www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 29, 2016

စေတန်ဂြိုဟ်ရံလ တိုင်တန်ပေါ်တွင် မီသိန်းပင်လယ် တွေ့ရှိ



ဝါရှင်တန် ၊ ၂၉-၄-၂၀၁၆

နာဆာပိုင် ကာစီနီ စူးစမ်းလေ့လာရေး အာကာသယာဉ် သည် လွန်ခဲ့သော ၁၂ နှစ်ခန့်  မှစတင်ကာ စေတန်ဂြိုဟ် ကိုလှည့်ပတ် စူးစမ်း လေ့လာလျက် ရှိရာ၂၀၀၇ မှစတင်ကာ ရှစ်နှစ်တာ ကာလအတွင်း စုဆောင်းရရှိခဲ့သော ရေဒါသတင်း အချက်အလက်များကို ခြုံငုံသုံးသပ်ခြင်း အားဖြင့် စေတန် ဂြိုဟ်ရံလ ၊ တိုင်တန်ပေါ်တွင် ရှိသော ပင်လယ်မှာ မီသိန်းပင်လယ် ဖြစ်ကြောင်း ဖော်ထုတ် သိရှိနိုင်ခဲ့ ကြောင်း သိရသည်။ 

ကာစီနီ ကို လွှတ်တင်ကာ စူးစမ်းလေ့လာမှု မပြုမီ တိုင်တန်လ ပေါ်ရှိ ပင်လယ်သည် အီသိန်းဓာတ်ငွေ့ တို့ ဖြင့် ပြည့်နှက်နေနိုင်ဖွယ် ရှိသည်ဟု သိပ္ပံပညာရှင် များက ယူဆထားခဲ့ခြင်း ဖြစ်ကြောင်း၊ မီသိန်း ဓာတ်ငွေ့ မဖြစ်နိုင်ကြောင်း ၊ အဘယ်ကြောင့် ဆိုသော် မီသိန်းသည် နေရောင်ခြည်နှင့် ထိတွေ့ လျင် ပြိုကွဲသွားလေ့ ရှိပြီး အီသိန်း ဟိုက်ဒရိုကာဗွန် ထွက်ပေါ်လာလေ့ ရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ သို့ သော် ထူးခြားစွာပင် ယင်း 

ပင်လယ်ထဲတွင် မီသိန်းဓာတ်ငွေ့  များသာ ရှိနေသည်ကိုတွေ့ ရှိ ခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းပင်လယ် သည် တိုင်တန်လ ပေါ်တွင် ဒုတိယ အကြီးဆုံး ပင်လယ်ဖြစ်ပြီး Ligeia Mare ဟု အမည်ပေး ထားကြောင်း၊ မီသိန်းမိုး ပုံမှန်ရွာသွန်း ခြင်းကြောင့် Ligeia Mare  တွင် မီသိန်း မခမ်းခြောက်ခြင်း ဖြစ်နိုင်ကြောင်း၊ အီသိန်း ကိုယ်တိုင်လည်း ပင်လယ်ကြမ်းပြင် အပေါ်ယံလွှာ တွင် ပိတ်မိ နေနိုင်ကြောင်း၊ သို့ တည်းမဟုတ် နီးစပ်ရာ ပင်လယ်ထဲသို့  မြေအောက် လမ်းကြောင်း များမှတစ်ဆင့်  စီးဆင်းသွားခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက သုံးသပ်သည်။ 

ကာစီနီသည် စေတန်ဂြိုဟ် ကို လွန်ခဲ့သော ၁၂ နှစ်ခန့် မှ စတင်ကာ လှည့်ပတ်စူးစမ်း နေခြင်းဖြစ်ကြောင်း၊ ရေဒါစနစ်ကို အသုံးပြု ကြောင်း၊ ရှစ်နှစ်တာ ကာလအတွင်း ရရှိထားသော တိုင်းထွာချက် များအရ Ligeia Mare ပင်လယ်သည်  မီသိန်း ပင်လယ် ဖြစ်နေသည်ကို တွေ့ ရှိခဲ့ရခြင်း ဖြစ်ကြောင်း၊ Ligeia Mare သည် အနက် ၅၂၅ ပေရှိပြီး ကြမ်းပြင် ပေါ်တွင် သက်ရှိဘ၀ ရှင်သန်နိုင်သော မှော်ပင်များ ရှိနေနိုင်ကြောင်း သုတေသီများက ရှင်းပြသည်။ 

ကမ္ဘာမဟုတ်တဲ့ ဂြိုဟ်ကြီး တစ်လုံးရဲ့ ဂြိုဟ်ရံလပေါ်မှာမှ ပင်လယ်ပြင် စူးစမ်းလေ့လာရေး ကိုလုပ်ရတာ စိတ်လှုပ်ရှား စရာပါပဲ။ လွန်ခဲ့တဲ့ ၁၂ နှစ် လုံးလုံးမှာ ကာစီနီ ဟာ တိုင်တန် ကိုလည်း တွဲဖက်လေ့လာ ခဲ့ရာမှာ ဧရိယာ စတုရန်းမိုင်ပေါင်း ၆၂၀၀၀၀ ကျယ်ဝန်းပြီး နှစ်ရာခိုင်နှုန်း လောက်က အရည်တွေနဲ့ ပြည့်နေတာကို တွေ့ ရှိခဲ့ပြီး တဲ့နောက် အဲဒီ အရည်တွေက ဘာတွေလဲ ဆိုတာကို ကျွန်တော်တို့  ဆက်လက်စူးစမ်း လေ့လာခဲ့တာ ဖြစ်ပါတယ် ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

Cassini spacecraft probes methane-filled sea on Titan

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger