www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 12, 2018

မန္တလေးတက္ကသိုလ်၏ အနောက်ဘက် ဂိတ်ဝင်ပေါက်ကို လုံခြုံရေးအရ ယာယီပိတ်ထား



မန္တလေး ၁၂-၇-၂ဝ၁၈

မန္တလေးတက္ကသိုလ်၏ လုံခြုံရေး လိုအပ်ချက်အရ ယနေ့မှစတင်၍ မန္တလေး မဟာအောင်မြေမြို့နယ် ၇၈ လမ်းအနောက်ဘက်ဂိတ် (ဝင်ပေါက်)ကို ယာယီပိတ်ထားကြောင်း သိရသည်။

"လုံခြုံရေးက အားနည်းတယ်လို့ ကလေးတွေက ပြောလာတယ်။ သူတို့ကလဲ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှာပါတော့ ကျောင်းလုံခြုံရေးအတွက် ဒီနေ့အနောက်ဘက် တံခါးကို ယာယီပိတ်လိုက်တာပါ"ဟု မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောပြသည်။

မန္တလေးတက္ကသိုလ် အတွင်းဖြတ်သန်း သွားလာရာတွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများသည် ဝန်ထမ်းကတ်၊ ကျောင်းသားကတ်ကို ဆွဲထားပြီး ယာဉ်ဝင်ခွင့်ကတ်၊ စတစ်ကာကိုယာဉ်၏ သိသာမြင်လွယ်သည့်နေရာတွင် ကပ်ထားရန်၊ ပြင်ပမှကား၊ ဆိုင်ကယ်များ မန္တလေး တက္ကသိုလ်အတွင်း ဝင်ရောက်မည်ဆိုပါက သက်သေခံကတ်ပြားကို ဂိတ်တွင်ထားရှိခဲ့ရန်၊ ရှေ့၊ နောက်ယာဉ် နံပါတ်မပါရှိသော ယာဉ်များကို တက္ကသိုလ်အတွင်း ဝင်ခွင့်မပြုရန်၊ ဂိတ်ဝင်၊ ထွက်ရာတွင် ဆိုင်ကယ်မောင်းသူများ အနေဖြင့် နှာခေါင်းစီး (Mask) တပ်ဆင်ခြင်း၊ ဆိုင်ကယ်ဦးထုပ် မှန်ကာချထားခြင်း မပြုရန်စသည့် စည်းကမ်းချက်များကို မန္တလေးတက္ကသိုလ် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ထုတ်ပြန်ထားသည်။

"အခုလက်ရှိ အခြေအနေအရ လုံခြုံရေးက ၁ဝယောက်ပဲရှိတယ်။ အရင်က ၂၃ယောက်ရှိခဲ့တယ်။ အခု ၁ဝယောက်ဆိုတော့ လုံခြုံရေး အင်အားက တော်တော်နည်းပါတယ်။ နှစ်ပေါက်ဖွင့်တဲ့အခါ လုယက်မှုတွေ တော်တော်များလာတယ်။ ဇူလိုင် ၉ ရက်က ဆန္ဒထုတ်ဖော်တဲ့အခါ ဝင်ပေါက်နှစ် ပေါက်ကို သေချာစိစစ်ဖို့ ပြောခဲ့တယ်။ သူတို့ အနေနဲ့က လုံခြုံရေးအင်အား မတိုးနိုင်သေးလို့ အနောက်တံခါးကို ပိတ်မယ်ဆိုပြီး ပြောလာလို့ ကျွန်တော်တို့က ယာယီပိတ်ဖို့ ပြောထားတာပါ။ အနောက်ပေါက် ပိတ်ပြီးနောက်ပိုင်း ကျွန်တော်တို့ စောင့်ကြည့်ပြီး တောင်းဆိုမှုတွေ လုပ်ပေးသွားမှာပါ" ဟု မန္တလေးတက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်က ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger