www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 12, 2018

မန္တလေးမြို့၌ တိုးဂိတ်အသစ်ခုနှစ်ခု တည်ဆောက်မည်



မန္တလေး ၁၂-၇-၂ဝ၁၈

မန္တလေးမြို့၌ တိုးဂိတ်အသစ် ခုနစ်ခုကို ယခုဘဏ္ဍာနှစ် ဒုတိယခြောက်လ ဘတ်ဂျက်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြ၍ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ယာဉ်များအနေဖြင့် မန္တလေးမြို့အတွင်း ဝင်၊ထွက်သွား လာရာတွင် တိုးဂိတ်များမှတစ်ဆင့် သွားလာဝင်၊ ထွက်နေရသည် ဖြစ်သောကြောင့် ယခုလက်ရှိ တိုးဂိတ်များထက် အဆင့်မြင့် နည်းပညာများ ပါဝင်မည့် တိုးဂိတ်အသစ်များကို ယခုဘဏ္ဍာနှစ် ဒုတိယခြောက်လ ဘတ်ဂျက်အတွင်း တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"အရင်ကတော့ ပထမ ဘတ်ဂျက်ကာလအတွင်း ဂိတ်အသစ်တွေ ဆောက်ဖို့ လျာထားတာပါ။ အခုဘတ်ဂျက် အနေအထားအရ နောက်ခြောက်လဘတ်ဂျက် အတွင်းမှာပဲ လုပ်ငန်းစနိုင်မယ်။ အဓိကကတော့ မန္တလေးမြို့ကို Smart ကျတဲ့မြို့ အဖြစ်ရောက်ရှိစေဖို့ အဓိကထား လုပ်ဆောင်နေတာပါ"ဟု ၎င်းက ပြောပြသည်။

မန္တလေးမြို့တွင် ဂိတ်အသစ်များ ဆောက်လုပ်ရာတွင် ယခုလက်ရှိ တိုးဂိတ်အဟောင်းများ ရှိနေသည့် နေရာများအနီး ယာဉ်ကြောရှုပ်ထွေးမှု မရှိသည့် လေးလမ်းသွားလို နေရာများတွင် ထပ်မံဆောက်လုပ် သွားမည်ဖြစ်ပြီး ယခုလက်ရှိတိုးဂိတ် လေးခုအနီးတွင် ဂိတ်အသစ်လေးခု ထပ်မံဆောက်လုပ် မည့်အပြင် ကျန်သုံးနေရာကိုလည်း ဆောက်လုပ်ရန် မြေနေရာ ရှာဖွေလျက်ရှိကြောင်း သိရသည်။

"အခု မန္တလေးမြို့မှာ မြို့ဝင်ဂိတ် ကောက်ခံနေတဲ့ ဂိတ်တွေကို ဂိတ်အသစ်တွေ ဆောက်ပြီးရင် ပြန်လည်ဖျက်သိမ်း ပေးသွားဖို့ရှိတယ်။ ဂိတ်အသစ်တွေကိုလဲ နိုင်ငံတကာ အဆင့်မီတဲ့ ဂိတ်တွေဖြစ်အောင် တည်ဆောက်သွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုလက်ရှိ မန္တလေးမြို့တွင် ရွေကြက်ယက်ဂိတ်၊ အောင်ပင်လယ်ဂိတ်၊ ရွေကျင်ဂိတ်နှင့် မြစ်ငယ်ဂိတ်တို့တွင် မော်တော်ယာဉ်များကို မြို့ဝင်ဘီးခွန်များ ကောက်ခံရာ၌် သတ်မှတ် နှုန်းထားများကို ပြည်သူလူထု သိသာထင်ရှားစွာ မြင်တွေ့နိုင်မည့် နေရာတွင် ကပ်နှိပ်ချိတ်ဆွဲ ထားရမည် ဖြစ်သည့်အပြင် ဂိတ်အတွင်း ဝန်ထမ်းများ အနေဖြင့်လည်း သတ်မှတ်ပေးထားသည့် ယူနီဖောင်းများကို ဝတ်ဆင်ထားရမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger