www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 26, 2017

ဘီပီအိုင် ဆေးဝါးစက်ရုံမှ New BPI Project အစီအစဉ်ဖြင့် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံဖိုးထိ တိုးမြှင့် ထုတ်လုပ်သွားမည်



ရန်ကုန် ၂၆-၇-၂၀၁၇

ဘီပီအိုင် ဆေးဝါးစက်ရုံမှ New BPI Project အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံဖိုးထိ တိုးမြှင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနသတင်းများအရ သိရသည်။

ဘီပီအိုင်ဆေးဝါး စက်ရုံအနေဖြင့် စွမ်းရည် အာနိသင်ပြည့်ဝသည့် ဆေးဝါးများကို ဈေးနှုန်းချိုသာစွာဝယ်ယူ အသုံးပြုနိုင်ရေး အတွက်ဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဘီပီအိုင် ဆေးဝါးစက်ရုံမှ စက်ပစ္စည်းများနှင့် အဆောက်အအုံများမှာ လက်ရှိနိုင်ငံတကာ တွင်ကျင့်သုံးနေသည့် ဆေးဝါးထုတ်လုပ်မှု ကျင့်စဉ် (GMP) နှင့် ကိုက်ညီမှုမရှိသဖြင့် အဆောက်အအုံ အသစ်များ၊ စက်ကိရိယာအသစ်များ လဲလှယ်တပ်ဆင်ကာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ စတင်ကာ ခေတ်မီဆေးဝါး တိုးမြှင့်ထုတ်လုပ်မှု စီမံကိန်း (New BPI Project) ကို စတင် အကောင်အထည် ဖော်ဆောင်ရွက် ခဲ့သည်။

လက်ရှိတွင် ဘီပီအိုင်ဆေးဝါး စက်ရုံမှ ထုတ်လုပ်ရောင်းချ ပေးနေသည့် ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အလုပ်သမား ဆေးရုံကြီးများအတွက် အမှာစာများ ရရှိထားပြီး ဖြစ်သည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံဖိုးအထိ တိုးမြှင့်ထုတ်လုပ်ရန် လျာထား ဆောင်ရွက်မှုများမှ အမှာစာများအတွက် ငွေကျပ် ၂၈ဘီလီယံဖိုးခန့် ထုတ်လုပ်ကာ အများပြည်သူအား ငွေကျပ် ၁၂ဘီလီယံဖိုး ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

#yadnarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger