www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 9, 2019

ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း အနီး၌ တရားမဝင် သစ်များ ဖမ်းဆီးရမိ

ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း အနီး၌ တရားမဝင် သစ်များ ဖမ်းဆီးရမိ
-
နေပြည်တော်  ဧပြီ  ၈ 
-
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် ဧပြီ ၄ ရက် နံနက် ၅ နာရီခွဲခန့်တွင် ဘီလူးကျွန်း၏အနောက်ဘက် မိုင် ၂ဝ အကွာ သို့အရောက်၌မသင်္ကာဖွယ်လှေတစ်စင်း တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ အလျား ၆၈ ပေ၊ အနံ ၁၉ ပေခန့်အရွယ် ပန်သစ္စာ အမည်ရှိ လှေတစ်စင်းပေါ်မှ ပဲ့နင်းဖြစ်သူ ဦးစန်းဝင်း(ဘ)ဦးဘစံ အပါအဝင် အမျိုးသား ၁ဝ ဦးကိုတရားမဝင်သယ်ဆောင်လာသော ပိတောက်သစ်ခွဲသား ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ တရားမဝင်သစ်များ နှင့်အတူ ဖမ်းဆီးရမိသူများအား  ချောင်းဆုံမြို့နယ်၊  သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-

#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger