www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 13, 2015

ဗိဿနိုးမြို့ဟောင်း မြို့ရိုး ဆက်လက်တူးဖော်ခြင်း မပြုသေးဘဲ တူးဖော်ထားပြီးနေရာ ၆၅ ခုကို ကာကွယ်ထိန်းသိမ်း ထားရှိ




ရန်ကုန် ၊ ၁၃-၁၀-၂၀၁၅

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ် မြို့တော်များတွင် ပါဝင်သည့် ဗိဿနိုးမြို့ဟောင်း ၏ မြို့ရိုးတူးဖော်ခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုလုပ်သေးဘဲ လက်ရှိတွင် ဗိဿနိုး မြို့ဟောင်းနှင့် အခြားသော နေရာဒေသများကို နိုင်ငံတကာ အဆင့်မီ နည်းပညာများဖြင့် ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ သတင်းများ အရ သိရသည်။

လက်ရှိ ဗိဿနိုး မြို့ဟောင်းတွင် ကုန်း အရေအတွက် ၆၅ ခုကို တူးဖော် ထားပြီးဖြစ်သည်။ အဆိုပါ တူးဖော်ပြီးသား ကုန်းများကို လက်ရာမပျက် စေရန် ထိန်းသိမ်းထားပြီး ဗိဿနိုးမြို့ဟောင်း ဒေသအတွင်း ပြင်ပမှ သတ္တဝါနှင့် အခြားသော ပယောဂ များကြောင့် ထိခိုက် ပျက်စီးမှု မရှိစေရန် ကာကွယ် ထိန်းသိမ်း ထားရှိသည်။ လက်ရှိ ဗိဿနိုး မြို့ဟောင်း ဒေသတွင် သစ်တော ဦးစီးဌာနနှင့် ညှိနိုင်း ဆောင်ရွက်ကာ အပင်ငယ်များ စိုက်ပျိုးလျက် ရှိပြီး ထိုသို့ စိုက်ပျိုးရာတွင် သဘာဝ ပတ်ဝန်းကျင် နှင့် ဗိဿနိုးဒေသ ရှေးဟောင်း အမွေအနှစ်များ ထိခိုက်မှု မရှိစေရန်လည်း လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် လက်ရှိတွင် တူးဖော်ပြီးသား အခြေအနေများ ကိုသာ ပျက်စီးထိခိုက်မှု မရှိစေရန် အတွက် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို ဦးစားပေး လုပ်ကိုင် ဆောင်ရွက်လျက် ရှိပြီး ဆက်လက် တူးဖော်ရန် လိုအပ် လာပါက အဆင့်မြင့် နည်းပညာ များကို အသုံးပြုကာ ဆက်လက် တူးဖော် သွားမည် ဖြစ်ကြောင်း သိရသည်။

ဗိဿနိုးမြို့ဟောင်း အပါအဝင် အခြား ပျူမြို့ဟောင်း များမှာ တန်ဖိုး မဖြတ်နိုင်သည့် မြန်မာ့ရှေးဟောင်း အမွေအနှစ်များ ဖြစ်နေသည့် အပြင် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းအတွက် အားထားနေရသည့် အရေးပါသော နေရာဒေသ များလည်း ဖြစ်နေပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရှေးဟောင်းနေရာ ဒေသများလည်း ဖြစ်သည်။ ထို့ကြောင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ နိုင်ငံတကာ အဆင့်မီ နည်းပညာ အကူအညီ များနှင့် ထိန်းသိမ်း
စောင့်ရှောက်လျက် ရှိနေကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger