် ၊ ပြည်သူလူထုကို စောင့်ရှောက် ၊ နိုင်ငံဖွံ့ဖြိုတိုးတက်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပျဉ်ပုံကြီးတပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပျဉ်ပုံကြီးတပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ပျဉ်ပုံကြီးတပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအတွက် ဘုရားဆင်းတုတော်များ ပေးအပ်စဉ်


နေပြည်တော် ၊ ၂၉-၄-၂၀၁၆

တပ်မတော်၏ အဓိကတာဝန်မှာ တိုင်းပြည်ကို ကာကွယ်ရန်၊ ပြည်သူလူထုကို စောင့်ရှောက်ရန် နှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ယင်း တာဝန်များကို ထမ်းဆောင်နိုင်ရန် အတွက် တပ်များ စွမ်းဆောင်ရည် ပြည့်ဝစေရန် တပ်တည် ဆောက်ရေး နည်းလမ်းလေးခု ဖြင့် လုပ်ဆောင် နေကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ခေါင်းဆောင်များ၏ မှန်ကန်သော ဦးဆောင်မှု၊ ညီညွတ် မျှတသော အုပ်ချုပ်မှု အောက်တွင် လက်အောက် မှလည်း တရား နည်းလမ်းကျစွာ တိုက်တွန်း မှာကြားချက် များကို အလေးထား လိုက်နာရမည် ဖြစ်ကြောင်း၊ လက်ရှိတာဝန် ထမ်းဆောင် နေသည့် ကာလတွင် မိမိတို့အားလုံး ထိုက်ထိုက်တန်တန် ကြိုးစား လုပ်ဆောင်ရန် တိုက်တွန်း လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပျဉ်ပုံကြီး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင် များသည် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်ပုံကြီး တပ်နယ်ရှိ အင်အား ဖြည့်တင်းရေးနှင့် ပြန်လည် နေရာချထားရေး တပ်သို့ ရောက်ရှိကြရာ တပ်မှူး ရုံးခန်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တပ်မှူးက တပ်မတော် တစ်ရပ်လုံးရှိ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေရန်နှင့် ဆေးနိမ့် စစ်သည်များ၏ သက်သာ ချောင်ချိရေးကို အထောက်အကူ ဖြစ်စေရန် ရည်မှန်း၍ မျိုးကောင်း မျိုးသန့်သီးနှံ မျိုးစေ့များ၊ အသားတိုးဝက်၊ ဥစားကြက်နှင့် နို့စားနွား မျိုးကောင်း  မျိုးသန့် ထုတ်လုပ် ဖြန့်ဖြူးမှု အခြေအနေ များကို ရှင်းလင်း တင်ပြသည်။

တင်ပြချက်များ အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆေးနိမ့်စစ်သည် များကို ထိုက်တန်သော နေရာချထားမှု နှင့်အတူ ၄င်းတို့၏ လုပ်အားများဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားရန်၊ အသားတိုးဝက်၊ ဥစားကြက်နှင့် နို့စားနွား များကို စစ်သည် မိသားစု များသာမက ရန်ကုန်မြို့နှင့် ပဲခူးမြို့ တို့ကိုပါ ဖြန့်ဖြူးရောင်းချ နိုင်သည်အထိ တိုးချဲ့ ဆောင်ရွက်ရန်၊ လုပ်ငန်း ကျွမ်းကျင်မှု ရှိစေရေး စိုက်ပျိုးမွေးမြူရေး သင်တန်းများ ပေးရန်၊ ထုတ်လုပ် သည့် သီးနှံမျိုးစေ့ များ၏ အထွက်နှုန်း ကိုပြန်လည် စိစစ်၍ မျိုးကောင်းမျိုးသန့် ဖြစ်စေရေး ထိန်းသိမ်း ကြပ်မတ်ရန်၊ စိုက်ပျိုးရေး အတွက် လိုအပ်ပါက Green House များ စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် တပ်နယ်ခန်းမ တွင် ပျဉ်ပုံကြီး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တို့ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိမိတို့ အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်ရေး အတွက် တပ်များ စွမ်းဆောင်ရည် မြင့်မားစေရန် တပ် တည်ဆောက်ရေး လုပ်ငန်း လေးရပ်ကို အလေးထား လုပ်ဆောင် ခဲ့ကြောင်း၊ လေ့ကျင့်ရေးနှင့် ပတ်သက်၍ တပ်မတော် သင်တန်းကျောင်း များအား အဆင့် မြှင့်တင်ခြင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း၊ အရည်အချင်း ပြည့်ဝသည့် နည်းပြများ ဖြည့်တင်းခြင်း၊ ပြည်တွင်းပြည်ပ အဆင့်မြင့် သင်ထောက်ကူ ပစ္စည်းများ အသုံးပြုခြင်း၊ သင်ရိုးညွှန်းတမ်း များ၊ သင်တန်းကာလများ ပြင်ဆင် ရေးဆွဲခြင်း စသည်ဖြင့် လေ့ကျင့်ရေး နယ်ပယ်မြှင့်တင် ခြင်းများကို လုပ်ဆောင်ပေး ခဲ့ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် စားသောက်၊ နေထိုင်ရေး၊ သွားလာရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအဝဝတွင် ပိုမိုတိုးတက် ကောင်းမွန် အောင်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ပညာရေးနှင့် ပတ်သက်၍ အကြောင်း အမျိုးမျိုးကြောင့် ပညာရေး အားနည်းသည့် စစ်သည်များအား ပညာရည် မြှင့်တင်ရေး အလေးပေး လုပ်ဆောင် နေကြောင်း၊ Standard Army တည်ဆောက် ရာတွင်လည်း အတန်းပညာ သည် အခြေခံ ဖြစ်ခြင်းကြောင့် တပ်မတော် တစ်ရပ်လုံး ပညာရည် မြှင့်တင်ရေး လုပ်ဆောင်နေ သကဲ့သို့ မိသားစုဝင်များ၏ ပညာရည် မြှင့်တင်မှု လုပ်ငန်းများကိုပါ ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ပညာရည် ထူးချွန်သူများ ကိုလည်း ထိုက်တန်စွာ ဆုချီးမြှင့်ခြင်း၊ ပညာသင်စရိတ် ချီးမြှင့်ခြင်းများ လုပ်ဆောင်ပေး နေကြောင်း၊ ၄င်းအပြင် စာဖတ်အား ကောင်းမွန်ရေး၊ စာဖတ်ရှိန် မြှင့်တင်ရေး အတွက် စာကြည့်တိုက်များ စနစ်တကျရှိရေး ကြပ်မတ် ဆောင်ရွက်ပေး နေကြောင်း၊ စစ်သည် မိသားစုများ၊ မိဘများကလည်း သားသမီးများ ပညာရေး တိုးတက်မြင့်မား စေရန် တိုက်တွန်း အားပေး၍ ပညာရေးကို အလေးထား ကြိုးစားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော် သားများ တာဝန် ထမ်းဆောင်ရာတွင် နောက်ဆံမငင် ရစေရန် အတွက် စစ်မှုထမ်းဟောင်း များနှင့် ပတ်သက်၍ ၍ ကျဆုံးသွားသည့် တပ်မတော်သား များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဆောင် စဉ်မသန်စွမ်း ဖြစ်သွားသူများ၊ သက်ပြည့် တာဝန် ထမ်းဆောင်သူ အငြိမ်းစား တပ်မတော်သားများ၊ အကြောင်း အမျိုးမျိုးကြောင့် နုတ်ထွက်ခွင့်ပြု လိုက်သည့် စစ်မှုထမ်းဟောင်းများ စသည်ဖြင့် သတ်မှတ်ထားသည့် အမျိုးအစား အလိုက် စစ်မှုထမ်းဟောင်း အိမ်ရာ၊ တန်ဖိုးနည်း အိမ်ရာ၊ ဘိုးဘွားရိပ်သာများ ဆောက်လုပ်ပေး နေမှု အခြေအနေများ၊ စစ်မှု ထမ်းဆောင်စဉ် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရပြီး မသန်စွမ်း ဖြစ်သွားသူ တပ်မတော်သား များအတွက် အင်အား ဖြည့်တင်းရေး နှင့် ပြန်လည် နေရာချထားရေး တပ်များတွင် နေထိုင်ရေး အပြင် အလုပ်အကိုင် အတွက် ထည့်သွင်း စဉ်းစား လုပ်ဆောင်ပေး နေမှု အခြေအနေ များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပျဉ်ပုံကြီး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် ဘုရား ဆင်းတုတော် များနှင့် သုတ၊ ရသစာအုပ်၊ စာစောင်များကို ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ က တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေ များကို ပေးအပ်သည်။

ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က  စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး က အားကစား ပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် အရာရှိ၊ စစ်သည်၊ မိသားစုဝင် များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။

တွေ့ဆုံပွဲ အပြီးတွင် အင်အား ဖြည့်တင်းရေးနှင့် ပြန်လည် နေရာချထားရေး တပ်ရှိ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ရန် လျာထားသည့် မြေနေရာများနှင့် အဆောက်အအုံများ ဆောက်လုပ်နေမှုကို သွားရောက် ကြည့်ရှုကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆင့်မြှင့် နည်းစနစ်များ အသုံးပြု၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျ အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းတိုင် တပ်နယ်ရှိ ရန်ငြိမ်းအေး ခန်းမတွင် နယ်မြေခံ တပ်မဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့ များမှ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မဌာနချုပ်၏ ကာလရှည်ကြာ စစ်ဆင်ရေး တာဝန် ထမ်းဆောင်မှုအား ဂုဏ်ယူ အသိအမှတ်ပြု ပါကြောင်း၊ စစ်၏ သဘောတရားတွင် ဉာဏ်ကိုသုံးပြီး စစ်နည်းဗျူဟာမြောက် တိုက်ပွဲဝင်နိုင်ပါက အောင်မြင်မည် ဖြစ်ကြောင်း၊ အောင်မြင်မှုများ ရရှိ သကဲ့သို့ ဆုံးရှုံးမှုများလည်း ရှိနိုင်သဖြင့် ပေါ့ဆ၍ မရကြောင်း၊ ဆောင်ရွက်ခဲ့ သည်များကို ပြန်လည်သုံးသပ်ပြီး နောင်တွင် ပိုမို အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လေ့ကျင့်ရေး များကို စနစ်တကျ ဆောင်ရွက်ပြီး လေ့လာ၊ လေ့ကျင့် ၊ လိုက်နာ ဆိုသည့်လုပ်ငန်းစဉ် များအတိုင်း လက်တွေ့နယ်ပယ် တွင် ထိရောက်စွာ အသုံးချရန် လိုကြောင်း ၊ ပြည်သူလူထု အား ညီအစ်ကို မောင်နှမစိတ်၊ မိသားစုစိတ် မွေး၍ လုံခြုံစွာ ကာကွယ်စောင့်ရှောက် ရန်တာဝန်ရှိပြီး တပ်မတော်နှင့် ပြည်သူ တစ်သားတည်း ရှိရမည်ဖြစ်ကြောင်း၊ ကိုယ့်မိသားစု လုံခြုံ စေချင်သလို မိမိနှင့်ဆက်စပ် နေသည့် ပြည်သူ့ဘဝ လုံခြုံအောင် ကာကွယ်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၊ သဘာဝဘေးဒဏ် ကျရောက်ချိန် များတွင်လည်း တတ်နိုင်သည့် ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ် တွင် တာဝန်ထမ်းဆောင် ရာ၌ ဥပဒေနှင့်အညီ ဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ကိစ္စများတွင်လည်း ချမှတ်ထားသည့် မူဝါဒနှင့်အညီ ပြေလည်အောင် ပူးပေါင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သားများ အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး၊ စောင့်ရှောက်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများတွင် တာဝန် ကျေပွန်အောင် ကြိုးပမ်းလုပ်ဆောင် ကြရန် တိုက်တွန်းကြောင်း ဖြင့် ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းတိုင်တပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ အင်းတိုင်တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးး အသင်းအတွက် ချီမြှင့်ငွေများ ပေးအပ်စဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အင်းတိုင် တပ်နယ်ရှိ အရာရှိ ၊ စစ်သည် ၊ မိသားစု များအတွက် သုတ၊ ရသစာအုပ်၊ စာစောင်များကို ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ က တပ်နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။

ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း က စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော က အားကစားပစ္စည်း များကိုလည်းကောင်း အသီးသီးပေးအပ် ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger