www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label သစ်မှောင်ခို. Show all posts
Showing posts with label သစ်မှောင်ခို. Show all posts

Tuesday, April 9, 2019

ကျိုင်းတုံမြို့နယ်၊ မဟိမွန်ကျေးရွာ အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

ကျိုင်းတုံမြို့နယ်၊ မဟိမွန်ကျေးရွာ အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်  ဧပြီ  ၈ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့နယ်အတွင်းလုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည်တရား မဝင်သစ် များ စုပုံ ထားကြောင်း သတင်းအရ ဧပြီ ၇ ရက် နံနက် ၉ နာရီခန့်တွင်သွားရောက်စစ်ဆေးရာ ကျိုင်းတုံ-မိုင်းခုတ်သွား ကားလမ်းအနီး မဟိ မွန်ကျေးရွာ၏တောင်ဘက် မီတာ ၁ဝဝဝ ခန့် အကွာနှင့် အနီးဝန်းကျင်သို့အရောက်၌ တရားမဝင်စုပုံထားသော ထင်းရှူးသစ်ခွဲသားဆိုဒ်စုံ၁၈ တန်ခန့်အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိတရားမဝင်သစ်များအား ကျိုင်းတုံမြို့နယ်၊ သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း အနီး၌ တရားမဝင် သစ်များ ဖမ်းဆီးရမိ

ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း အနီး၌ တရားမဝင် သစ်များ ဖမ်းဆီးရမိ
-
နေပြည်တော်  ဧပြီ  ၈ 
-
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် ဧပြီ ၄ ရက် နံနက် ၅ နာရီခွဲခန့်တွင် ဘီလူးကျွန်း၏အနောက်ဘက် မိုင် ၂ဝ အကွာ သို့အရောက်၌မသင်္ကာဖွယ်လှေတစ်စင်း တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ အလျား ၆၈ ပေ၊ အနံ ၁၉ ပေခန့်အရွယ် ပန်သစ္စာ အမည်ရှိ လှေတစ်စင်းပေါ်မှ ပဲ့နင်းဖြစ်သူ ဦးစန်းဝင်း(ဘ)ဦးဘစံ အပါအဝင် အမျိုးသား ၁ဝ ဦးကိုတရားမဝင်သယ်ဆောင်လာသော ပိတောက်သစ်ခွဲသား ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ တရားမဝင်သစ်များ နှင့်အတူ ဖမ်းဆီးရမိသူများအား  ချောင်းဆုံမြို့နယ်၊  သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-

#မြ၀တီနေ့စဉ်သတင်းစာ

ရပ်စောက်မြို့နယ်၊ နောင်ဝိုးကျေးရွာ အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

ရပ်စောက်မြို့နယ်၊ နောင်ဝိုးကျေးရွာ အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်   ဧပြီ   ၈ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက် မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၇ ရက် ညနေ ၃ နာရီ ခန့်တွင် နောင်ဝိုးကျေးရွာ၏ တောင်ဘက် မီတာ ၁ဝဝဝဝ ခန့်အကွာနှင့်အနီးဝန်းကျင် သို့အရောက်၌ တရားမဝင်စုပုံထားသော ပိတောက်သစ် ၁၄ တန်ခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ 
-
အဆိုပါ သိမ်းဆည်းရမိတရားမဝင်သစ်များအား ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။     
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, April 4, 2019

မင်းကင်းမြို့နယ်အတွင်း၌ တရားမဝင်သစ်များသိမ်းဆည်းရမိ

မင်းကင်းမြို့နယ်အတွင်း၌ တရားမဝင်သစ်များသိမ်းဆည်းရမိ
-
နေပြည်တော် ဧပြီ ၃ 
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် ဧပြီ ၂ ရက် နံနက် ၁ဝ နာရီခန့်တွင် ရှဲကျေးရွာ၏မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာသို့ အရောက်၌တရားမဝင် အင်သစ်လုံး(ခန့်မှန်း ၃ ဒသမ ဝ၉၄ တန်)နှင့် အင်သစ်ခွဲသားဆိုဒ်စုံ (ခန့်မှန်း သုည ဒသမ ၆၅၄၂ တန်)ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
-
ထို့ပြင် ပူးပေါင်းအဖွဲ့သည် မွန်းလွဲ ၂ နာရီခန့်တွင် မောက္ကတော်ကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၁ဝဝဝ ခန့် အကွာ၌ တရားမဝင်ကညင်သစ်လုံး (ခန့်မှန်း၅ ဒသမ ၈၃၈ တန်)နှင့် အင်ပင်လှကျေးရွာ၏အနောက်ဘက် မီတာ ၅ဝဝ ခန့်အကွာ၌ တရားမဝင် ကညင်သစ်လုံး(ခန့်မှန်း ၃ ဒသမ ၂၉၆ တန်)တို့ကို ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
-
အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များအား မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, April 2, 2019

မံစီမြို့နယ်၊ စီခမ်းကြီး ကျေးရွာအနီး တရားမဝင်သစ်များ သိမ်းဆည်း ရမိ

မံစီမြို့နယ်၊ စီခမ်းကြီး ကျေးရွာအနီး တရားမဝင်သစ်များ သိမ်းဆည်း ရမိ
-
ကချင်ပြည်နယ်၊ံစီမြို့နယ်အတွင်းဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၃၁ ရက် နံနက် ၁ဝ နာရီတွင် စီခမ်းကြီးကျေးရွာ၏ အနောက်ဘက် ၅ မိုင်ခန့် အကွာသို့ အရောက်၌တရားမဝင်ကျွန်းသစ်လုံးနှင့် သစ်ခွဲသားဆိုဒ်စုံ ခန့်မှန်း ၄ဝ ဒသမ ၇၄ တန်ကို ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ တရားမဝင်ကျွန်းသစ်များကို မံစီမြို့နယ်၊ သစ်တောဦးစီးဌာနသို့စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 27, 2019

မုဒုံမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ

မုဒုံမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၆ 
-
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ဌာနဆိုင်ရာတာဝန် ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၄ဝ ခန့်တွင်ကမာဝက်မြို့၏ အနောက်ဘက် ၃မိုင်ခန့်အကွာရှိ ကမာဝက်ချောင်းဘေး၌ စုပုံထားသော တရားမဝင်ပိတောက်သစ်နှင့် အခြားသစ်ခွဲသားဆိုဒ်စုံ ၆ဝ တန်ခန့်အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိ တရားမဝင်သစ်များအား မုဒုံမြို့နယ်သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 25, 2019

မံစီမြို့နယ်နှင့် မဘိမ်းမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ

မံစီမြို့နယ်နှင့် မဘိမ်းမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်   ဖေဖော်ဝါရီ  ၂၄ 
-
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၃ ရက် ည ၆ နာရီခွဲခန့်တွင်ဟန်ထက်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌ကိုမျိုး(ဘ) ဦးအောင်မြင့် မောင်းနှင်လာသည့် NISSAN အမျိုးအစား ၁၂ ဘီးယာဉ်ယာဉ်အမှတ်၊ 3A/----ပေါ်မှ တရားမဝင်ကျွန်းနှင့်ပိတောက်သစ်ခွဲသားဆိုဒ်စုံ ၇ တန်ခန့်နှင့်အတူဖမ်းဆီးရမိခဲ့ပြီးအဆိုပါနေရာအနီး တစ်ဝိုက်၌ပင် တုန်ဖုန်းအမျိုးအစား ခြောက်ဘီးယာဉ် ယာဉ်အမှတ်၊ C/----ယာဉ်ပေါ်မှ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၇ တန်ခန့်ကို လည်းကောင်း၊  သစ်တင်ယာဉ် တုန်ဖုန်း အမျိုးအစား ခြောက်ဘီးယာဉ် ယာဉ်အမှတ်၊ 3A/----ယာဉ်တစ်စီးတို့ကို လည်းကောင်း ပိုင်ရှင်မဲ့ထပ်မံ သိမ်းဆည်းရမိခဲ့သည်။ 
-
ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မိုးလှိုင်ကျေးရွာ၏ တောင်ဘက် ၅ မိုင်ခန့်အကွာသို့ အရောက်၌ တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ၂၇ တန်ခန့်ကိုလည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ တရားမဝင်သစ်များ၊ မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိသူအား မံစီမြို့နယ်နှင့် မဘိမ်းမြို့နယ် သစ်တောဦးစီးဌာန၊ မံစီမြို့နယ်ရဲစခန်းသို့  စနစ်တကျလွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း  သတင်း ရရှိသည်။                 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, February 22, 2019

ကျွန်းစုမြို့အနီး ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ သယ်ဆောင်လာသော စက်လှေများ ဖမ်းဆီးရမိ

ကျွန်းစုမြို့အနီး ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ သယ်ဆောင်လာသော စက်လှေများ ဖမ်းဆီးရမိ
-
နေပြည်တော် ဖေဖော်ဝါရီ ၂၁ 
-
တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့အနီး ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂ဝ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကဘင်းကျွန်း၏ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာနှင့်ပတ်ဝန်းကျင်နေရာ တစ်ဝိုက်၌ မသင်္ကာဖွယ်စက်လှေနှစ်စင်းအား တွေ့ရှိသဖြင့် စစ်ဆေးရာ အလျား ၄၃ ပေ၊ အနံ ၈ ပေ ၃ လက်မခန့်ရှိ စက်လှေပေါ်မှ ဦးသန်းဦး(ဘ)ဦးကြီးလှ အပါအဝင်အမျိုးသား ငါးဦးကို တရားမဝင် သစ်ခွဲသားဆိုဒ်စုံ ၁၁ တန်ခန့်နှင့် လည်းကောင်း၊ အလျား ၄၅ ပေ၊ အနံ ၈ ပေ ၉ လက်မခန့်ရှိ စက်လှေပေါ်မှ ဦးရွှေထွန်းအောင်(ဘ) ဦးသားအိုအပါအဝင် အမျိုးသားခြောက်ဦးကိုတရားမဝင်သစ်ခွဲသားဆိုဒ်စုံ ၁၆ တန်ခန့်နှင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါတရားမဝင် သစ်များ၊ စက်လှေများနှင့် အတူ ဖမ်းဆီးရမိသူများအား ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 20, 2019

မိုးမိတ် မြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

မိုးမိတ် မြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော် ဖေဖော်ဝါရီ ၁၉ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက် ည ၆ နာရီခန့်တွင် မိုင်းနင်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာနှင့် ပတ်ဝန်းကျင် နေရာတစ်ဝိုက်၌ စုပုံထားသော တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ ၃၇ တန်ခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များအား မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 19, 2019

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင် သစ်များ သိမ်းဆည်းရမိ

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင် သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၈ 
-
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဗဟားလိုကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ၌တရားမဝင် စုပုံထားသော ကျွန်းနှင့်ပိတောက် သစ်လုံး ၄၉ လုံး(ခန့်မှန်း ၉ ဒသမ ၂၄ တန်ခန့်)အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ 
-
အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေ သောတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင်  မိုင်းပျဉ်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၇ဝဝဝ ခန့်အကွာ၌ တရားမဝင် စုပုံထားသော အင်သစ်လုံး ၂၄၃ လုံး(ခန့်မှန်း ၇၁ တန်)ကို သိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်းသတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 13, 2019

ရပ်စောက်မြို့နယ် အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

ရပ်စောက်မြို့နယ် အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၂
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၆ နာရီခန့်တွင် ကျိုင်းခမ်းကျေးရွာ၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာသို့အရောက်၌ အင်သစ်ခွဲသားဆိုဒ်စုံ ၉၃ လုံး (ခန့်မှန်း ၅၅ တန်ခန့်)ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
-
အဆိုပါသိမ်းဆည်းရမိ တရားမဝင်သစ်များအား ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 7, 2019

ခိုလမ်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ခိုလမ်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၆ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၅ ရက် နံနက် ၆ နာရီ ၁ဝ မိနစ်ခန့်တွင် ခိုလမ်မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ၌နားရိုင်းရွာသစ်ဘက်မှ နားပွဲရွာဘက်သို့ မောင်းနှင်လာသော NISSAN အမျိုးအစား ၁၂ ဘီးယာဉ် သုံးစီး၊ ၁ဝ ဘီးယာဉ် တစ်စီးတို့အား တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးရာ တရားမဝင် ကျွန်းသစ်နှင့်ပိတောက်သစ်ဆိုဒ်စုံ စုစုပေါင်း ၅၆ တန်ခန့်အား ယာဉ်မောင်း နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်ယာဉ်မောင်း နှစ်ဦးမှာ ရပ်တန့်စစ်ဆေးစဉ် ထွက်ပြေးသွားခဲ့သည်။ 
-
ဖမ်းဆီးရမိသူများ၏ ပြောပြချက်အရ သစ်တင်ထားသော ၁၂ ဘီးယာဉ်တစ်စီးမှာ လမ်းတွင်ပျက်၍ ကျန်ခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ နမ့်စန်မြို့၏အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ၌ NISSAN  အမျိုးအစား ၁၂ ဘီးယာဉ်အမှတ်၊ SHN -3D/----ပေါ်တွင် တင်ဆောင်ထားသော တရားမဝင် ပိတောက်သစ် ၁၅ တန်ခန့်အား ပိုင်ရှင်မဲ့ထပ်မံတွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်များနှင့် တရားမဝင်သစ်များအား နမ့်စန်မြို့နှင့် ခိုလမ်မြို့သစ်တောဦးစီးဌာနများသို့ စနစ်တကျလွှဲပြောင်း အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 6, 2019

ဟိုပုံးမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်း ရမိ

ဟိုပုံးမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်း ရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၅
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည်  ဖေဖော်ဝါရီ  ၄ ရက် မွန်းလွဲ ၁ နာရီတွင် ဝမ်အောကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့် အကွာ၌ ရပ်တန့်ထားသော NISSAN အမျိုးအစား ၁ဝ ဘီးယာဉ်နှစ်စီးပေါ်မှ  အင်သစ်ခွဲသား ဆိုဒ်စုံ  ၁၄ တန်ခန့်အား ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိ မော်တော်ယာဉ်များနှင့် တရားမဝင်သစ်များကို မိုင်းပျဉ်းမြို့နယ်သစ်တောဦးစီး ဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 29, 2019

မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ် အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

-
နေပြည်တော် ဇန်နဝါရီ  ၂၈ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည်ဇန်နဝါရီ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် စီပိန်းကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ စုပုံထားသော တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ ၅ ဒသမ ၃ တန်ခန့်အား လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မြစ်ဆုံကျေးရွာ၏ အရှေ့ဘက် ၁ဝ မိုင်ခန့်အကွာ၌ စုပုံထားသော တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း ၁၂ ဒသမ ၆ တန်ခန့်အား လည်းကောင်း ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
-
အလားတူ မိုးမိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် မိုးလိုကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ စုပုံထားသော တရားမဝင်ကျွန်းသစ်လုံး ဆိုဒ်စုံ ၃ ဒသမ ၅ တန် ခန့်အား  ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါသိမ်းဆည်းရမိ တရားမဝင် သစ်များအား မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနများသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 24, 2019

မဘိမ်းမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်များ သိမ်းဆည်း ရမိ

မဘိမ်းမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်များ သိမ်းဆည်း ရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၂၃ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် မြစ်ဆုံကျေးရွာ၏ အရှေ့ဘက် ၁ဝမိုင်ခန့်အကွာ၌ တရားမဝင် ကျွန်းသစ်လုံး ဆိုဒ်စုံ ၁၇၅ လုံး(ခန့်မှန်း ၂၉ ဒသမ ၄ တန်ခန့်)ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိ တရားမဝင် ကျွန်းသစ်လုံးများအား မဘိမ်းမြို့နယ် သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 22, 2019

ကျောက်ဖြူမြို့နယ်၊ အဆင်ကြီးကျွန်း အနီး၌ တရားမဝင်သစ်များ တင်ဆောင်လာသော စက်လှေနှစ်စင်း ဖမ်းဆီးရမိ

ကျောက်ဖြူမြို့နယ်၊ အဆင်ကြီးကျွန်း အနီး၌ တရားမဝင်သစ်များ တင်ဆောင်လာသော စက်လှေနှစ်စင်း ဖမ်းဆီးရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၂၁ 
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၏ အရှေ့မြောက်ဘက် ၁၇ မိုင်ခန့်အကွာရှိ နောင်တော် ကြီးကျွန်း၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂ဝ ရက် ည ၉ နာရီ မိနစ် ၅ဝ ခန့်တွင် အဆင်ကြီးကျွန်း၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၌ မသင်္ကာ ဖွယ်လှေတစ်စင်း တွေ့ရှိသဖြင့် စစ်ဆေးရာ အလျား ပေ ၅ဝ၊ အနံ ၁၁ ပေ၊ ရေစူး ၅ ပေ ခန့်ရှိ လှေတစ်စင်းပေါ်မှ မအီမြို့နေ ဦးထွန်း ဝင်း(ဘ)ဦးရွှေဘဇံ အပါအဝင် အမျိုးသား သုံးဦးကို တရားမဝင် အခြားသားဘေတုံး ၁၂ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အလားတူ ည ၁ဝ နာရီ ၂၅ မိနစ်ခန့်တွင် အဆင်ကြီးကျွန်း၏ အရှေ့ဘက် ရေမိုင် ၃ ဒသမ ၅ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်လှေ တစ်စင်းတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ အလျား ပေ ၅ဝ၊ အနံ ၁ဝ ပေ၊ ရေစူး ၅ ပေရှိလှေတစ်စင်းပေါ်မှ ပေါက်တောမြို့နေ ဦးအေး ကျော်မောင်(ဘ)ဦးစိန်မောင်ဘ အပါအဝင် အမျိုးသားနှစ်ဦးကို တရားမဝင် အခြားသား ဘေတုံး ၁၁ တန်ခန့်နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။ 
-
အဆိုပါတရားမဝင်သစ်များ၊ စက်လှေ နှစ်စင်းနှင့်အတူ ဖမ်းဆီးရမိသူများအား ကျောက်ဖြူမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 17, 2019

ကျောက်မဲမြို့နယ်အတွင်း တရားမဝင် ပိတောက်သစ်ခွဲသားများ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ

ကျောက်မဲမြို့နယ်အတွင်း တရားမဝင် ပိတောက်သစ်ခွဲသားများ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၁၆ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ်ဟိုင်းဝေး တိုးဂိတ်၌ ဌာန ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့က  မော်တော်ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ်ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီခန့်တွင် နောင်ချိုမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့   စည်သူဝင်း(ဘ) ဦးနေဝင်း မောင်းနှင်၍ သက်အောင်ခိုင် (ဘ)ဦးမြင့်မောင် လိုက်ပါလာသည့် ၂၂  ဘီး ယာဉ်အမှတ်၊ 1F/---- အား  ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် ပိတောက်သစ်ခွဲသား ဆိုဒ်စုံ ၁၅ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါမော်တော်ယာဉ်၊ တရားမဝင်သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား ကျောက်မဲ မြို့နယ် သစ်တောဦးစီးဌာနသို့  စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း  သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, January 11, 2019

မိုးမိတ်မြို့နယ်၊ နားယုတ်ကျေးရွာအနီးရှိ ဖောင်းကတော့ သစ်တောကြိုးဝိုင်း၌ တရားမဝင် သစ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မိုးမိတ်မြို့နယ်၊ နားယုတ်ကျေးရွာအနီးရှိ ဖောင်းကတော့ သစ်တောကြိုးဝိုင်း၌ တရားမဝင် သစ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
-
နေပြည်တော် ဇန်နဝါရီ ၁ဝ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်၊ နားယုတ်ကျေးရွာ၏ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာရှိ ဖောင်းကတော့သစ်တောကြိုးဝိုင်းသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် သတင်းအရ သွားရောက်စစ်ဆေးရာ အဆိုပါနေရာတစ်ဝိုက်၌ စုပုံထားသော တရားမဝင် ကျွန်းသစ်တန်၂ဝ ခန့်၊ သစ်ထုတ်ရာတွင် အသုံးပြုသည့် ဂျင်ဒေါင်းအမျိုးအစား၂၂ ကောင်အင်ဂျင်တပ် သစ်ခွဲစက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ 
-
-
အဆိုပါသိမ်းဆည်းရမိ တရားမဝင် ကျွန်းသစ်များနှင့် ဆက်စပ်ပစ္စည်းများအား မိုးမိတ်မြို့နယ်၊ သစ်တောဦးစီး ဌာနချုပ်သို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ


Wednesday, January 9, 2019

ရပ်စောက်မြို့အနီး တရားမဝင်သစ်များ တင်ဆောင်လာသော မော်တော်ယာဉ်များအား ဖမ်းဆီးရမိ

ရပ်စောက်မြို့အနီး တရားမဝင်သစ်များ တင်ဆောင်လာသော မော်တော်ယာဉ်များအား ဖမ်းဆီးရမိ
-
နေပြည်တော်   ဇန်နဝါရီ   ၈
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ရပ်စောက်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဗထူးတပ်မြို့ မြို့ရှောင်ကွင်းလမ်း၌ စောင့်ဆိုင်းနေစဉ်  ယနေ့နံနက် ၁၂ နာရီခန့်တွင် ညောင်ပင်သာကျေးရွာနေ ဦးဇော်ထွန်း(ဘ)ဦးခင်အောင် မောင်းနှင်လာသည့် ဖောယာဉ်အသေး ယာဉ်အမှတ်၊ ၉ ဌ/ ---- လိုင်စင်မဲ့မော်တော်ယာဉ်အား စစ်ဆေး စဉ် ယာဉ်ပေါ်တွင် အင်သစ်လုံးဆိုဒ်စုံ ၂၁ လုံးအားလည်းကောင်း၊ နံနက် ၁ နာရီခွဲခန့် တွင် ညောင်ပင်သာကျေးရွာနေ ဦးဘိုမြ(ဘ) ဦးမောင်ချို မောင်းနှင်လာပြီး ဦးဝင်းအေး(ဘ) ဦးဖိုးသုန်အပါအဝင် ခြောက်ဦးတို့ လိုက်ပါလာသည့် ခြောက်ဘီးယာဉ်အမျိုးအစား ယာဉ် အမှတ်၊ ၆ဗ။----- လိုင်စင်မဲ့မော်တော်ယာဉ်ပေါ်မှ အင်သစ်လုံးဆိုဒ်စုံ ၂၉ လုံးခန့်အား လည်းကောင်း၊ နံနက် ၃ နာရီ မိနစ် ၄ဝ ခန့်တွင် ညောင်ပင်သာကျေးရွာနေ ဦးဝင်းဇော် (ဘ)ဦးသန်းကျော် မောင်းနှင်လာပြီး  ဦးလှ မင်းထွေး(ဘ)ဦးထွန်းတင် အပါအဝင် လေးဦးတို့ လိုက်ပါလာသည့် ထော်လာဂျီအသေးပေါ် မှ သစ်ယာသစ်လုံးဆိုဒ်စုံ ၃ဝ လုံးအား လည်းကောင်း၊ နံနက် ၄ နာရီခန့်တွင် ညောင်ပင်သာ ကျေးရွာနေ ဦးဝင်းကျော်(ဘ)ဦးမြင့်အောင် မောင်းနှင်လာသည့် လေးလုံးထိုး ထော်လာဂျီ အသေးပေါ်မှ အင်သစ်လုံးဆိုဒ်စုံ ၃၂ လုံး အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါဖမ်းဆီးရမိ တရားမဝင်သစ်များ၊ ဖမ်းဆီးရမိသူများနှင့် မော်တော်ယာဉ်များအား ရပ်စောက်မြို့နယ်၊ မြို့မရဲစခန်းနှင့် သစ်တော ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 24, 2018

မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ အတွင်း တရားမဝင် ကျွန်းသစ်များ သိမ်းဆည်း ရမိ

မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ အတွင်း တရားမဝင် ကျွန်းသစ်များ သိမ်းဆည်း ရမိ
-
နေပြည်တော် ဒီဇင်ဘာ ၂၃ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်  ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီခန့်တွင်   မဘိမ်းမြို့၏ မြောက်ဘက်၁ဝ မိုင်ခန့်အကွာရှိ ပေါင်းနှုတ်ချောင်းအနီး၌ တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ ၃၉ လုံး(ခန့်မှန်း၅ တန်ခန့်)ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ အလားတူ နံနက် ၁၁ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့နယ်၊ ပင်ရှားစေးကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ ၃၈ တန်ခန့်၊ ကျွန်းသစ်ခွဲသား ၁ တန်ခန့်(စုစုပေါင်း ၃၉ တန်ခန့်)နှင့် သစ်ခွဲစက် တစ်လုံးတို့အား ပိုင်ရှင်မဲ့ထပ်မံသိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါ သိမ်းဆည်းရမိ  တရားမဝင် ကျွန်းသစ်စုစုပေါင်း ၄၄ တန်ခန့်နှင့် ဆက်စပ်ပစ္စည်းများအား မဘိမ်းမြို့နယ် သစ်တောဦးစီး ဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger