www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ကားလောက. Show all posts
Showing posts with label ကားလောက. Show all posts

Monday, October 1, 2018

ဖောက်စွပ်ယာဉ် ဖောက်စွပ်ယာဉ် ပြုလုပ်မှုများရှိ၍ ပြုလုပ်မှုများရှိ၍ ရန်ကုန်မြို့ ရှိ ကားဘော်ဒီရုံများကို ကားဘော်ဒီရုံများကို ရှောင်တခင် ရှောင်တခင် စစ်ဆေးမည်

ရန်ကုန်   စက်တင်ဘာ  ၃ဝ
-
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကားဘော်ဒီရုံများကို ရှောင်တခင်ဝင်ရောက်စစ် ဆေးမည်ဖြစ်ပြီး မော်တော်ယာဉ်အလုံးချိန်းခြင်းပြုလုပ်နေသည်ကိုတွေ့ရှိပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကုန်းလမ်း
ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က-ည-န)မှ သိရသည်။ ဖောက်စွပ်ယာဉ်များကို လက်ခံမည် မဟုတ်သည့်အတွက် အဆိုပါယာဉ်များအား လုပ်ဆောင်ပေးနေသည့် ကားဘော်ဒီရုံများကို
အရေးယူရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
-
လက်ရှိတွင် ဖောက်စွပ်ယာဉ်များနှင့်ပတ်သက်၍ သိမ်းဆည်းခြင်း၊ မှတ်ပုံတင်ဖျက် သိမ်းခြင်းများပြုလုပ်လျက်ရှိပြီး လတ်တလောတွင် လိုင်စင်မဲ့ယာဉ်ဖောက်စွပ်ပုံစံအသစ် ဖြစ်သည့်  Chassis No ပါသော မှတ်ပုံတင်
ပြီးသားယာဉ်၏ ရှေ့ကိုယ်ထည်ဦးခေါင်းပိုင်းနှင့် ရုပ်ပုံစံထွက်တူ လိုင်စင်မဲ့ယာဉ်တစ်စီး၏ အနောက်ကိုယ်ထည်ပိုင်းခါးလယ်မှ ဖြတ်ဆက်၍ Member တန်းကြီးတစ်ခုလုံး ပါးခြမ်းမှဖြတ်ထုတ်ကာ ခါးမှပြန်ဆက်သည့်ပုံစံများ
ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိနေရကြောင်း သိရသည်။
-
ယင်းအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကားဘော်ဒီရုံများသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမည်ဖြစ်ကာ ဖောက်စွပ်ပြုလုပ်ထားသောယာဉ်များသည် နည်းပညာပိုင်းအရ စိတ်မချရသည့်အတွက် အသုံး
ပြုပါက အန္တရာယ်ရှိသောကြောင့် စစ်ဆေး အရေးယူမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
-
ထို့ပြင် မော်တော်ယာဉ်အစိတ်အပိုင်းများ မမှန်မကန်ပြုလုပ်ခြင်းနှင့် ဖြတ်ဆက်ပြုလုပ် ထားခြင်းများ စစ်ဆေးတွေ့ရှိပါက ၂ဝ၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၈ (င)အရ မှတ်ပုံတင်ဖျက်သိမ်းခြင်းအပြင် အလုံး
ချိန်းပြုလုပ်နေသည့် ကားဘော်ဒီရုံများကိုလည်း ထိရောက်စွာအရေးယူနိုင်ကြောင်း၊ ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်များကို အာမခံထားရှိရန်လိုအပ်ပြီး ယာဉ်တိမ်းမှောက် ခြင်း၊ မတော်တဆဖြစ်ခြင်းများကြောင့် ပြန်
လည်ပြုပြင်မှုများပြုလုပ်ရန်ခက်ခဲပါက တိုက်ကြေအဖြစ် အရည်ကျိုအပ်နှံရန် လိုအပ်ကြောင်း သိရသည်။
-
ထို့ကြောင့် တရားမဝင်ဘော်ဒီအလုံးချိန်းနှင့် ဖောက်စွပ်၊ ဖြတ်ဆက်ခြင်းများ မပြုလုပ်ကြရန်နှင့် မမှန်မကန်ပြုပြင်ထားသောယာဉ်များ လက်ဝယ်ထားရှိခြင်းသည် မှတ်ပုံတင်ရာတွင် အခက်အခဲများရှိနိုင်သောကြောင့်
မော်တော်ယာဉ်ဝယ်ယူရာတွင် နားလည် တတ်ကျွမ်းသူများနှင့် စစ်ဆေးဝယ်ယူကြရန် လိုအပ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, October 12, 2017

၂ဝ၁၈ ခုနှစ်တွင် ဘယ်မောင်းကားများ တင်သွင်းတော့မည် ဖြစ်သောကြောင့် မန္တလေးမြို့တွင် ညာမောင်းကားများ ဈေးနှုန်းတစ်ဆခွဲ ခန့်ထိမြင့်တက်နေ



မန္တလေး ၁၂-၁၀-၂၀၁၇

၂ဝ၁၈ခုနှစ်တွင် ဘယ်မောင်းကားများသာ တင်သွင်းတော့မည် ဖြစ်သောကြောင့် မန္တလေးမြို့တွင် ညာမောင်းကားများ ဈေးနှုန်းတစ်ဆခွဲခန့်ထိ မြင့်တက်နေကြောင်း မန္တလေးမြို့ ကားဝယ်ရောင်းပွဲ စားကြီးများစခန်းမှ အတွင်းရေးမှူးဦးရဲညွန့်က ပြောပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂ဝ၁၈ခုနှစ်တွင် မော်တော်ယာဉ် မူဝါဒအသစ်ကို ရေးဆွဲနေပြီး မူဝါဒအသစ်တွင် ၂ဝ၁၈ခုနှစ် ဘယ်မောင်းကားများသာ တင်သွင်းသွားရန် အလားအလာရှိနေသည့် အတွက်  ရန်ကုန်မြို့ကြီးအပါအဝင် မန္တလေးမြို့တွင်လည်း ညာမောင်းကားများကို ဝယ်ယူမှုများရှိနေကြောင်း သိရသည်။

 မန္တလေးမြို့တွင် ယခုလက်ရှိ ငွေကျပ်သိန်း ၁ဝဝ မှ ၁၅ဝ ကြားညာမောင်းကားများ အရောင်းအဝယ်ဖြစ်နေပြီး ငွေကျပ်သိန်း ၃၅ဝ နှင့်မော်ဒယ်မြင့်ကားများ အရောင်းအဝယ် အေးနေကြောင်း၊ ယခင်ကငွေကျပ်သိန်း ၃၅ဝ တန်  ကားများမှာယခု လက်ရှိ ငွေကျပ်သိန်း ၇ဝဝ ခန့်ထိ ပေါက်ဈေးရှိနေသည့် အတွက်ငွေကျပ် သိန်း ၁ဝဝ နှင့်ငွေကျပ်သိန်း ၁၅ဝ ကြား ဂျပန်ညာမောင်း ကားများကိုသာဝယ်ယူမှု များပြားလျက်ရှိကြောင်း သိရသည်။

" အရင်ကတည်းက မန္တလေးမြို့မှာ ညာမောင်းဂျပန်ကားတွေကိုပဲ အသုံးပြုကြတာများတယ်။ အခုလာမယ့်နှစ်မှာ တင်သွင်းမယ့်ဘယ်မောင်း တရုတ်၊ကိုရီးယား၊ အမေရိကန်အမျိုးအစားတွေကိုသာ တင်သွင်းတော့မှာ ဆိုတော့ ယာဉ်အသုံးပြုသူတွေ အနေနဲ့ရော ပွဲစားတွေအနေနဲ့ပါ စိုးရိမ်မှုအပါအဝင် စိတ်ဝင်စားမှုတွေပါ ဖြစ်နေတယ်။ ပြီးတော့ မော်ဒယ်ကလဲ ၂ဝ၁၄ခုနှစ်အထက် ကားတွေပဲဆို တော့လာမယ့်နှစ်မှာ အရောင်းအဝယ်က သိပ်အဆင်  မပြေနိုင်ဘူ" ဟု မန္တလေးမြို့ကားဝယ်ရောင်း ပွဲစားကြီးများစခန်းမှ ဒုတိယဥက္ကဋ္ဌဦးကျော်လွင်က ပြောပြသည်။

ယခုလက်ရှိ အချိန်တွင်လည်း မန္တ လေးမြို့နေ ပြည်သူလူထုစိတ်ဝင် စားမှုအများဆုံးမှာ ဂျပန်ကားညာမောင်းများကိုသာ စိတ်ဝင်စားမှု ရှိနေသည့်အတွက် ဈေးနှုန်းမြင့်မားသည့် ဘယ်မောင်းကားများကို ဝယ်ယူစီးနင်းမှု အနည်းငယ်သာရှိ လာနိုင်ကြောင်း၊ ယခင်ကတည်းက မန္တလေးမြို့တွင်ညာမောင်းကားများ ကိုသာအသုံးပြုခဲ့သည့် အတွက်စီးနင်း ရာတွင်လည်း အခက်အခဲများရှိလာ နိုင်ကြောင်း၊ ယခုလက်ရှိအချိန်တွင် ညာမောင်းများအစား ဘယ်မောင်း ၂ဝ၁၄ မော်ဒယ်မြင့်ကားများသာ တင်သွင်းတော့မည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Tuesday, September 12, 2017

တစ်ပိုင်တစ်နိုင် မော်တော်ယာဉ်အရောင်းအဝယ် ပြုလုပ်သူများက အထပ်မြင့်ယာဉ် ရောင်းချသည့်နေရာ ပြုလုပ်ပေးရန် တောင်းဆိုထား



ရန်ကုန် ၁၂-၉-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တစ်ပိုင်တစ်နိုင် မော်တော်ယာဉ် အရောင်းအဝယ် ပြုလုပ်သူများအတွက် တစ်နေရာတည်း၌ ယာဉ်ရောင်းချ နိုင်သောနေရာ ပြုလုပ်ပေးရန် လွှတ်တော်ကိုယ်စားလှယ် များထံတောင်းဆို ထားကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဗဟိုမှ သိရသည်။

ရန်ကုန်မြို့ ပြင်ပနေရာ၌ တစ်ပိုင်တစ်နိုင် မော်တော်ယာဉ်ရောင်း သူများအတွက် မော်တော်ယာဉ်နှင့် ဆက်စပ်သည့် ပစ္စည်းများနှင့် အထပ်မြင့်မော်တော်ယာဉ် ရောင်းဝယ်ရေးနေရာ လုပ်ဆောင်ပေး မည်ဆိုပါက မော်တော်ယာဉ် ဝယ်သူများ အနေဖြင့် တစ်နေရာတည်း၌ လာရောက်ကြည့်ရှု နိုင်မည်ဖြစ်ပြီး စခန်းများ၌ အခွန်အခယူပြီး မော်တော်ယာဉ်များကို ညအိပ်လက်ခံပေးပါက နေ့စဉ်လိုလို ဝင်ထွက် သွားလာနေသည့် မော်တော်ယာဉ်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့ကျမည်ဖြစ်သဖြင့် အထပ်မြင့် မော်တော်ယာဉ်ရောင်းဝယ်ရေး နေရာကို အမြန်ဆုံးအကောင်အထည် ဖော်ပေးရန် လိုအပ်ကြောင်း ရန်ကုန်မြို့၌ တစ်ပိုင်တစ်နိုင် မော်တော်ယာဉ် ရောင်းဝယ်ရေး ပြုလုပ်နေသူများက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး၌ တစ်ပိုင်တစ်နိုင် မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းများဖြစ်သည့် လှိုင်ယာဉ်ရောင်း ဝယ်ရေးစခန်း၊ သီရိမင်္ဂလာယာဉ် ရောင်းဝယ်ရေးစခန်းနှင့် သံသုမာယာဉ် ရောင်းဝယ်ရေးစခန်းတို့ကို ရောင်းဝယ်ခွင့်ပြုထားပြီး တခြားအသိအမှတ် မပြုထားသည့် ယာဉ်ရောင်းဝယ်ရေး စခန်း ၁၇ ခုရှိကာ နေ့စဉ်ယာဉ်အစီးရေ ၄ဝဝဝ ကျော်အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆိုပါမော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းများ၌ မော်တော်ယာဉ်များကို ညအိပ်ခွင့်မပြုဘဲ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်းသာ ဝင်ရောက်ရောင်းချခွင့် ပေးထားကြောင်း သိရသည်။

#Themyawadydaily

Thursday, July 27, 2017

ယခုနှစ်တွင် ပြည်ပမှမော်တော်ယာဉ် တင်သွင်းမှုနှုန်းကျဆင်း



ရန်ကုန် ၂၇-၇-၂၀၁၇

ယခုနှစ်တွင် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာ၌ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ ပြောင်းလဲသတ်မှတ်လိုက် ခြင်းကြောင့် ယခင်နှစ်များထက် မော်တော်ယာဉ် တင်သွင်းမှုနှုန်း ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် မော်တော်ယာဉ် တင်သွင်းရာ၌ Free ပါမစ်ဖြင့် တင်သွင်းခြင်းထက် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သော ပါမစ်ဖြင့်သာ အဓိကတင်သွင်း လျက်ရှိသည်။ တင်သွင်းမှု လျော့ကျသွားသော မော်တော်ယာဉ်များမှာ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီရှိယာဉ်များဖြစ်ပြီး ပြည်ပမှတင်သွင်းမှုနှုန်း ကျဆင်းသော အကြောင်းရင်းမှာလည်း ယင်းမော်တော်ယာဉ် များဝယ်လိုအား ကျဆင်းခြင်းကြောင့် ဖြစ်သည်။

''တခြားအကြောင်းရင်း တစ်ခုကလည်း ကားတွေတင်သွင်း တဲ့အခါ ပေးဆောင်ရတဲ့ အခွန်နှုန်းထား တိုးမြှင့်လိုက်တာကြောင့် ဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့ လှိုင် မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းမှ ဝါရင့်ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုကျော်ကျော်က ပြောသည်။

ပြောင်းလဲသတ်မှတ် လိုက်သော စည်းမျဉ်းစည်းကမ်း များအရ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး မော်တော်ယာဉ်များ တင်သွင်းရာတွင် အိမ်စီးယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ၂ဝ၁၅ မော်ဒယ်မှ ၂ဝ၁၇မော်ဒယ် အမျိုးအစားများ တင်သွင်းမည်ဆိုပါက ဘယ်မောင်း တစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြု ထားကြောင်း သိရသည်။

#Themyawadydaily

Friday, February 17, 2017

မြန်မာနိုင်ငံထုတ် ဆူဇူကီး(မြန်မာ) Carry ကုန်တင်ယာဉ်ငယ်များ လာအိုနိုင်ငံသို့ တင်ပို့ရောင်းချမည်



ရန်ကုန် ၊ ၁၇-၂-၂၀၁၇

သီလဝါအထူး စီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံ၍ ထုတ်လုပ်လျက် ရှိသော ဆူဇူကီး(မြန်မာ) မော်တာကုမ္ပဏီမှ Carry အမျိုးအစား မော်တော်ယာဉ် များကို လာအိုနိုင်ငံသို့ တင်ပို့ရောင်းချ သွားမည် ဖြစ်ကြောင်း ဆူဇူကီး(မြန်မာ) မော်တာ ကုမ္ပဏီမှ သိရသည်။

သီလဝါအထူး စီးပွားရေးဇုန် တွင် တပ်ဆင် ထုတ်လုပ်နေသော ဆူဇူကီး (မြန်မာ) မော်တာကုမ္ပဏီ သည် Carry အမှတ်တံဆိပ် ကုန်တင်ယာဉ်ငယ် တစ်စီးကို ယမန်နေ့က ပထမဆုံးအဖြစ် လာအိုနိုင်ငံသို့ ရေကြောင်း ခရီးဖြင့် တင်ပို့ရောင်းချနေပြီ ဖြစ်သည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ၌ ထုတ်လုပ် တပ်ဆင်သော ဆူဇူကီး (မြန်မာ) Carry ကုန်တင်ယာဉ်ငယ် များကို လာအိုနိုင်ငံမှ မှာယူမှုအပေါ် ပို့ကုန်အဖြစ် တွင်ကျယ်စွာ ထုတ်လုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံထုတ် ဆူဇူကီး (မြန်မာ) Carry ကုန်တင်ယာဉ်ငယ် များကို လာအို နိုင်ငံရှိ တရားဝင်ဖြန့်ဖြူး ရောင်းချခွင့် ရသော KP3G & Nomura Trading ကုမ္ပဏီမှ လာအို ကားဈေးကွက်တွင် ထိုးဖောက်နိုင်ရန် ပထမဆုံး ခြေလှမ်း စတင်ခြင်း ဖြစ်သည်။

ဆူဇူကီး (မြန်မာ) Carry ကုန်တင်ယာဉ် ငယ်မှာ အရှည် ၃၂၃၅ မီလီမီတာ၊ အကျယ် ၁၃၉၅ မီလီမီတာ၊ အမြင့် ၁၇၆၅ မီလီမီတာ၊ အင်ဂျင် အမျိုးအစား ၁ ဒသမ ဝ လီတာ၊ အက် ၁ဝ အေ ဓာတ်ဆီအင်ဂျင် (1.OL F10 A Gasolie Engine ၊ ဂီယာ အရွှေ့အပြောင်း ငါးချက် (5-MT) ရှိသည်။

''ဆူဇူကီး (မြန်မာ) မော်တာ ကုမ္ပဏီကထုတ်တဲ့ Carry ကုန်တင်ယာဉ်ငယ် တွေက မြန်မာနိုင်ငံ ဈေးကွက်နဲ့ ကားလေး လောကမှာ နာမည်တစ်ခုနဲ့ အချိန်အတော် ကြာကြာ လက်ခံရပ်တည် ထားနိုင်ပါတယ်။ အခု အခါမှာ မြန်မာနိုင်ငံက ဆူဇူကီး (မြန်မာ) မော်တာ ကုမ္ပဏီက ထုတ်လုပ်တဲ့ Carry ကုန်တင်ယာဉ်ငယ်ကို ပထမဆုံးပြည်ပ တင်ပို့မှုအဖြစ် စတင်လိုက် တာပါ'' ဟု ဆူဇူကီး (မြန်မာ) မော်တာကုမ္ပဏီမှ ဦးဆောင် ညွှန်ကြားရေးမှူး မစ္စတာဆူဂီယာမ က ပြောသည်။

မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံထုတ် ဆူဇူကီး (မြန်မာ) Carry ကုန်တင်ယာဉ်ငယ် ကို ၁၉၉၈ ခုနှစ်မှ စတင်တပ်ဆင် ထုတ်လုပ်ခဲ့ရာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ အထိ ယာဉ်အစီးရေ ၆ဝ၂၅ စီး ထုတ်လုပ် ထားပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Wednesday, January 18, 2017

ဈေးနှုန်းကျလျက် ရောင်းမသွက်သည့် ကားဈေးကွက်


ဈေးနှုန်းကျလျက် ရောင်းမသွက်သည့် ကားဈေးကွက်

မြန်မာနိုင်ငံတွင် မှတ်ပုံတင်သက်တမ်း ကြာမြင့်သည့် မော်တော်ကားများအား ပယ်ဖျက်ရေးနှင့် အစားထိုး တင်သွင်းရေးကို နိုင်ငံတော်အစိုးရက ၂ဝ၁၁ ခုနှစ် စက်တင်ဘာမှ စတင် ဆောင်ရွက်ခဲ့သည်။ လုပ်ငန်း ဆောင်ရွက်သည့် ရည်ရွယ်ချက်များမှာ ယာဉ်အို ယာဉ်ဟောင်း များသည် စက်သုံးဆီပိုမို သုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှု သက်သာစေရန်၊ ယာဉ်များ၏ ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရန်၊ ယာဉ်များမှ ထွက်သော မီးခိုးငွေ့များကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု လျော့နည်းသက်သာ စေရန်တို့ ဖြစ်သည်။

ပုဂ္ဂလိကပိုင် မော်တော်ယာဉ် များကို အစားထိုး လဲလှယ်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများ ပူးပေါင်းဆောင်ရွက် ကြရာတွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု  ဦးစီးဌာန၌ မှတ်ပုံတင် ထားသည့် မော်တော်ကားများ အနက် မှတ်ပုံတင်သက်တမ်း နှစ် ၄ဝ ကျော်ယာဉ်များ၊ နှစ် ၃ဝ ကျော်မှ နှစ် ၄ဝ ကြား သက်တမ်းရှိ ယာဉ်များ၊ နှစ် ၂ဝ မှ နှစ် ၃ဝ ကြားသက်တမ်းရှိ ယာဉ်များကို အဆင့်ဆင့် ဆောင်ရွက်ရန် သတ်မှတ် ထားသည်။ 

ယာဉ်ပိုင်ရှင်များ အနေဖြင့် ကားဟောင်းအပ်နှံရေး ကိစ္စ ဆောင်ရွက်ပြီးစီး ပါက အပ်နှံမှု အမှတ်အသား တစ်စောင်ထုတ်ပေးပြီး ယာဉ်ဟောင်းကို ဆက်လက် အသုံးပြုနိုင်ကာ ၄င်းယာဉ်အတွက် အစားလဲလှယ်မည့် မော်တော်ယာဉ် ကို မှာယူရာတွင် ထုတ်လုပ်သည့် မူလနိုင်ငံ၏ ရောင်းဈေး အမေရိကန်ဒေါ်လာ ၃၅ဝဝ ထက်မပိုသော ယာဉ်တစ်စီး ဝယ်ယူခွင့်ပါမစ် ရရှိကြသည်။ အဆိုပါဝယ်ယူခွင့် ပါမစ်ဖြင့် ၁၉၉၅ ခုနှစ်နှင့် အထက် ပုံစံ(Model) ရှိ မော်တော်ကားကို နိုင်ငံခြားမှ မှာယူတင်သွင်း ကြရသည်။

ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် စစ်ကျန်ကားကြီး များမှာ သံရည်ကျို စက်ရုံတွင် လမ်းဆုံးပျောက်ကွယ် သွားသည်။ စစ်ကျန်ကားကြီးများ ဆိုသည်မှာ ဒုတိယကမ္ဘာစစ် အတွင်းက မဟာမိတ်တပ် များအား ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် ဂျပန်တပ်များက တိုက်ထုတ်သဖြင့် မဟာမိတ်တို့ ဆုတ်ခွာရာ လမ်းကြောင်းများ၌ပ စ်ထားခဲ့သော မော်တော်ကားကြီးများ ဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာတို့က ၄င်းကားကြီးများမှ အစိတ်အပိုင်း များဖြုတ်ယူကြပြီး စုပေါင်းစပ်ပေါင်း ပြန်လည်တပ်ဆင် အသုံးပြုခဲ့ကြသော မော်တော်ကား ကြီးများမှာ မှတ်ပုံတင် သက်တမ်းနှစ်ပေါင်း ၄ဝ ကျော်စာရင်းတွင် ပါဝင်သည်။ ထို့ပြင် ဖဆပလ အစိုးရကာလတွင် ပြည်ပမှဝယ်ယူ တင်သွင်းသော မော်တော်ကား များနှင့် နောက်ပိုင်း တော်လှန်ရေး အစိုးရကာလ ဂျပန်နိုင်ငံက စစ်လျော်ကြေး အဖြစ် ပေးသော မော်တော်ကား များလည်း ပါဝင်ကြသည်။

နိုင်ငံတော်အစိုးရက ယာဉ်အို ယာဉ်ဟောင်းများ မှတ်ပုံတင် ပယ်ဖျက်ရေးနှင့် အစားထိုး လဲလှယ်ရေး ဆောင်ရွက်မည့် အစီအစဉ် ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁ဝ ရက်တွင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာ လိုက်ရာ အထက်တွင် ဖော်ပြခဲ့သော မူလနိုင်ငံ ၏ ရောင်းဈေး အမေရိကန်ဒေါ်လာ ၃၅ဝဝ ထက်မပိုသော ယာဉ်တစ်စီး ဝယ်ယူခွင့်ပါမစ် ထုတ်ပေးမည် ဆိုသော သတ်မှတ်ချက်သည် ရန်ကုန်မြို့၏ ကားဈေးကွက်ကို ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဆုံး အခြေအနေသို့ ရောက်စေခဲ့ ကြောင်း ထိုအချိန်က ဝေဖန်သံများ ကြားရသည်။ မူလက မြန်မာကျပ်ငွေ ၁၅ သိန်း၊ သိန်း ၂ဝ သာ ပေါက်ဈေးရှိသော လေးဘီး ကားကလေးများနှင့် မာဇဒါ ဖယ်မလီယာ ကားများကို ဝယ်ယူစုဆောင်း ကြသော သတင်းများလည်း ရန်ကုန် ကားဈေးကွက်ကို အကြီးအကျယ် ဂယက်ရိုက်ခတ် စေခဲ့သည်ဟု ဆိုကြသည်။

ယနေ့ကာလတွင် သက်တမ်းနှစ်ပေါင်း ၂ဝ ကြာခဲ့ပြီ ဖြစ်သော ၁၉၉၅ ခုနှစ်က မှတ်ပုံတင် ထားသည့် မော်တော်ကားများကို အစားထိုး လဲလှယ်ရေး ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်ကြောင့် ရန်ကုန် မော်တော်ကား ဈေးကွက်တွင် ယခင်ရက်များက ပေါက်နေသော ဈေးနှုန်းထက် သိန်း ၃ဝ ခန့်ကျဆင်း သွားကြောင်း မီဒီယာများက ဖော်ပြထားကြပြီး ဈေးနှုန်းအကျ သွက်သော်လည်း ကားအရောင်းအဝယ် က ခက်နေကြောင်း သိရသည်။ ၂ဝ၁၁ ခုနှစ်က ဆောင်ရွက်ခဲ့သော ယာဉ်အို ယာဉ်ဟောင်းများ အပ်နှံလဲလှယ်ရေး အစီအစဉ်သည် ကားဈေးကွက်ကို ရိုက်ခတ် စေခဲ့သော်လည်း ပွဲစားများ ရွှေဖြစ်သည့် အနေအထားမျိုး တွေ့ရပြီး ယခု အခြေအနေသည် ယခင် အနေအထားနှင့် ပြောင်းပြန် ဖြစ်ကြောင်း တွေ့ရသည်။

နိုင်ငံတော်က ဆောင်ရွက်နေသော ယာဉ်အို ယာဉ်ဟောင်းများ အပ်နှံရေး အစီအစဉ်၏ ရည်ရွယ်ချက်တွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု လျော့နည်းရေး သည် ထင်သာမြင်သာ သည့် အနေအထား မဟုတ်သော်လည်း အားလုံးသတိပြု မိကြဖို့လိုသည်။ လေထုအတွင်း လူနှင့်သက်ရှိ များကို အန္တရာယ် ဖြစ်စေနိုင်သည့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့၊ မီးခိုးနှင့် ဖုန်မှုန့်များ ပါဝင်မှုများကို လေယာဉ်ပျံများ၊ သင်္ဘောများနှင့် မော်တော်ကားကြီး ကားငယ်တို့က ဖန်တီးကြခြင်း ဖြစ်သည်။ လေထု ညစ်ညမ်းမှုကြောင့် လူတို့အတွက် အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု မြင့်မားနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) မှတ်တမ်းများအရ သိရပေရာ ဈေးနှုန်းကျလျက် ရောင်းမသွက် သည့် ကားဈေးကွက်သည် ရေစီးတစ်ခါ ရေသာတစ်လှည့် အခြေအနေသာ ဖြစ်သဖြင့် ပြည်သူ့ ကျန်းမာရေး ရှုထောင့်ကိုလည်း ဦးစားပေးရန် လိုအပ်ကြောင်း မြဝတီက တိုက်တွန်း လိုက်ရပါသည်။ 

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

Friday, November 4, 2016

Suzuki နှင့် Nissan ကုမ္ပဏီများမှ ပြည်တွင်း၌ မော်ဒယ်မြင့် ဆလွန်းကားများ ရောင်းချမည်



ရန်ကုန် ၊ ၄-၁၁-၂၀၁၆

ဂျပန်နိုင်ငံ၏ နာမည်ကြီး ကားကုမ္ပဏီများ ဖြစ်သည့် Suzuki နှင့် Nissan ကုမ္ပဏီများမှ မကြာမီ ၄င်းတို့၏ နောက်ဆုံး ထုတ်လုပ်ထားသည့် မော်ဒယ်မြင့် ဇိမ်ခံဆလွန်းကား အမျိုးအစားသစ် များကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ တွင် ပြည်တွင်း၌ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အခုရောင်းချမယ့် ကားအမျိုးအစား က မြန်မာနိုင်ငံထဲ မှာပဲ ထုတ်လုပ်ထားတဲ့ ၂ဝ၁၇ မော်ဒယ်မြင့် ဇိမ်ခံ ဆလွန်းကား အမျိုးအစားပါ။ ဈေးနှုန်း ကိုလည်း ပြည်သူတွေ ဝယ်ယူစီးနင်း နိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချ ပေးသွားမှာပါ။ Suzuki ကုမ္ပဏီ အနေနဲ့ နောက်ပိုင်းမှာ လည်း မော်ဒယ်မြင့် ဇိမ်ခံကား အမျိုးအစား သစ်တွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီး ရောင်းချ သွားမှာပါ'' ဟု Suzuki (Myanmar) Motor ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr.Takayuki Sugiyama ကပြောသည်။

Suzuki ကုမ္ပဏီမှ ရောင်းချမည့် ယာဉ်များကို Suzuki Ciaz ဟု အမည်ပေး ထားသည်။ အဆိုပါ ကုမ္ပဏီနှစ်ခုမှ မြန်မာနိုင်ငံရှိ စက်ရုံများ၌ ပထမဆုံး ထုတ်လုပ်သည့် မော်ဒယ်မြင့် ဇိမ်ခံ ဆလွန်းကား Suzuki Ertiga ကို ငွေကျပ် ၂ဝ၉ သိန်းဖြင့် ၂ဝ၁၅ ခုနှစ် အတွင်းက ရောင်းချခဲ့ကြောင်း သိရသည်။

Nissan ကုမ္ပဏီမှလည်း ၄င်းတို့၏ အမှတ်တံဆိပ် ကို မြန်မာနိုင်ငံ အတွက် တစ်ဦးတည်း ကိုယ်စားလှယ် ပေးထားသည့် Tan Chong Motor (Myanmar) ကုမ္ပဏီမှ တစ်ဆင့် ၁ ဒသမ ၅ လီတာ အင်ဂျင် အမျိုးအစား တပ်ဆင်ထားသည့် 1.5L SL (ALT) ၊ 1.5L SU (AT) နှင့် 1.5L (MT) အမျိုးအစား သုံးမျိုးကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့ရှိ မြန်မာ ပလာဇာ၌ အမေရိကန် ဒေါ်လာ ၁၅၉၈၈ ဒေါ်လာဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Friday, October 7, 2016

ပြည်တွင်း၌ အသုံးပြုမည့်မော်တော်ယာဉ် တင်သွင်းမှုနည်းလမ်းသစ်ကို ယခုလအတွင်း ရွေးချယ်မည်



ရန်ကုန် ၊ ၇-၁၀-၂၀၁၆

မော်တော်ယာဉ် အပ်ကားများ ရှားပါးလာ ခြင်းကြောင့် ယာဉ်အို ယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့် စာရွက်(စလစ်) ဈေးမြင့်တက် လာမှု အပါအဝင် ကာလရှည် ရပ်နားထားသည့် ရန်ကုန်လိုင်စင်ဖြင့် မော်တော်ယာဉ် တင်သွင်းမှုကို ပြန်လည် လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှု အသင်းမှ လက်ရှိအသုံးပြု နေသည့် မော်တော်ယာဉ် တင်သွင်းမှု နည်းလမ်းများ အစား နည်းလမ်းသစ် ရွေးချယ် အသုံးပြုနိုင် ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြထားရာ ယခုလအတွင်း ယင်း ဝန်ကြီးဌာနက ရွေးချယ်သွားမည် ဖြစ်ကြောင်း အသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''အပ်ကား ရှားလာတာကြောင့် စလစ်ဈေး တွေက တစ်နေ့ထက် တစ်နေ့ အဆမတန် တက်လာပါတယ်။ စလစ်ဈေး တက်လာတာနဲ့ အမျှ ကားဈေးတွေလည်း လိုက်တက် နေပါတယ်။ ဒီလို အနေအထားကို ထိန်းချုပ် နိုင်ဖို့ဆိုတာက ကားတင်သွင်းခွင့် နည်းလမ်း ပြောင်းလဲပြီး ပြည်ပက ကားတွေ ပြည်တွင်းကို ရောက်လာမှသာ ပြေလည် သွားမှာပါ။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနကလည်း တွေ့ကြုံ နေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဒီလအတွင်း ကားတင်သွင်းမှု နည်းလမ်းအသစ်ကို ရွေးချယ် သွားမှာပါ'' ဟု ၄င်းက ပြောသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ရွေးချယ်ပြီးမှသာ နည်းလမ်းသစ်ကို ပြည်တွင်းမှ မော်တော်ယာဉ် တင်သွင်းခွင့်နှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများ အားလုံး ပူးပေါင်းသုံးသပ် အတည်ပြုပြီး ယင်း နည်းလမ်းကို စတင်အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ၂ဝ၁၅ ခုနှစ်မတိုင်မီ က တင်သွင်းခဲ့သည့် မော်တော်ယာဉ် များကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား မှတ်ပုံတင်ရန် ညွှန်ကြားထားရာ ယင်း မော်တော်ယာဉ်များ မှတ်ပုံတင်ရန် စလစ်များ လိုအပ်နေပြီး စလစ်ဈေးနှုန်းများ မြင့်တက် လာခြင်း ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၅)

Friday, July 17, 2015

ကားပါကင် ထောက်ခံချက် လျှောက်ထားသူ နည်းပါးလာသောကြောင့် အမည်ပေါက် လက်ရှိပေါက်ဈေး ပြန်လည် မြင့်တက်ဖွယ်မရှိ



ရန်ကုန် ၊ ၁၇-၇-၂၀၁၅

ရန်ကုန်မြို့တွင် ကားဝယ်ယူရန် အတွက် ကားပါကင် ထောက်ခံချက် လျှောက်ထားသူ နည်းပါး လာသောကြောင့် လက်ရှိ ပေါက်ဈေး ငွေကျပ် သုံးသိန်းခန့်မှ ပြန်လည် မြင့်တက်ဖွယ် မရှိနိုင်ကြောင်း ရန်ကုန်မြို့တွင်း ကားဝယ်ရောင်း စခန်း များမှ သိရသည်။

ကားပါကင် ထောက်ခံချက် ပြုလုပ်ရာ၌ နေရာ အငှားပြ လျှောက်ထား တင်ပြခြင်းကို လက်ခံတော့မည် မဟုတ် သောကြောင့် ကားပါကင် လျှောက်ထားသူ နည်းလာကြောင်း၊ ထို့ကြောင့် ကားပါကင် အမည်ပေါက် ဈေးနှုန်း မှာလည်း လက်ရှိဈေးနှုန်း ငွေကျပ်သုံးသိန်း ခန့်မှ ပြန်လည် မြင့်တက်လာဖွယ် မရှိကြောင်း သိရသည်။

''ကားပါကင် အမည်ပေါက် ဈေးက အခု လက်ရှိမှာ ငွေကျပ်သုံးသိန်း၊ သုံးသိန်း သုံးသောင်းနဲ့ ငွေကျပ် သုံးသိန်း ငါးသောင်း လောက်ထိပဲ ရှိနေပါတယ်။ ကားပါကင်နဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ များလာတော့ လျှောက်တဲ့သူကလဲ နည်းသွားတဲ့ အတွက် ကားပါကင် အမည်ပေါက် ဈေးက ပြန်မတက် နိုင်တော့ပါဘူး ''ဟု တာမွေ သတိပဋ္ဌာန် ကားဝိုင်းမှ ဝါရင့်ဝယ်ရောင်း တစ်ဦးက ပြောပြသည်။

''ရန်ကုန်မြို့တွင်း Downtown ခြောက်မြို့နယ်မှာ ကားပါကင် နေရာမရှိတဲ့ အတွက် ပါမစ် ချမပေးတာ လက်ခံပါတယ်။ ဒါပေမဲ့ Downtown မြို့နယ်တွေက ကားဝယ်စီးတဲ့ သူတွေရဲ့ အမည်ပေါက်က ဒလ၊ တွံတေး၊
ကော့မှူးမြို့နယ် တွေဖြစ်နေတဲ့ အတွက် ညအိပ်ခွန် ဆောင်ခွင့် မပေးတာမျိုး တွေကတော့ မဖြစ်သင့်ပါဘူး။ အဲဒါတွေကြောင့် ကား အရောင်းအဝယ် လုပ်တဲ့ နေရာမှာ ပိုဆိုး သွားတာတွေ ရှိပါတယ် '' ဟု အလုံမြို့နယ်မှ ဝါရင့် ကားဝယ်ရောင်း တစ်ဦးက ပြောပြသည်။

ဇန်နဝါရီလမှ စတင်၍ ယခု လက်ရှိအချိန်ထိ ကားပါကင် ထောက်ခံချက်ဖြင့် တစ်ဦးချင်း ကားတင်သွင်းခွင့် အစောင်ရေ ၁၄၅ဝဝ ကျော် ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger