www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 12, 2012

မြန်မာကျောင်းသား ကျောင်းသူများအတွက် APU တက္ကသိုလ်မှ ရာနှုန်းပြည့် Scholarship ပေးအပ်မည်




ရန်ကုန် ၊ ၁၂-၁၁-၂၀၁၂

SR World-wide Education မှ ကြီးမှူး ပြုလုပ်သည့် ဂျပန်နိုင်ငံ Asia Pacific University (APU) ၏ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ များအတွက် ရာနှုန်းပြည့် Scholoarship ပေးအပ်မည့် အကြောင်းနှင့် လျှောင်ထားနိုင် သည့် ဘာသာရပ်များ ၊ ၀င်ခွင့် အချက်အလက် များအကြောင်း ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ၊ အလံပြ ဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ APU ကျောင်းမှ Dr. Porter Edyar Pro Vice President နှင့် တာဝန်ရှိသူများ ကိုယ်တိုင် လာရောက် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

APU မှ ရာနှုန်းပြည့် စကောလားရှစ် အပြင် ၈၀ ရာခိုင်နှုန်း ၊ ၆၅ ရာခိုင်နှုန်း ၊ ၅၀ ရာခိုင်နှုန်း ၊ ၃၀ ရာခိုင်နှုန်း အစရှိသည့် စကောလားရှစ် များကိုလည်း လျှောက်ထားနိုင်ပြီး ကျောင်းသား ကျောင်းသူ များ၏ တစ်ဦးချင်း အရည်အချင်း အပေါ် မူတည်၍ ပေးအပ် သွားမည် ဖြစ်ကြောင်း နှင့် ယင်း APU သို့တက်ရောက် လိုသော ကျောင်းသား ကျောင်းသူ များသည် English 4 skill ကျွမ်းကျင်ရုံဖြင့် လျှောက်ထားနိုင်ပြီး ဂျပန်စာ ၊ ဂျပန်စကား ကို အဓိကထား တတ်မြောက်ရန် မလိုအပ် သော်လည်း ဂျပန်ဘာသာ တတ်မြောက် သူများပါ လျှောက်ထား နိုင်ကြောင်း သိရသည်။

တက်ရောက် သင်ကြား နိုင်သော ဘာသာရပ် များမှာ
Bachelor of Social Science Specialized in

  • (1) Culture , Societies and Media
  • (2) International Relations and Peace Studies
  • (3) Environmental and Development
  • (4) Hospitality and Tourism

Bachelor of Business Administration Specialized in

  • (1) Strategic Management and Organization
  • (2) Accounting and Finance
  • (3) Innovation and Economic
  • (4) Marketing

တို့ဖြစ်ကြသည်။ APU တွင် Bachelor Program ပြီးဆုံးပြီးနောက် Master of Science / MBA နှင့် Ph.D Program များကို ဆက်လက် တက်ရောက် နိုင်ကြောင်း နှင့် စိတ်ပါဝင်စား သူများအနေဖြင့် အသေးစိတ် သိရှိလိုပါက SR World wide Education ဖုန်း ၀၁- ၂၄၆၁၈၈ ၊ ၀၁- ၃၈၇၀၂၂ နှင့် ၀၉- ၅၄၂၈၈၄၈ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger