www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 26, 2017

မွန်ပြည်နယ် ၀င်းစိန်တောရ ၌ ကမ္ဘာ့အကြီးဆုံး အတောင် ၆၀၀ ပြည့် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားရန် အလှူငွေများလှူဒါန်း



မုဒုံ ၊ ၂၆-၁-၂၀၁၇

မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာ ဝင်းစိန်တောရ ၌ ကမ္ဘာ့အကြီးဆုံး အတောင် ၆ဝဝ ပြည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် ကြီးကို တည်ထား ကိုးကွယ်ရန် ဇေကမ္ဘာ ကုမ္ပဏီက ငွေကျပ် သိန်း ၁ဝဝဝဝ လှူဒါန်းပြီး သုံးနှစ်အတွင်း အပြီး တည်ဆောက် သွားရန် စီစဉ်ထားကြောင်း ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ ထံမှ သိရသည်။

အဆိုပါ ကမ္ဘာ့အကြီးဆုံး အတောင် ၆ဝဝ ပြည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် ကြီးကို မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် ကဆုန်လပြည့် နေ့တွင် ဝင်းစိန် တောရကျောင်း ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကေသရ ဆရာတော်ကြီး က အုတ်မြစ်ချ ခဲ့ကြောင်း သိရသည်။

အတောင် ၆ဝဝ လျောင်းတော်မူ ဗုဒ္ဓ ရုပ်ပွားတော်ကြီး တည်ဆောက် နေဆဲ ၂ဝ၁၅ ခုနှစ် ဧပြီ ၂၆ ရက်တွင် ဆရာတော် ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ သဖြင့် ဆက်လက် တည်ဆောက်ရန် ကျန်ရှိသည့် ဘုရားကြီးကို ဇေကမ္ဘာ ကုမ္ပဏီမှ ငွေကျပ်သိန်း ၁ဝဝဝဝ လှူဒါန်းကာ တစ်လလျှင် ငွေကျပ် သိန်း ၃ဝဝ နှုန်းဖြင့် သုံးနှစ်အတွင်း အပြီး တည်ဆောက်မည် ဖြစ်သည်။

အတောင် ၆ဝဝ ပြည့် လျောင်းတော်မူ ဗုဒ္ဓ ရုပ်ပွားတော်ကြီး ကို အရှေ့အရပ်သို့ ဦးခေါင်းတော်ပြု၍ တည်ထားကာ လက်ရှိတွင် ပင်မ ကွန်ကရစ်တိုင် ကြီးများ ထောင်ထားပြီး ဦးခေါင်းတော် သံဆန်ခါ ရက်လုပ်ကာ သံကူကွန်ကရစ် လျောင်းတော်မူ ဗုဒ္ဓ ရုပ်ပွားတော်ကြီး အဖြစ် တည်ထားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းစိန်တောရကျောင်း ဆရာတော်ကြီး ပျံလွန်တော်မူပြီး နောက် ကျန်ရှိနေသည့် ဆရာတော် ဘုရားကြီး၏ ရုပ်ကလပ်တော် ကို ဇေကမ္ဘာ ကုမ္ပဏီက ဆရာတော်မိန့်မှာ သည့်အတိုင်း စံကျောင်းတော် ဆောက်လုပ်ပြီး လူအများဖူးမြော် နိုင်ရန် ထားရှိရာ ခုနစ်ရက် သားသမီးများ လာရောက် ဖူးမြော်၍ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်ရန် အလှူငွေများ လှူဒါန်း ကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger