www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 9, 2019

ရန်ကုန်မြို့ရှိ တိုက်ခန်းများသို့ ရေသန့်ဘူး ပို့ဆောင်သည့် နှုန်းထားများ မြင့်တက်လာ

ရန်ကုန်မြို့ရှိ တိုက်ခန်းများသို့ ရေသန့်ဘူး ပို့ဆောင်သည့် နှုန်းထားများ မြင့်တက်လာ
-
နွေဦးရာသီ ရောက်ရှိလာသောကြောင့်ရန်ကုန်မြို့ရှိတိုက်ခန်းများသို့ ရေသန့်ဘူးပို့ဆောင်သည့် ပို့ခနှုန်းထားများ   မြင့်တက်လာကြောင်း  ဒေသခံပြည်သူများထံမှ သိရသည်။ လက်ရှိတွင် နွေဦးရာသီရောက်ရှိလာပြီး  အပူဒဏ်မြင့်တက်လာသည့်အတွက် ရေသန့်ဘူးပို့သည့်အလုပ်သမားများအား လုပ်အားခ  ပိုပေးရသောကြောင့် ပို့ခနှုန်းထားများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း သိရသည်။ 
-
''အခုရာသီက နေအရမ်းပူပြီး အလုပ်သမားတွေလည်း တိုက်အမြင့်တွေပေါ်တက်ရတာအရမ်းပင်ပန်းတယ်။ဒါကြောင့် လုပ်ခတွေပိုတောင်းလာတယ်။ ပိုမပေးရင်အလုပ်မဆင်းတော့ဘူး ဆိုပြီး ထွက်ကြတယ်။ ဒါကြောင့် အလုပ်သမားတွေအလုပ်မထွက်အောင်လခတိုးပေးရတယ်။ အဲဒီအတွက် ဈေးနှုန်းပိုတောင်းရတာပါ''ဟု သင်္ဃန်း ကျွန်း မြို့နယ်ရှိ ရွှေရည်ဦး သောက်ရေသန့်လုပ်ငန်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။ 
-
ယခင်က ငါးလွှာတိုက်ခန်း (ဓာတ်လှေ ကားရှိပါက)  ရေသန့်ဘူး ပို့ခ တစ်ဘူးလျှင်  ငွေကျပ်  ၆ဝဝ မှ ယခုအခါ ငွေကျပ် ၇ဝဝ၊ ရိုးရိုးလှေကားနှင့်တက်ပါက တစ်ဘူးလျှင် မူလဈေးထက် ငွေကျပ်၂ဝဝ ပိုပေးရကြောင်း နှင့် တိုက်ခန်းမြင့်လျှင် ဈေးနှုန်းပိုပေးရကြောင်း သိရသည်။ 
-
''နွေရာသီဆိုရင် အမြဲတမ်းဈေးတက်တယ်။ မနှစ်ကလည်းတက်တယ်။  ဇွန်လလောက်မှ ပြန်ကျသွားတာ။  တစ်ဘူးကို ငွေကျပ် ၁ဝဝ နှုန်းတက်သွားတယ်။ လုပ်အားခပိုပေးရတာကြောင့်လို့ ပြောတယ်။ မိုးရာသီ ရောက်ရင် ဈေးပြန်ချပေးမယ်လို့ ပြောတယ်။ ဓာတ်လှေကားရှိရင်တော့ တစ်ဘူးကို ငွေကျပ် ၆ဝဝ ကနေ ၇ဝဝ ဖြစ်သွားတယ်။ ဓာတ်လှေကား မီးပြတ်ရင်တော့ မူလဈေး ထက် ငွေကျပ် ၂ဝဝ ပိုပေးရတယ်'' ဟုသင်္ဃန်းကျွန်းမြို့နယ်(ခ)ရပ်ကွက်၌ နေထိုင်သည့် မနန်းကပြောသည်။ ရန်ကုန်မြို့တွင်း၌ နှစ်စဉ် နွေရာသီရောက်တိုင်း ရေသန့်ဘူးပို့ခနှုန်း ထားများမြင့်တက်လေ့ရှိကြောင်း သိရသည်။       
-
 ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger