www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 16, 2015

eTekkatho ဒီဂျစ်တယ် စာကြည့်တိုက်စနစ် စတင် အသုံးပြုနိုင်


 http://www.etekkatho.org/

ရန်ကုန် ၊ ၁၆-၉-၂၀၁၅

ဗြိတိသျှကောင်စီ စာကြည့်တိုက် (ရန်ကုန်)တွင် မန်ချက်စတာ တက္ကသိုလ်မှ ပြုလုပ် ထားသည့် eTekkatho ဒီဂျစ်တယ် စာကြည့်တိုက် စနစ်ကို စက်တင်ဘာလ ၁ဝ ရက်မှ စတင် အသုံးပြု နိုင်ကြောင်းသိရသည်။ 

အဆိုပါ ဒီဂျစ်တယ် စာကြည့်တိုက်တွင် ဘာသာရပ် ပေါင်းစုံမှ လေ့လာ ကိုးကားစရာ စာအုပ်၊ စာတမ်းပေါင်း ၁၇ဝဝ ကျော်နှင့် အထူးစုဆောင်း ထားသော သင်ခန်းစာများ ပါဝင်ပြီး မြန်မာနိုင်ငံ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများတွင် အထောက်အကူ ပြုစေရန် အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်သည်။

eTekkatho ဒီဂျစ်တယ် စာကြည့်တိုက်ကို အင်တာနက်လိုင်း ချိတ်ဆက်ရန် မလိုဘဲ အော့ဖ်လိုင်း အနေဖြင့် အသုံးပြုနိုင် သကဲ့သို့ အင်တာနက် ကွန်နက်ရှင် မမြန်သော နေရာများ တွင်လည်း အွန်လိုင်း အနေဖြင့် အသုံးပြုနိုင်ရန် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း သိရသည်။

စာကြည့်တိုက်တွင် ပါဝင်သော အဓိက ဘာသာရပ် များမှာ Geography, Earth Sciences, Environment, English Language, Education, Teacher Training, Information Technology, Mathematics စသည်တို့ ဖြစ်သည်။ အထူး စုဆောင်းထားသော သင်ကြား လေ့လာရေး ဆိုင်ရာ အထောက် အကူပြု သင်ခန်းစာများ ကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။

eTekkatho ဒီဂျစ်တယ် စာကြည့်တိုက်ကို အင်တာနက်လိုင်း ချိတ်ဆက်ရန် မလိုဘဲ အော့ဖ်လိုင်း စနစ်ဖြင့် တက္ကသိုလ် ၁၂ ခုနှင့် အများပြည်သူသုံး စာကြည့်တိုက် သုံးခုတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အော့ဖ်လိုင်း စာကြည့်တိုက် တပ်ဆင်ထားသော နေရာများတွင် ဝိုင်ဖိုင် ကွန်ရက် တည်ဆောက်ပြီး ဝိုင်ဖိုင်လွှင့်ထား သဖြင့် eTekkatho ဒစ်ဂျစ်တယ် စာကြည့်တိုက်ကို ကွန်ပျူတာ လက်တော့ပ်၊ မိုဘိုင်းဖုန်း များဖြင့်လည်း ဝင်ရောက် ကြည့်ရှု နိုင်မည် ဖြစ်သည်။

ဗြိတိသျှကောင်စီ အသင်းဝင်များ အနေဖြင့် စာအုပ်စာတမ်း ၁၇ဝဝ ကျော်နှင့် ဗီဒီယို သင်ခန်းစာ များကို စာကြည့်တိုက်တွင် အင်တာနက် ချိတ်ဆက်ရန် မလိုဘဲ ဒေါင်းလော့ရယူ အသုံးပြု နိုင်မည် ဖြစ်သည် စာကြည့်တိုက် ပြင်ပတွင်လည်း အင်တာနက် ကွန်နက်ရှင် ရှိသော မည်သည့် နေရာမှ မဆို eTekkatho ဝက်ဘ်ဆိုက် http://www.etekkatho.org/ သို့ သွားရောက်၍ အွန်လိုင်းစာအုပ် စာတမ်းအချို့ ကိုလည်း ဖတ်ရှု လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger