www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2019

ယူနီယံဓမ္မတတက္ကသိုလ် (၁၈)ကြိမ်မြောက် ဘွဲ့နှင်း အခမ်းအနားကိုကျင်းပ

ယူနီယံဓမ္မတတက္ကသိုလ် (၁၈)ကြိမ်မြောက် ဘွဲ့နှင်း အခမ်းအနားကိုကျင်းပ
-
ရန်ကုန် ဇန်နဝါရီ ၁ဝ 
-
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အပါအဝင် ယခုနှစ်အတွက် နယ်ပယ် အသီးသီးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ဘာသာရေး အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူများကို ယူနီယံဓမ္မတ တက္ကသိုလ်(Union Biblical Seminary) ကချီးမြှင့်သည့် (၁၈)ကြိမ်မြောက် ဘွဲ့နှင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၆၅) အလံပြဘုရားလမ်းရှိ Methodist English Church ၌ ကျင်းပသည်။ 
-
အခမ်းအနားတွင် ယူနီယံဓမ္မတ တက္ကသိုလ်  ဥက္ကဋ္ဌ Dr. Morris Remlal Liana က ကြိုဆို နှုတ်ခွန်းဆက်စကား  ပြောကြားပြီး ဘွဲ့ရရှိသူများအား ကောင်းချီးမင်္ဂလာပြုကာ ဘွဲ့များအပ်နှင်းသည်။ ယင်းနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
-
ယူနီယံဓမ္မတတက္ကသိုလ် ဥက္ကဋ္ဌ Dr.Morris Remlal Liana က ''လွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ်ဖြစ်တာက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်ရုံသာမက ဒီနေရာကနေ မြန်မာနိုင်ငံရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး လူမှုရေးအပိုင်းများမှာလည်း နွမ်းပါးသူတွေကို ပံ့ပိုးကူညီမှုတွေ အများအပြား ရှိခဲ့တာကြောင့်ဖြစ်ပါတယ်''ဟု ရွေးချယ် ချီးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ပြောသည်။ 
-
ယူနီယံဓမ္မတ တက္ကသိုလ်ကို ၁၉၉၉ ခုနှစ်က တည်ထောင်ထားခဲ့ပြီး ဘာသာရေး အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့သူများနှင့် ကျောင်းသား၊ကျောင်းသူ ၄ဝဝ ဦးကို ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ ယူနီယံဓမ္မတ တက္ကသိုလ်သည် မြန်မာနိုင်ငံ တစ်ဝန်း၌ လူမျိုးဘာသာ မခွဲခြားဘဲ နယ်ပယ် ကဏ္ဍအသီးသီးရှိ လူမှုရေးလုပ်ငန်းများ ကြိုးပမ်း ဆောင်ရွက်နေသော ဂုဏ်ပြုထိုက်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်သည်။ 
-
ယနေ့ (၁၈)ကြိမ်မြောက် အခမ်းအနား၌ ဘာသာရေးဆိုင်ရာဘွဲ့ရရှိသူ ၂၃ ဦးနှင့် နယ်ပယ်အသီးသီးတွင် လူမှုရေးနှင့် ဘာသာရေး အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူခြောက်ဦးဖြစ်သည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အပါအဝင် Myanmar Missions International (MMI) မှ ဒါရိုက်တာ  Mr. Joshua Ngun Hei ၊ Myanmar Evangelical Christian Alliance မှ Public Relations ဒါရိုက်တာMr. Peter Ngun Za Cung ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးအမ်လှသောင်း၊ Future Myanmar United Development Co.,Ltd. မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်အေးအေးချို ၊ Global Talent Development; Deere & Company; မှ မန်နေဂျာMrs. Rena M. Gainev တို့ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များ ပေးအပ်ခဲ့သည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger