-
နေပြည်တော် ဧပြီ ၁ဝ
-
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊မုံရွာတပ်နယ်၏ဧကာဒသမအကြိမ်မြောက်စုပေါင်းရဟန်းခံ၊ရှင်ပြုအလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ဇိနမာန်အောင် တပ်ဦးကျောင်း၌ပြုလုပ်ရာမုံရွာမြို့၊ ဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယအမှူးပြု သော သံဃာတော်များကြွရောက်တော်မူ ကြပြီး တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက သံဃာတော်များအား သိမ်ဆင်းလောင်းလှူကြသည်။
-
ထို့နောက် ဝိဇ္ဇာ သိပ္ပံ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ အား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
-
အဆိုပါစုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာ ပထမနေ့ဖြစ်သော ဧပြီ ၉ ရက်နံနက်ပိုင်းတွင်လည်း ရဟန်းလောင်း ၁၁၇ ပါးနှင့် ရှင်သာမဏေလောင်း ၁၃ ပါးတို့သည် ဇိနမာန်အောင်တပ်ဦးကျောင်းတိုက်၌ငါးပါး သီလခံယူ ဆောက်တည်ခြင်း၊ ပရိတ်တရား တော်များနာယူခြင်း၊ ဆံချခြင်း၊ ပဗ္ဗဇ္ဇအမွေရဟန်းနှင့် ရှင်သာမဏေအဖြစ်သွတ်သွင်း ချီးမြှင့်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment