www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 11, 2019

ဖာပွန်မြို့ရှိ ဝေဠုဝန် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ဖာပွန်မြို့ရှိ ဝေဠုဝန် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ကျောင်းတိုက်များမှသံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ဧပြီ ၉ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်၂၇ ပါး၊ သာသနာ့အနွယ်ဝင်သီလရှင် ၃၉ ပါးနှင့် ဒေသခံပြည်သူ ၆၂ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှု များဆောင်ရွက်ပေးသည်။ 
-
ယင်းသို့ဆောင်ရွက် ပေးမှုများကိုတိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအား ပေးပြီး  စားသောက်ဖွယ်ရာများပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။             
-
(၁ဝဝ)  
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger