www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အလှူဒါန. Show all posts
Showing posts with label အလှူဒါန. Show all posts

Thursday, April 11, 2019

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊မုံရွာတပ်နယ်၏ဧကာဒသမအကြိမ်မြောက်စုပေါင်းရဟန်းခံ၊ရှင်ပြုအလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ဇိနမာန်အောင် တပ်ဦးကျောင်း၌ပြုလုပ်ရာမုံရွာမြို့၊ ဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယအမှူးပြု သော သံဃာတော်များကြွရောက်တော်မူ ကြပြီး တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက သံဃာတော်များအား  သိမ်ဆင်းလောင်းလှူကြသည်။ 
-
ထို့နောက် ဝိဇ္ဇာ သိပ္ပံ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  သံဃာတော်များ အား  လှူဖွယ်ပစ္စည်းများနှင့်  နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
-
အဆိုပါစုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာ ပထမနေ့ဖြစ်သော ဧပြီ ၉ ရက်နံနက်ပိုင်းတွင်လည်း ရဟန်းလောင်း ၁၁၇ ပါးနှင့် ရှင်သာမဏေလောင်း ၁၃ ပါးတို့သည် ဇိနမာန်အောင်တပ်ဦးကျောင်းတိုက်၌ငါးပါး သီလခံယူ ဆောက်တည်ခြင်း၊ ပရိတ်တရား တော်များနာယူခြင်း၊ ဆံချခြင်း၊ ပဗ္ဗဇ္ဇအမွေရဟန်းနှင့် ရှင်သာမဏေအဖြစ်သွတ်သွင်း ချီးမြှင့်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။                           

-
(၁ဝဝ)  
-
#မြ၀တီနေ့စဉ်သတင်းစာ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု သတ္တမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု သတ္တမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
-
နေပြည်တော်၊ ဧပြီ - ၁၀ 
-
မြန်မာနှစ်သစ်ကူးအချိန်အခါတွင် မြန်မာတို့၏ဗုဒ္ဓဘာသာယဉ်ကျေးမှုထုံးတမ်း စဉ်လာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုးကို ဆောင်ရွက်ကြရာတွင် ရဟန်းခံ ရှင်ပြုအလှူမင်္ဂလာအခမ်းအနားမှာထူးခြားထင်ရှားသည့် ကုသိုလ်တော်တစ်ခုဖြစ်သည်။ အဆိုပါ ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုအနေဖြင့်နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာသတ္တမအကြိမ်စုပေါင်းရဟန်းခံရှင်ပြု အလှူတော်အောင်ပွဲမင်္ဂလာကုသိုလ်တော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ကျင်းပပြုလုပ်သည်။
-
-
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး အမှူးပြုသောဧည့်ပရိသတ်အပေါင်းတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အနော်ရထာခန်းမ ရှေ့ဥပစာ၌ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိဇိတာရုံ ဆရာတော်ကြီးအမှူးပြုသော ပင့်သံဃာ ၁၈ ပါးနှင့် ဒုလ္လဘရဟန်း ၂၉၀ ပါး၊ ရှင်သာမဏေ ၅၄ ပါး တို့အား လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
-
-
ယင်းနောက် ကြွရောက်တော်မူလာကြသည့် သံဃာတော် အရှင်သူမြတ်များ၊ ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုအပြီးတွင်ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအားကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများက လှူဖွယ်ပစ္စည်းများ လောင်းလှူကြ သည်။
-

-

-
ထို့နောက် ရဟန်းခံရှင်ပြုအလှူတော်အောင်ပွဲမင်္ဂလာကုသိုလ်တော်အခမ်းအနားကိုကျင်းပပြုလုပ်ရာနိုင်ငံတော်သြ၀ါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘန္ဒန္တ၀ိစာရိန္ဒာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှတပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။
-

-

-
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများကဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်)၊ ရေဆင်း ကန်ဦးကျောင်းတိုက်ဆရာတော် မဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ၀ိလာသထံမှကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ မေတ္တသုတ်ပရိတ် တရားတော်များကိုနာယူကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှကနိုင်ငံတော်သြ၀ါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘန္ဒန္တ ၀ိစာရိန္ဒာဘိဝံသ မဟာဝိဇိတာရုံ ကျောင်းတိုက် ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ထို့နောက်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်တို့က ဘဒ္ဒန္တ၀ိမလဗုဒ္ဓိပါဠိဆရာတော်ကြီးထံလှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
-

-
ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများအသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်ပဓာနနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇဘဒ္ဒန္တ၀ိမလဗုဒ္ဓိထံမှ  အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။ 
-
အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု သတ္တမအကြိမ် စုပေါင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး ငွေမိုးများရွာသွန်းဖြိုးပေးကြသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများ စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနားအား နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ကျင်းပသည့်အခမ်းအနားသည် သတ္တမအကြိမ်မြောက် အလှူတော်မင်္ဂလာဖြစ်ပြီး လှူဒါန်းမှု စုစုပေါင်းငွေ ကျပ်သိန်း ၈၉၀ ကျော်လှူဒါန်းခဲ့ကြောင်းနှင့် ပထမအကြိမ်မှသတ္တမအကြိမ်အထိ ဒုလ္လဘရဟန်း ၁၆၈၃ ပါးနှင့်ရှင်သာမဏေ ၃၀၆ ပါး၊ စုစုပေါင်း ၁၉၈၉ ပါးအား မြင့်မြတ်သောသာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှောက်ခြင်း ကုသိုလ်အလှူတော်အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, April 4, 2019

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ (၁၇)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာ ပြုလုပ်

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ (၁၇)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာ ပြုလုပ်
-
နေပြည်တော် ဧပြီ ၃ 
-
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ (၁၇)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာကို ဧပြီ ၂ ရက်ညနေပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရန်အောင်မြင်တပ်ဦးကျောင်း၌ ပြုလုပ်ရာ ရန်အောင်မြင် တပ်ဦးကျောင်းဆရာတော်မဟာဂနဝ္ထါစကပဏ္ဍတိ ဘဒန္ဒပ္တညာဇောတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အရာရှိ၊ စစ်သည်၊မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
ဦးစွာရှင်သာမဏေလောင်းနှင့် ရဟန်းလောင်းများအား ရှင်လောင်းလှည့်လည်ပြီး တိုင်းမှူးနှင့် အလှူရှင်များက ဆံချ မင်္ဂလာပြုလုပ်ပေးသည်။ ထို့နောက် ရန်အောင်မြင်တပ်ဦးကျောင်း ဆရာတော် အမှူးပြုသောသံဃာတော်များက ဒုလ္လဘရဟန်း ၁၇၁ ပါးနှင့် ရှင်သာမဏေ ၅ဝ ပါးတို့ကို ရဟန်းဘောင်နှင့်ရှင်သာမဏေ အဖြစ်သို့ သွတ်သွင်း ချီးမြှင့်ပေးသည်။ 
-
ထို့ပြင် စုပေါင်းရှင်ပြု၊ ရဟန်းခံအလှူတော် ရေစက်ချမင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ပြုလုပ်ရာ မဟာဗောဓိရုံ ကျောင်းတိုက်ဆရာတော်နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တနာရဒ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအားသိမ်ဆင်းဆက်ကပ်လောင်းလှူကြသည်။ ထို့နောက် မဟာဗောဓိရုံကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, March 5, 2019

တောင်ငူခရိုင်လုံးဆိုင်ရာ (၅ဝ)ကြိမ်မြောက် ရွှေရတုသုဓမ္မာ ပရိယတ္တိ စာပြန်ပွဲ ဝင်ရောက်ဖြေဆိုတော် မူကြသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲပြုလုပ်

တောင်ငူခရိုင်လုံးဆိုင်ရာ (၅ဝ)ကြိမ်မြောက် ရွှေရတုသုဓမ္မာ ပရိယတ္တိ စာပြန်ပွဲ ဝင်ရောက်ဖြေဆိုတော် မူကြသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲပြုလုပ်
-
နေပြည်တော်   မတ်   ၄ 
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြစည်းခုံစာသင်တိုက်တွင်ပြုလုပ်မည့် တောင်ငူခရိုင် လုံးဆိုင်ရာ (၅ဝ)ကြိမ်မြောက် ရွှေရတုသုဓမ္မာ ပရိယတ္တိစာပြန်ပွဲ ဝင်ရောက်ဖြေဆိုတော်မူကြသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင်အဆိုပါ စာသင်တိုက်၌ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန်စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသူရိယအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာနီကန်ကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်း နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တောင်ငူခရိုင်လုံးဆိုင်ရာ (၅ဝ)ကြိမ်မြောက်ရွှေရတုသုဓမ္မာ ပရိယတ္တိစာပြန်ပွဲဝင်ရောက်ဖြေဆိုတော် မူကြသည့် သံဃာတော် ၅၂၂ ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ 
-
အဆိုပါ တောင်ငူခရိုင်လုံးဆိုင်ရာ (၅ဝ) ကြိမ်မြောက် ရွှေရတုသုဓမ္မာပရိယတ္တိ စာပြန်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဓမ္မာစရိယစာချတန်း၊ ပထမကြီး၊ ပထမငယ်၊ ပထမလတ်၊ ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်အတန်းအလိုက်သံဃာတော် ၅၂၂ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ခြောက်ပါး ဝင်ရောက်ဖြေဆိုအောင် မြင်တော် မူခဲ့ကြကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 27, 2019

ပုသိမ်မြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် သာသနာနုဂ္ဂဟဘွဲ့များ ရရှိကြသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့အား ထပ်ဆင့် ဂုဏ်ပြုပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်

ပုသိမ်မြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် သာသနာနုဂ္ဂဟဘွဲ့များ ရရှိကြသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့အား ထပ်ဆင့် ဂုဏ်ပြုပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂ဝ၁၈ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၄ ပါးနှင့် သာသနာနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ်သုံးဦးတို့အား ထပ်ဆင့် ဂုဏ်ပြုပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းတွင် မြို့တော်ခန်းမ၌ ပြုလုပ်ရာ ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိ စာသင်တိုက် ပဓာနနာယက တိပိဋကသြဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 
-
-
ဦးစွာ တက်ရောက်လာကြသူများက မိုးကောင်းပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီးများအား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး  သာသနာနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ် သုံးဦးတို့ကို ဘွဲ့တံဆိပ်တော်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ကာ ဖျာပုံမြို့၊ ထန်းပင်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လထံမှအနုမောဒနာတရား နာကြားကာ  ရေစက်သွန်းချ အမျှပေးဝေကြသည်။ 
-
ထို့နောက်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုဆက်လက်ပြုလုပ်ရာတိုင်းမှူးနှင့်တပ်မတော်အရာရှိကြီးများ၊ မိသားစုများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများကသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 25, 2019

တတိယ အကြိမ်မြောက် ဓမ္မာစရိယနှင့် ပထမပြန်စာအောင် သံဃာတော်များအား ဂုဏ်ပြု ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

တတိယ အကြိမ်မြောက် ဓမ္မာစရိယနှင့် ပထမပြန်စာအောင် သံဃာတော်များအား ဂုဏ်ပြု  ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
-
နေပြည်တော် ဖေဖော်ဝါရီ ၂၄ 
-
နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့က ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် ဓမ္မာစရိယနှင့်ပထမပြန်စာအောင် သံဃာတော်များအားဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန် စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် မစိုးရိမ်တိုက်သစ်ကျောင်း အောင်ရီဖြိုး ဓမ္မဗိမာန်တော်ကြီး၌ကျင်းပသည်။ အခမ်းအနားတွင်ဇမ္ဗူသီရိမြို့နယ်ရှားတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ 
-
ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်ထံမှ ပရိသတ်များက သြဝါဒ ခံယူကြပြီး သြဝါဒါ စရိယနှင့် ပင့်သံဃာ ဆရာတော်ကြီးများအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ ဆရာတော် အရှင်သူမြတ်များ ဖြစ်သော ဓမ္မာစရိယစာအောင် အရှင်သူမြတ် ၂၃ ပါး၊ ပထမကြီးအောင် အရှင်သူမြတ် ငါးပါး၊ ပထမလတ်အောင် အရှင်သူမြတ် ၁၁ ပါး၊ ပထမငယ်တန်းအောင် အရှင်သူမြတ် ၂၅ ပါး၊ အခြေပြုမူလတန်းအောင်အရှင်သူမြတ် ၂၆ ပါးနှင့် အခြေပြုမူလ တန်းအောင် လူပုဂ္ဂိုလ်ခြောက်ဦး တို့အား စာအောင်ဘွဲ့လက်မှတ်များနှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ 
-
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ရှားတောကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရအရှင်သူမြတ်ထံမှ ပရိသတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ 
-
ယင်းနောက် ညနေ ၃ နာရီတွင် မစိုးရိမ်တိုက်သစ်ကျောင်း ရှေ့မုခ်ဦးအဝင် ကားလမ်းရှေ့၌ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်မှ စေတနာရှင် အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာရ စေတနာရှင် အလှူရှင်များ၊ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကိုစည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရသည်။ 
-
ဝေယ
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 21, 2019

ဘူးသီးတောင်မြို့နယ်၊ အောင်မင်္ဂလာ စေတီတော် ဘက်စုံပြုပြင်မွမ်းမံရန် အတွက် အလှူငွေများ ပေးအပ်

ဘူးသီးတောင်မြို့နယ်၊ အောင်မင်္ဂလာ စေတီတော် ဘက်စုံပြုပြင်မွမ်းမံရန် အတွက် အလှူငွေများ ပေးအပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ 
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အောင်မင်္ဂလာကျောင်းတိုက်ရှိ အောင်မင်္ဂလာ စေတီတော်ဘက်စုံပြုပြင် မွမ်းမံရွှေသင်္ကန်း ကပ်လှူရန်အတွက် အလှူငွေလှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင်အဆိုပါ ကျောင်းတိုက်၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊မိသားစုများတက်ရောက်ကြပြီးမြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆရာတော်ဘဒ္ဒန္တသောဘိတထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။ 
-
ထို့နောက် အောင်မင်္ဂလာစေတီတော် ဘက်စုံပြုပြင် မွမ်းမံရန်အတွက် တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသော ရွှေသင်္ကန်း ၁ ဂါလန်ပုံး ၁ဝ ပုံး၊ ဘိလပ်မြေ ၁၄ဝ အိတ်၊ ကျောက်စရစ် ၁ဝ ကျင်း၊ သဲ ခြောက်ကျင်းနှင့် လှူဖွယ်ပစ္စည်းများ အတွက် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ယင်းနောက် ဘူးသီးတောင်တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များက အောင်မင်္ဂလာ စေတီတော်ရင်ပြင်တော်နှင့် ကျောင်းတိုက်အတွင်း စုပေါင်းလုပ်အားဒါနများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရွှေကျင်မြို့၊ အရှေ့မဟာ ဗုဒ္ဓဘုရားကြီး စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပွဲနှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ရေစက်ချ မင်္ဂလာပြုလုပ်

ရွှေကျင်မြို့၊ အရှေ့မဟာ ဗုဒ္ဓဘုရားကြီး စေတီတော်မြတ်ကြီး  စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပွဲနှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ရေစက်ချ မင်္ဂလာပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ 
-
ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့၊ အရှေ့မဟာဗုဒ္ဓဘုရားကြီး စေတီတော်မြတ်ကြီးစိန်ဖူးတော်၊ငှက်မြတ်နားတော် တင်လှူပွဲ နှင့်လုံးတော် ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းရေစက်ချ မင်္ဂလာကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင်အဆိုပါ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ရွှေကျင်မြို့၊ ပညာ့ဗိမာန် ကျောင်းတိုက်ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တလက္ခဏ အမှူးပြုသောသံဃာတော်များ  ကြွရောက်တော်မူကြပြီး  တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများကပညာ့ဗိမာန်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များနာကြားကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များကသံဃာတော် များထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ စကြာခေါင်းလောင်း တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်၍ စေတီ တော်မြတ် ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ 
-
ယင်းနောက် စိန်ဖူးတော်၊ ငှက်မြတ် နားတော်တို့ကို အမွှေးနံ့သာများ ပက်ဖျန်းပူဇော်၍ စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူပူဇော်ကြပြီးသံဃာတော်များက စေတီတော်မြတ်ကြီးအား အနေကဇာတင်တော်မူကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တက် ရောက်လာကြသူများက ကြွရောက်တော်မူကြသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ 
-
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ရွှေကျင်မြို့၊ ရှမ်းကြေးရပ်ကွက်ရှိ ရွှေကျင် နိကာယဆင်ရုံတောရ ကျောင်းဝိုင်းကြီး ဘုန်းတော်ကြီးကျောင်း၌ပြုလုပ်သော(၁၁)ကြိမ်မြောက် ရွှေကျင်နိကာယ၊ တောရရွှေကျင် ဂိုဏ်း၊ မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာပြန်ပွဲ အလှူတော် မင်္ဂလာစုပေါင်း ရေစက်ချပွဲသို့ ကြွရောက်တော်မူကြသည့် မဒေါက်မြို့၊ ပန်းငွေရုံတောရ ပရိယတ္တိ စာသင်တိုက်ကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တသုမနာ ဘိဝံသ အမှူးပြုသော သံဃာတော်များကိုဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန် တော်၊  ဆီနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 20, 2019

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဆဋ္ဌမ အကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဆဋ္ဌမ အကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ
-
ရန်ကုန် ဖေဖော်ဝါရီ ၁၉ 
-
ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မြို့မရပ်ကွက် ဦးထောင်ဘိုလမ်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဓမ္မာရုံ၌ ရဲဓမ္မာရုံကြီးကြပ်မှု ကော်မတီမှ ဦးစီး၍ ဆဋ္ဌမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ကျင်းပသည်။ 
-
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ခေမာသီဝံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာထံမှ အခမ်းအနား တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်သည်။ 
-
ထို့နောက် အမှတ် (၂) လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ဝမ်းမြောက်စကား လျှောက်ထားပြီး ဆရာတော်ဓမ္မစာရက ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားပင့်ဆောင်ပေးသည်။ ယင်းနောက် ခေမာသီဝံကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ အခမ်းအနားသို့ တက်ရောက် လာကြသော ဧည့်သည်တော်များအား ထမင်း၊ ဟင်းနှင့်အချိုပွဲများဖြင့် ဧည့်ခံကျွေးမွေးသည်။ 
-
အခမ်းအနားသို့ အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို နှင့်ဇနီး ဒေါ်အိအိထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဒုတိယတိုင်း တပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းမင်းသိန်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။ 
-
ရန်ကင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်

လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၉ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦး စေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကိုယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီးရှိ သုခမင်္ဂလာ ဆင်းရွှေလီ သာသနာ့ဗိမာန်တော်၌ ပြုလုပ်ရာနိုင်ငံတော်သြဝါဒါစရိယမဟာဗောဓါရုံကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တနာရဒ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဗောဓါရုံ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးသံဃာတော်များအားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အလှည့်ကျ သံဃာတော်များက ပဋ္ဌာန်းဒေသနာတော်အား ရွတ်ဖတ်ပူဇော်ကြပြီး တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို အဆိုပါစေတီတော်မြတ်ကြီး၌ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်းသတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူပွဲပြုလုပ်

တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူပွဲပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၁၉ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာ တော်များအား အရုဏ်ဆွမ်း လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၌ ပြုလုပ်သည်။ 
-
အဆိုပါ အရုဏ်ဆွမ်းလောင်းလှူပွဲတွင် တိုင်းစစ်ဌာနချုပ်မှအရာရှိ၊စစ်သည်၊ မိသားစုဝင်များ စုပေါင်း၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ခြောက်ကျောင်းမှ သံဃာတော်အပါး ၅ဝဝ တို့ကို ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လောင်းလှူခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ ရှင်ကိုးရှင် သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်းနှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲပြုလုပ်

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ ရှင်ကိုးရှင် သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး  ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်းနှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၉
-
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ ရှင်ကိုးရှင်သမိုင်းဝင် ဆုတောင်းပြည့်ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်းနှင့်လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ပြုလုပ်ရာ ရေဖြူမြို့နယ် သံဃနာယကဥက္ကဋ္ဌ သာသနနုဂ္ဂဟဓမ္မာစရိယ သာသနဟိတကာရီ ဓမ္မာစရိယမွန်ကျောင်းဆရာတော် ဒေါက်တာအရှင်ပညာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မွန်ကျောင်းဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး  သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များနာယူကြသည်။ ထို့နောက်တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များထံရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဌာပနာတော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
-
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်နှင့် ဌာပနာတော်များကို စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ပင့်ဆောင်တင်လှူတော်မူကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 11, 2019

သာသနဓဇဓမ္မာစရိယဘွဲ့ရ သာသနာ့ အာဇာနည် အရှင်သူမြတ်များအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

သာသနဓဇဓမ္မာစရိယဘွဲ့ရ သာသနာ့ အာဇာနည် အရှင်သူမြတ်များအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ
-
ရန်ကုန် ဖေဖော်ဝါရီ ၁ဝ 
-
၁၃၇၉ ခုနှစ်တွင် ကျင်းပသော နိုင်ငံတော်အဆင့် ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်သော သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဂုဏ်ပြုပူဇော်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အောင်ချမ်းသာ (မြေနီလမ်း) ရှိ မင်းကွန်းဓမ္မသာရ ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။ 
-
''သံဃာတော်အရှင်သူမြတ်တွေက သာသနာရေး၊ ဘာသာရေး အလုပ်တွေလုပ်တဲ့ အခါ ဓမ္မာစရိယအောင်မှ နိုင်ငံတော် သံဃာ့ဗဟို ဝန်ဆောင်ဘွဲ့ကိုဆက်ကပ်လို့ရတာပါ။ ဓမ္မာစရိယ အောင်တယ်ဆိုရင်ပါဠိဘာသာမှာ အကျွမ်းကျင်ဆုံး ပုဂ္ဂိုလ်လို့ ပြောလို့ရပါတယ်။ ဒီကျောင်းကနေ ဓမ္မာစရိယအောင်တာ ဒီနှစ်နဲ့ဆိုရင် အပါး ၂ဝ ကျော် ၃ဝ လောက် ရှိနေပါပြီ'' ဟု မင်းကွန်းဓမ္မသာရ ပရိယတ္တိစာသင်တိုက်(သာကေတ) မှ ကျောင်းထိုင်ဆရာတော် ဓမ္မကထိက ဗဟုဇနဟိတဓရဘဒ္ဒန္တဓမ္မာသာရ (ဒီဃဘာဏက) က မိန့်ကြားသည်။ 
-
အဆိုပါဂုဏ်ပြုပူဇော်ပွဲတွင် မင်းကွန်းဓမ္မသာရ ပရိယတ္တိစာသင်တိုက်၌ ပညာဆည်းပူးကာ ၁၃၇၉ ခုနှစ် နိုင်ငံတော်အဆင့်အနေဖြင့် ကျင်းပသော ဓမ္မာစရိယစာမေးပွဲ၌ ဓမ္မာစရိယသုံးကျမ်းအောင်အရှင်တိက္ခ(သာသနဓဇ ဓမ္မာစရိယ)၊ အရှင်ကောသလ္လ (သာသနဓဇ ဓမ္မာစရိယ)၊ အရှင်မဏ္ဍလ(ဓမ္မာစရိယ (၁) ကျမ်းအောင်)၊ အရှင်ဉာဏဓဇ (ဓမ္မာစရိယ (၁) ကျမ်းအောင်) တို့ ပေါ်ထွက်ခဲ့သည်။ ထို့ပြင်ပထမကြီးတန်းအတွက် သုံးပါး၊ ပထမလတ်တန်းအတွက် တစ်ပါး၊ ပထမငယ်တန်းအတွက် ခြောက်ပါး၊ မူလတန်းအတွက် ငါးပါးပေါ်ထွက်ကြောင်းသိရသည်။ 
-
ပူဇော်ပွဲတွင် တက်ရောက်လာကြသော စေတနာရှင်အလှူရှင်များက ဓမ္မာစရိယ သုံးကျမ်းအောင် အရှင်သူမြတ်များအတွက် ဝတ္ထုငွေကျပ် ၁ဝ သိန်းနှင့် ဂုဏ်ပြုတံဆိပ်များကို လည်းကောင်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ မူလတန်း အောင်မြင်သော သံဃာတော်များကို ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း ပေးအပ် လှူဒါန်းသည်။ ထိုနေ့နံနက်ပိုင်းတွင် မင်းကွန်းဓမ္မသာရပရိယတ္တိစာသင်တိုက်၌ ဆွမ်း၊ဆွမ်းဟင်းနှင့် ထမနဲဆွမ်းတို့ကို သံဃာတော် အပါး ၁ဝဝဝ ကျော်တို့အား ဒါယကာ၊ ဒါယိကာမတို့က လောင်းလှူပူဇော်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, February 8, 2019

ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံသို့ ဆေးပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်း

ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံသို့  ဆေးပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်း
-
နေပြည်တော် ဖေဖော်ဝါရီ  ၇ 
-
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ရုံးမိသားစုများမှ ဆေးပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းကိုယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ ပြုလုပ်ရာ ဆက်သွယ်ရေးညွှန်ကြားရေး မှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သော်လွင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆေးရုံမှတာဝန်ရှိသူများတက်ရောက်ကြသည်။ ဦးစွာညွှန်ကြားရေးမှူးက လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 
-
ထို့နောက် ဆေးရုံအတွက် ဆေးပဒေသာပင် အလှူငွေကျပ် ၁၁ သိန်းကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 5, 2019

ကေတုမတီမြို့၏ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် သပိတ်လုံး ဆွမ်းလောင်းလှူပွဲပြုလုပ်

ကေတုမတီမြို့၏ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် သပိတ်လုံး ဆွမ်းလောင်းလှူပွဲပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၄ 
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ကေတုမတီမြို့၏ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ်သပိတ်လုံး ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ကေတုမတီမြို့၊ မြတ်ဒါနဘုံ ဆွမ်းလောင်းဓမ္မာရုံ၌ပြုလုပ်ရာသံဃာတော် ၁၃၄ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေး ၁၇ ပါး၊ စုစုပေါင်း ၁၅၁ ပါးကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဓမ္မာရုံ အသင်းသားများ၊ စေတနာရှင် ပြည်သူများ တက်ရောက်ကြသည်။ 
-
ဦးစွာ သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေးများသည် ကေတုမတီမြို့၊ မြို့မကျောင်းတိုက် စုရပ်မှစတင်၍ ပြည်ထောင်စု လမ်းမကြီးအတိုင်း ကြွချီတော်မူလာကြရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စေတနာရှင် အလှူရှင်များက မြတ်ဒါနဘုံဆွမ်းလောင်းဓမ္မာရုံရှေ့ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်၌ သပိတ်လုံး ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, December 27, 2018

ရာဇမဏိစူဠနန်းဦး စေတီတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ

ရာဇမဏိစူဠနန်းဦး စေတီတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ
-
မြစ်ကြီးနား ဒီဇင်ဘာ ၂၆ 
-
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာအုပ်စု နယ်မြေ(၅)ရှိ ဓမ္မပါရဂူရေဦး ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရာဇမဏိစူဠနန်းဦး စေတီတော်မြတ်ကြီး၏ ပထမအကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးနှင့် ဆွမ်းသပိတ်လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ကြီး၌  ကျင်းပသည်။ 
-
ရှေးဦးစွာဆရာတော်၊ သံဃာတော်များနှင့်   ရှင်သာမဏေများအား ဘုရားဒါယကာနှင့် ဒါယိကာမမိသားစု၊ စေတနာရှင်ပြည်သူများက ဆွမ်းသပိတ်နှင့် လှူဖွယ်ဝတ္ထုအစုစုကို လောင်းလှူ ပူဇော်ကြသည်။ 
-
ဆက်လက်၍  ဆွမ်းသပိတ်နှင့် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း အခမ်းအနားကို အဆိုပါကျောင်းတိုက်အတွင်းရှိ မနောဒယ  ဓမ္မာရုံတော်ကြီး၌ ကျင်းပရာမန္တလေးမြို့ မြစေတီကျောင်းတိုက်မှ ရွှေနီကန်ဆရာတော် အရှင်ပညာဝုဓ (နယ်လှည့်ဓမ္မကထိက) ကြွရောက်တော်မူပြီး တက်ရောက်လာသည့် အလှူရှင်များက ဆရာတော်အား သြကာသ ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကာ ဆရာတော်ထံမှ  ငါးပါးသီလတော်မြတ်အား    ခံယူဆောက်တည်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 
-
ဆွမ်းသပိတ်လောင်းလှူရာသို့ မြစ်ကြီးနားမြို့ပေါ်ရှိ ကျောင်းတိုက် ၃၅ တိုက်မှ ဆရာတော်၊ သံဃာတော် နှင့် သာမဏေ ၄၂၃ ပါး ကြွရောက်တော်မူပြီး စေတီတော်ကြီး၏ ပထမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ကျေးလက်ရိုးရာ မြေဝိုင်းပြဇာတ် ခင်းကျင်းကပြခြင်းများ၊ မြန်မာ့ရိုးရာ ဝိုင်းခြင်းအလှခတ်ခြင်းနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများ ကျင်းပပေးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 24, 2018

တောင်ငူမြို့၊ ရှေးဟောင်း ဒက္ခိဏရာမစူဠာမဏိ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံပြီးစီးခြင်း ရေစက်ချမင်္ဂလာနှင့် ရွှေထီးတော်တင်လှူ ပူဇော်ပွဲ ပြုလုပ်

တောင်ငူမြို့၊ ရှေးဟောင်း ဒက္ခိဏရာမစူဠာမဏိ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံပြီးစီးခြင်း ရေစက်ချမင်္ဂလာနှင့် ရွှေထီးတော်တင်လှူ ပူဇော်ပွဲ ပြုလုပ်
-
နေပြည်တော် ဒီဇင်ဘာ ၂၃ 
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဒက္ခိဏရာမကျောင်းတိုက်အတွင်းရှိ   ရှေးဟောင်း ဒက္ခိဏရာမစူဠာမဏိ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံပြီးစီးခြင်း ရေစက်ချ မင်္ဂလာနှင့် ရွှေထီးတော်တင်လှူ ပူဇော်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး၌ ပြုလုပ်ရာ   တောင်ငူမြို့၊ ကြာနီကန် ပရိယတ္တိ စာသင်တိုက်ကျောင်း   ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသူရိယအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး   တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။ 
-
ဦးစွာ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများကကြာနီကန် ကျောင်းတိုက်ဆရာတော်ထံမှငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဂေါပကအဖွဲ့များမှ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်များ ယူဆောင်၍ စေတီတော်ရင်ပြင် အတွင်း ပက်ဖျန်း၊ ကြဲဖြန့်၊ ချည်နှောင်ခြင်းများ ဆောင်ရွက်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များထံ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကြာနီကန်ကျောင်းတိုက်ဆရာတော်ထံမှ  အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ 
-
ဆက်လက်၍ ရွှေထီးတော်၊ စိန်ဖူးတော်၊ငှက်မြတ်နားတော်တင်လှူ ပူဇော်ပွဲကို ကျင်းပပြုလုပ်ရာ ဒက္ခိဏရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဒေါက်တာကုဏ္ဍလ အမှူးပြု၍တိုင်းမှူးနှင့်  စေတနာရှင် အလှူရှင်များက ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြကာ မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူ ပူဇော်သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 19, 2018

မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီး စေတီတော်ကြီးတွင် ကပ်လှူမည့် ရွှေဆိုင်းအလှူတော်ငွေများ ပေးအပ်လှူဒါန်း

မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီး စေတီတော်ကြီးတွင် ကပ်လှူမည့် ရွှေဆိုင်းအလှူတော်ငွေများ ပေးအပ်လှူဒါန်း
-
နေပြည်တော်  ဒီဇင်ဘာ  ၁၈ 
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင်  လေးကျွန်းဆီမီး စေတီတော်ကြီးတွင် ကပ်လှူမည့်  ရွှေဆိုင်းများအတွက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ  အရာရှိ၊စစ်သည်၊  မိသားစုများက  လှူဒါန်းသည့် အလှူတော်ငွေများ ပေးအပ်လှူဒါန်းခြင်းကို ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် အဆိုပါ စေတီတော်ကြီး ရင်ပြင်ဓမ္မာရုံ၌ ပြုလုပ်ရာနိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ကံသာကျောင်း ဆရာတော်  ဘဒ္ဒန္တဝိမလ  အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြသည်။ 
-
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများက ကံသာကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးပရိတ်တရားတော်များ နာယူကြသည်။ 
-
ထို့နောက်  တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရွှေဆိုင်းအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းရာ ဂေါပကတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် သံဃာတော်များအားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်း ရရှိသည်။                     
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, December 6, 2018

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်
-
နေပြည်တော် ဒီဇင်ဘာ ၅
-
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဓမ္မာရုံ၌ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာဂနဝ္ထါစကပဏ္ဍတိ ၊ အဂမ္ဂ ဟာဂနဝ္ထါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်ဝတ် အသင်းများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်နယ် သံဃနာယက အကျိုးတော်ဆောင် ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသော ဝတ်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်သည်။
-
အဆိုပါ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ပြိုင်ပွဲဝင်ဝတ်အသင်း ၂၄ သင်းဖြင့် ဒီဇင်ဘာ ၁ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ရွတ်ဆို ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, December 4, 2018

တောင်ငူမြို့၏ ပဉ္စမ အကြိမ်မြောက် မြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်

တောင်ငူမြို့၏ ပဉ္စမ အကြိမ်မြောက် မြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်
-
နေပြည်တော်   ဒီဇင်ဘာ   ၃ 
-
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏ ပဉ္စမအကြိမ်မြောက် မြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်းတွင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်အနီး၌ ပြုလုပ်ရာ မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်မြို့များ ရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်များ ကြွရောက်တော်မူကြသည်။
-
အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊အရာရှိ၊ စစ်သည်၊မိသားစုများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ပရိယတ္တိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် ၁၇ဝဝ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ဆရာကြီး/ဆရာလေး ၂ဝဝ ပါးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူ ခဲ့ကြကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger