www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 27, 2015

အပူပိုင်းဒေသတွင်သာ တွေ့ရသော မန္တလေးမြွေဟောက် ကို ကမ္ဘာ့မြွေမျိုးစိတ်သစ် အဖြစ် ကြေညာထားကြောင်း သိရ


မန္တလေး ၊ ၂၇-၁၀-၂၀၁၅

မြန်မာနိုင်ငံ အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး တို့တွင် တွေ့ရှိရသော မန္တလေး မြွေဟောက် ကို အခြား မြွေဟောက်များ ကဲ့သို့ ခေါင်းတွင် အကွက်မပါ သောကြောင့် လည်းကောင်း၊ အပူပိုင်းဒေသ ဖြစ်သော အဆိုပါ တိုင်းဒေသကြီး တို့တွင်သာ တွေ့ရသော ကြောင့်လည်းကောင်း၊ ထူးခြားသည့် ကမ္ဘာ့မြွေ မျိုးစိတ် အသစ်အဖြစ် ၂ဝဝ၄ ခုနှစ်က ကြေညာ ထားကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် မြွေမျိုးစိတ် ၂၇၃ဝ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် မြွေမျိုးစိတ် ၁၁ဝ ခန့်ရှိကြောင်း၊ ကမ္ဘာပေါ်ရှိ အရွယ်အစား အသေးဆုံးမြွေမှာ အရှည် ၂ ပေ x ၅ လက်မ ခန့်သာ ရှိသော မျက်မမြင် မြွေဖြစ်ပြီး ၄င်းတို့သည် တီကောင်များကဲ့သို့ မြေကြီးအတွင်း တိုးဝင်နေထိုင် ကြကြောင်း ၊ အကြီးဆုံးမြွေမှာ စပါးကြီးမြွေနှင့် စပါးအုံးမြွေ တို့ဖြစ်ကြောင်း သိရသည်။

မြွေဟောက်သည် အရှည် ငါးပေထိရှိပြီး အဆိပ်ရှိသော မြွေမျိုးဖြစ်သည်။ အရှည် ၄ပေ x ၄လက်မ ရှိသော မြွေဟောက် တစ်ကောင်တွင် ကိုယ်အလေးချိန် ၃ဝ ကျပ်သားရှိသည်။ မြွေဟောက်သည် သစ်တောအတွင်း နေထိုင်သကဲ့သို့ ကွင်းပြင် နှင့် လယ်တော များတွင်လည်း နေထိုင်လေ့ ရှိသည်။

အဓိက အစားအစာမှာ ကြွက်၊ ငှက်ငယ်၊ ဖား၊ ငါးနှင့် ငှက်ဥများ ဖြစ်သည်။ ဧပြီနှင့် မေလတို့တွင် မိတ်လိုက် ကြသည်။ အမများသည် တစ်ကြိမ်လျှင် ဥအလုံး ၃ဝ မှ ၄၅ လုံးထိ ဥလေ့ရှိပြီး အနီးအနားတွင် စောင့်ရှောက်ကြ သော်လည်း မဝပ်ကြပေ။ ၄၇ ရက်မှ ၉၃ ရက် အကြာတွင် ၇ လက်မမှ ၁၁ လက်မရှိ အကောင်များ ပေါက်သည်။ မြွေပွေးသည် အောက်တိုဘာလနှင့် နိုဝင်ဘာလ တို့တွင် အကောင် ၂ဝ မှ ၄ဝ ထိ အကောင်လိုက် မွေးသည်။

''မန္တလေး မြွေဟောက်ကို အပူပိုင်းဒေသမှာ တွေ့ရပြီး ထူးခြားလို့ မြွေမျိုးစိတ်သစ် အဖြစ် ကမ္ဘာ့ မှတ်တမ်းဝင် ကြေညာထား ပါတယ်'' ဟု သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောပြ၍ သိရသည်။ (၁၅၆)

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger