www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 11, 2016



ဂျီနီဗာ ၊ ၁၁-၇-၂၀၁၆

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ၏ ထုတ်ပြန်ချက် များအရ ၂၀၃၀ ခုနှစ်မှ စတင်၍ ရာသီဥတု ဖောက်ပြန်မှု များကြောင့် တစ်နှစ်လျှင် လူဦးရေ အနည်းဆုံး ၂၅၀၀၀၀ ခန့်အထိ နှစ်စဉ် သေဆုံးဖွယ် ရှိနေကြောင်း ဇူလိုင် ၁၁ ရက်က ထုတ်ပြန်ကြေငြာ သွားခဲ့သည်။ 

ရာသီဥတု ဖောက်ပြန်မှု များကြောင့် ရာသီဥတု အပြောင်းအလဲများ မကြာခဏ ဖြစ်ပေါ်မည် ဖြစ်ပြီး၊ ရာသီဥတု အပြောင်းအလဲ များခြင်း၏ အကျိုးဆက်မှာ လူသားတို့အား ၀မ်းပျက် ၀မ်းလျှော ရောဂါ၊ အဟာရ ချို့တဲ့မှု ပြဿနာ၊  ငှက်ဖျားရောဂါ နှင့် စိတ်ဓာတ် ကျဆင်းမှု ရောဂါတို့ဖြင့် ရင်ဆိုင်သွား ရဖွယ် ရှိနေကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ သည် ရာသီဥတု ဖောက်ပြန်မှု၏ အကျိုးဆက် ကြောင့် ဖော်ပြပါ ရောဂါများဖြင့် ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ့တစ်ဝန်း လုံးတွင် ရာသီဥတု ဖောက်ပြန်မှု များကြောင့် လူသေဆုံးမှု အများဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ 

အထူးသဖြင့် ရာသီဥတု ဖောက်ပြန်မှု ကြောင့် ရင်ဆိုင်ရမည့် ရောဂါများသည် ကလေးငယ် များနှင့် အမျိုးသမီး တို့တွင် အဖြစ်များကြောင်း သိရသည်။ ဆင်းရဲ နွမ်းပါးသော မိသားစု များတွင်လည်း အဖြစ် များကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO က ထုတ်ပြန်သွားခဲ့သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO က “ရာသီဥတု ဖောက်ပြန်မှုတွေ ဒီအတိုင်းပဲ ဆက်သွားနေမယ် ဆိုရင်တော့ အကျိုးဆက်က ကပ်ဆိုးသဖွယ် ဖြစ်လာတော့မယ်၊ ၂၀၃၀ ပြည့်နှစ် လောက်ကျရင် ရာသီဥတု ဖောက်ပြန်မှု ကြောင့် ဆက်စပ် ရောဂါတွေ တောက်လျှောက် ၀င်လာတော့မယ်၊ တစ်နှစ်ကို အနည်းဆုံး လူ ၂၅၀၀၀၀ လောက် သေဆုံး နေတော့မှာ၊ ကမ္ဘာ့နိုင်ငံ အသီးသီးက အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ ဒီအတိုင်းပဲ မနေကြပါနဲ့၊ ရာသီဥတု ဖောက်ပြန်မှု တွေကို အမြန်ဆုံး ထိန်းချုပ်ပေးဖို့ အလေးအနက် ထား တောင်းဆိုပါတယ်၊ အနာဂတ် လူသားတွေ အတွက် ရာသီဥတု ဖောက်ပြန်မှု လျော့ချရေး စီမံချက်တွေကို ကျေးဇူးပြုပြီး အမြန်ဆုံး အကောင် အထည်ဖော် ပေးကြပါလို့ တိုက်တွန်း ပါရစေ” ဟု ထုတ်ပြန်သွား ခဲ့သည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger