www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2019

သထုံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲကျင်းပ

သထုံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲကျင်းပ
-
သထုံ ဇန်န၀ါရီ ၁၀ 
-
မွန်ပြည်နယ် သထုံမြို့နယ်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက် ဖြေဆိုကြမည့် ကျောင်းသားကျောင်သူများ ဘာသာရပ်ဆိုင်ရာ မေးခွန်းများတွင် လွယ်ကူစွာ ဖြေဆိုနိုင်ရေးအတွက် ဟောပြောပွဲကို ယမန်နေ့က သထုံမြို့ သုဝဏ္ဏခန်းမနှင့် သုဝဏ္ဏမြို့ ကျို က္ကော် အခြေခံ ပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပကြောင်း သိရသည်။ 
-
“ဒီနေ့က ဒသမတန်းမှာရှိတဲ့ ဘာသာရပ်အားလုံးမှာ သတိထားရမယ့် အချက်တွေ၊ မှားတတ် တဲ့အမှားလေးတွေ ပြင်ဆင်တတ်ဖို့ လိုအပ်တာလေးတွေ ဖြည့်ပြီးလာသင်ပေးတာပါ။ သူတို့ သက်ဆိုရင်ရာ ကျောင်းတွေမှာလည်း ဘာသာရပ်အားလုံးနဲ့ဆိုင်တာသင်ကြားပေးပြီးသားပါ။ မှားနိုင်တဲ့ အချက်အလက်တွေကို သတိမထားမိဘဲ ဖြေဆိုသွားရင် အမှတ်ရဖို့ခက်ခဲသွားနိုင်ပါတယ်။ ခုလိုသတိထားရမယ့်နေရာတွေကို လာထောက်ပြသင်ကြားပေးလိုက်လို့ သူတို့လေး တွေ သတိထားမိသွားရင် စာမေးပွဲဖြေဆိုတဲ့နေရာမှာ အခက်အခဲမရှိဘဲ အောင်မြင်နိုင်မှာပါ” ဟု မော်လမြိုင် တက္ကသိုလ်တွဲဖက်ပါမောက္ခ ဒေါက်တာ ခင်နီလာချိုက ပြောသည်။ 
-
မော်လမြိုင် တက္ကသိုလ်မှ ဆရာ၊ ဆရာမများသည် ဇန်န၀ါရီ ၇ ရက်မှ စတင်ကာ မွန်ပြည်နယ် ၁၀ မြို့နယ်သို့ လိုက်လံသွားရောက်ကာ အောင်ချက်မြင့်မားရေးအတွက် ယခုကဲ့သို့ သက်ဆိုင်ရာဘာသာရပ်အလိုက် စာမေးပွဲ အထောက်အကူပြု ဖြေဆိုနည်းများကို မြို့အနယ်အတွင်းရှိ စာသင်ကျောင်းများ၌ ရှင်းလင်းဟောပြောလျက်ရှိကြောင်း သိရသည်။ 
-
မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်အတွင်း ဘာသာရပ်ဆိုင်ရာ ဟော ပြောပွဲများ ကျင်းပခဲ့သည်မှာ ၉ နှစ်ခန့်ရှိပြီး ပေါင်မြို့နယ် အတွင်းရှိ ကျောင်းများတွင် ကျင်းပခဲ့ ပြီးဖြစ်ကာဘီးလင်း၊ ကျိုက်ထိုမြို့နယ်ရှိ ကျောင်းများတွင် ဆက်လက်ကျင်းပပေးမည် ဖြစ် ကြောင်း သထုံခရိုင်အမျိုးသမီးရေးရာ အဖွဲ့မှ သိရသည်။ 
-
သထုံမြို့ရှိ သုဝဏ္ဏခန်းမ၌ ကျင်းပသည့် သထုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းနှင့် အထက်တန်းကျောင်းခွဲ ခုနှစ်ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော်နှင့် ကျိုက္ကော်အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ကျင်းပသည့် ဟောပြောပွဲတွင် တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော်တို့ တက်ရောက်ခဲ့ကြပြီး မော်လမြိုင်တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၁၁ ဦးတို့က သက်ဆိုင်ရာ ဘာ သာရပ်အလိုက် လာရောက်ဟောပြောပေးခဲ့ကြကြောင်း သိရသည်။ 
-
သထုံခရိုင်အတွင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်တို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် ကျောင်းတွင်း၊ ကျောင်းပြင်ပ တက္ကသိုလ်ဝင်စာမေးပွဲကို ၀င်ရောက်ဖြေဆိုရန် ၁၃၅၀၀ ဦး စာရင်းသွင်းထားကြောင်း သထုံခရိုင်ပညာရေးမှူးရုံးမှ သိရသည်။ 
-
အမ်အေကေ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger