www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 18, 2015

အင်းတော်ကြီးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အတွက် စပါးမျိုးရိုင်းများမှာ Universal Value အဆင့်ဝင်နိုင်


အင်းတော်ကြီး ဒေသရှိ ရှားပါး စပါးမျိုးရိုင်းများ

မန္တလေး ၊ ၁၈-၉-၂၀၁၅

မြန်မာနိုင်ငံတွင် အင်းတော်ကြီး ဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်း ၀င်ရန်အတွက် ကြိုးပမ်းလျက် ရှိရာ ထိုကဲ့သို့ စာရင်းဝင်နိုင်ရေး တွင် Universal Value ရှိရန် လိုအပ်ကြောင်း သတ္တဗေဒဆိုင်ရာ ပညာရှင် တစ်ဦးက ပြောပြသည်။

အင်းတော်ကြီး ဒေသတွင် သဘာဝ အမွေအနှစ် များစွာ ရှိသော်လည်း အဓိကအားဖြင့် ကမ္ဘာပေါ်တွင် တစ်နေရာ တည်းသာ အမြောက်အမြား တွေ့ရှိနိုင်သည့် စပါးမျိုးရိုင်း များသည် Universal Value အဆင့်သို့ ၀င်နိုင်သည်ဟု ၄င်းက ဆက်လက် ပြောပြသည်။

" စပါးရိုင်းက မျိုးစိတ် သုံးမျိုးလောက် တွေ့ရပါတယ် ၊ အဓိက ကတော့ ကန်ထဲမှာရှိတဲ့ ရွှေတောင်ကြီး စွယ်နဲ့ လွယ်မွန်စွယ် နားမှာ အမြောက်အမြား တွေ့ရ နိုင်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။ စပါးရိုင်းများ (ပုံ)သည် နှစ်ရှည်ခံ အပင်မျိုး ဖြစ်ပြီး နိုဝင်ဘာလ မှ စတင် ပေါ်လေ့ရှိပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ တို့တွင် အသီးမှည့်ပြီ ဖြစ်ကြောင်း သိရသည်။ စပါးမျိုးများ မှာ Oxyza ruyipogon, Oxyza officinalis နှင့် Oryza granulata တို့ဖြစ်ပြီး ဒေသအခေါ်မှာ နတ်စပါး ဖြစ်သည်။ စပါးမျိုးရိုင်း များမှာ ဧက ၈ဝဝ ခန့်ရှိပြီး စပါး၏ မူလမျိုးရိုးဗီဇ ဖြစ်၍ ကမ္ဘာအဆင့် ကာကွယ်ထားသည့် အဆင့်တွင် ရှိကြောင်း သိရသည်။

ကမ္ဘာအဆင့် ရှားပါး စရင်းဝင် ဖြစ်သည့်အပြင် မျိုးရိုးဗီဇ အနေဖြင့်လည်း အရေးကြီးသော အမွေအနှစ် တစ်ခု ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံမှ သုတေသန ပညာရှင်များ ဖြစ်သည့် ဒေါက်တာ ပရာဆက် နှင့် မူကာရီ တို့၏ သုတေသန မှတ်တမ်းများအရ Tectolic Lake မြေလွှာပြတ်ရွေ့ မှုကြောင့် ဖြစ်သည့် ဘူမိရုပ်သွင် ဖြစ်ပြီး မြေလွှာ ပြတ်ရွေ့မှု၏ ဖြစ်စဉ်အရ ပင်လယ် သမုဒ္ဒရာ အောက်တွင် ရှိခဲ့ရာမှ ပင်လယ်ရေ ဆုတ်ခွာချိန်တွင် ချိုင့်ဝှမ်းကြီး အဖြစ် ဖြစ်ပေါ်လာပြီး ရေကျန်ခြင်းကြောင့် ကန်အဖြစ် တွေ့မြင်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အင်းတော်ကြီး ဒေသတွင် ပင်လယ်၌သာ တွေ့မြင်နိုင်သည့် ငါးမျိုး ၄ မျိုးခန့်ကို ယနေ့တိုင် တွေ့မြင် ရကြောင်း သိရသည်။ ထို့ပြင် ပျက်စီးမှု နည်းပါးပြီး ရှားပါးငှက်မျိုးစိတ် များဖြစ်သည့် လည်မည်း ကြိုးကြာ ၊ ၀န်ပိုငှက် ၊ မီးခိုးရောင် ငန်းရိုင်း တို့ကိုလည်း တွေ့ရှိရပြီး ဆောင်းခိုငှက်များ နှစ်စဉ်လာရောက် နားခိုရာဒေသ တစ်ခုလည်း ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ရှားပါးစာရင်းဝင် ဖြစ်သည့် ကြာနဂါး Enyales Ferox ကိုလည်း တွေ့မြင်နိုင်ကြောင်း သိရသည်။ (၁၇၂)

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger