www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 11, 2019

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သော နွေရာသီ သင်တန်းများ ဆင်းပွဲပြုလုပ်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သော နွေရာသီ သင်တန်းများ ဆင်းပွဲပြုလုပ်
-
နေပြည်တော်​ ဧပြီ ၁ဝ 
-
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက်ဖွင့်လှစ်သည့်ယဉ်ကျေးလိမ္မာ၊အင်္ဂလိပ်စာအခြေခံနှင့်ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲများကိုယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တာဝန်ရှိသူတစ်ဦးက သင်တန်း ဆင်းအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ကျောင်း သား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်ဂုဏ်ပြုဆုများပေးအပ်သည်။ 
-
အဆိုပါသင်တန်းများတွင် ယဉ်ကျေးလိမ္မာသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ ၁၅ဝ ဦး၊ အင်္ဂလိပ်စာ အခြေခံသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ ၁၂ဝ ဦး၊ ကွန်ပျူတာအခြေခံသင်တန်းကို သင်တန်း သား၊ သင်တန်းသူ ၉၁ ဦးတို့ဖြင့် မတ် ၂၅ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger