www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2019

၆၆ ကေဗွီ မိုးကောင်း-ဖားကန့်ဓာတ်အားလိုင်း (၅၅ ဒသမ ဝ၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၁ဝ အမ်ဗွီအေ ဖားကန့် ဓာတ်အားခွဲရုံသို့ ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနား ကျင်းပ

၆၆ ကေဗွီ မိုးကောင်း-ဖားကန့်ဓာတ်အားလိုင်း (၅၅ ဒသမ ဝ၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၁ဝ အမ်ဗွီအေ ဖားကန့် ဓာတ်အားခွဲရုံသို့ ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနား ကျင်းပ
-
နေပြည်တော် ဇန်နဝါရီ ၁ဝ 
-
လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ မိုးကောင်း-ဖားကန့်ဓာတ်အားလိုင်း (၅၅ ဒသမ ဝ၃) မိုင်နှင့် ၆၆/၁၁ကေဗွီ၊ ၁ဝ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အားစတင် ပို့လွှတ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် မိုးကောင်းမြို့ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။
-
ရှေးဦးစွာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖားကန့်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ် ရောက်ရှိရေးအတွက် ကချင်ပြည်နယ် မိုးကောင်းမြို့မှ ဖားကန့်မြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်း (၅၅ ဒသမ ဝ၃)မိုင်တည်ဆောက်ခြင်းနှင့် ဖားကန့်တွင် ၆၆/၁၁ ကေဗွီ၊ ၁ဝ အမ်ဗွီအေဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှစတင်၍ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ကြောင်း၊ မြေပြန့်လွင်ပြင် နည်းပါးပြီး ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၃ဝဝဝ ခန့်မြင့်သည့် တောင်ကုန်း တောင်တန်းများ၊ နက်ရှိုင်းသောချောက်၊ လျှိုများကိုဖြတ်သန်းတည်ဆောက်ရခြင်းကြောင့် လည်းကောင်း၊ ဥရုချောင်းအား ဖြတ်ကျော် သွယ်တန်းရာတွင် ကွန်ကရိတိုင်များ အစား  Lattice Tower များ အသုံးပြု ဆောင်ရွက်ရခြင်းကြောင့် လည်းကောင်းစသည့် အခက်အခဲများကြောင့် ၂ဝ၁၈ ခုနှစ် ဇွန်လတွင် ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး ခဲ့ပြီး၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် မိုးကောင်းဓာတ်အားခွဲရုံမှ ဓာတ်အားကို ၆၆ ကေဗွီ မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်းမှတစ်ဆင့် ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အား ပို့လွှတ်နိုင်ခဲ့ကြောင်း။ 
-
ထို့ပြင် ကချင်ပြည်နယ်အတွင်း အိမ် ထောင်စု အရေအတွက် စုစုပေါင်း ၂၆၉၃၆၅ စုရှိရာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလအထိ အိမ်ထောင်စု ၁၄၄၁၂၂ စုကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်သည့်အတွက် Electrification Ratio ၅၃ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီဖြစ်ကြောင်း၊ ကျန်ရှိသည့်ကျေးရွာများအနက် ကျေးရွာပေါင်း ၆၉ ရွာတွင် လျှပ်စစ်မီးရရှိအောင် ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 
-
ဆက်လက်၍ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်က ၆၆ ကေဗွီ မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်း(၅၅ ဒသမ ဝ၃)မိုင်နှင့် ၆၆/ ၁၁ ကေဗွီ၊ ၁ဝ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အား စတင်ပို့လွှတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိုးကောင်းမြို့နယ် ဒေသခံပြည်သူ ဦးခမ်းဂေါန်နှင့် ဖားကန့်မြို့နယ် ဒေသခံပြည်သူ ဒေါ်မရမ်နမ်ဘောက်တို့ကကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ 
-
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ၆၆/ ၁၁ ကေဗွီ၊ ၁ဝ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ စက်ခလုတ်နှိပ်၍ ဓာတ်အားစတင် ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၅ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger