www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 10, 2018

မောင်တောမြို့နယ်၊ အောင်ဇူ ကျေးရွာမှ ဒိုင်းနက် တိုင်းရင်းသား တစ်ဦး အသတ်ခံရ


နေပြည်တော် ၊ အောက်တိုဘာ - ၉
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်ဇူကျေးရွာနေ ဒိုင်းနက်တိုင်းရင်း သားဖြစ်သူမောင်လှိုင်မြင့်အောင် (ဘ)ဦးဖြူမောင်သည် အောက်တိုဘာ ၈ရက် နံနက် ၉နာရီခန့်တွင် ဈေးဝယ်ရန်အတွက် ခမောင်းဆိပ်ကျေးရွာ ဘက်သို့ ထွက်ခွာသွားပြီး ညနေ ၅ နာရီအထိပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် ဖခင်ဖြစ်သူက ရွာသားများနှင့်အတူ လိုက်လံရှာဖွေရာ ည ၉ နာရီ ၂၅ မိနစ်ခန့်တွင် တုံးချောင်းကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ ၀ဲဘက်လည်ပင်း ပြတ်ရှဒဏ်ရာ ၁ ချက်နှင့် ဦးခေါင်း နောက်စေ့ ပြတ်ရှဒဏ်ရာ ၂ချက်တို့ဖြင့် လဲကျ သေဆုံး နေသည့် မောင်လှိုင်မြင့်အောင် ကိုတွေ့ရှိခဲ့သည်။
-
အဆိုပါဖြစ်စဉ် အနီးတစ်ဝိုက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger