www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 12, 2018

ပုပ္ပားတောင်ကလပ်တွင် နေထိုင်သူများ မြေပြိုမှုအန္တရာယ်နှင့် ကြုံတွေ့နိုင် ပြောင်းရွှေ့ပေးရန် တောင်းဆိုပါက စီစဉ်ပေးမည်ဟုဆို



ကျောက်ပန်းတောင်း ၁၂-၇-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်ရှိ ပုပ္ပားတောင်ကလပ်တွင် နေထိုင်သူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် ကြုံတွေ့နိုင်ကြောင်းနှင့် ပြောင်းရွှေ့ပေးရန် တောင်းဆိုပါက စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ကျောက်ပန်းတောင်း မြို့နယ်ရှိ တာဝန်ရှိသူများက အသိပေးရှင်းလင်း ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၏ ပြောပြချက်အရ သိရသည်။

ပုပ္ပားတောင်ကလပ်သည် ယခုအခါတွင် သဘာဝဘေး အန္တရာယ်ကြောင့် မြေသားနိမ့်ကျမှု၊ မြေပြိုကျမှုမျာြး ဖစ်ပေါ်လျက်ရှိပြီး ထိုသို့ ဖြစ်ပေါ်နေမှုကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ပညာရှင်များက ကွင်းဆင်းလေ့လာတိုင်းတာ တွေ့ရှိချက်များအရ ထပ်မံ၍ မိုးသည်းထန်းစွာ ရွာသွန်းမှုများ ဖြစ်ပေါ်လာပါက မြေပြိုကျမှုအန္တရာယ်များနှင့် တွေ့ကြုံနိုင်သဖြင့် ကျောက်ပန်းတောင်း မြို့နယ်ရှိ တာဝန်ရှိသူများက ပုပ္ပားတောင်ကလပ်တွင် နေထိုင်သူများကို သွားရောက် အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပုပ္ပားတောင်ကလပ်က မြေတွေရွေ့နေတယ်။ ရွေ့နေတဲ့အတွက် ဘယ်လိုလုပ်သင့် တယ်ဆိုတဲ့အကြောင်း ဘူမိဗေဒပညာရှင်တွေ ပြောစကားကို ကျွန်တော်တို့ကျောက်ပန်းတောင် မြို့နယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးရော လွှတ်တော် ကိုယ်စားလှယ် တွေရောက ဒေသခံတွေကို အသိပေးပြောကြား ခဲ့ပါတယ်။ အခုပြောင်းရမယ်။ ရွှေ့ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ပြောင်းရွှေ့ ပေးဖို့အဆင့်ထိ မရောက်သေးပါဘူး။ အန္တရာယ်တော့ များနေပြီလို့ အသိပေးတာပါ။ ပြည်သူတွေက အဲဒီမှာ နေထိုင်ရတာ ကြောက်နေပြီ လုပ်ပေးပါဦးလို့ဆိုရင် စီစဉ်ပေးရမှာပါ။ ပြောင်းရွှေ့ဖို့ အခြေအနေ ဖြစ်နေပြီ။သူတို့လဲ ပြောင်းရွှေ့ဖို့ တောင်းဆိုလာပြီဆို တစ်မျိုးစီစဉ် ပေးရမှာပါ"ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောပြသည်။

ပုပ္ပားတောင်ကလပ် မြေသားပြိုကျမှု၊ မြေနိမ့်ဆင်းမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ပညာရှင်များက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ကွင်းဆင်း လေ့လာမှုများအရ တွေ့ရှိချက်များကို ဒေသခံ ပြည်သူများအား ထပ်ဆင့် အသိပေးရှင်းလင်းပွဲကို ဇူလိုင် ၁ဝရက် မွန်းလွဲပိုင်းက ပုပ္ပားတောင်ကလပ် အခြေရှိ အောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger