မျက်နှာလေး ပြည့်ဖောင်းနေအောင် လုပ်နည်း
ဒေါက်တာ အေးမင်းထူး
မျက်နှာလေး ပြည့်လာစေဖို့ အရေးကြီးဆုံး ဓာတ်က နှစ်မျိုးပဲရှိတယ်။ ပထမတစ်မျိုးက ကာဗိုဟိုက်ဒရိတ် ဖြစ်တယ်။ အဲဒီအတွက် ထမင်း၊ ဂျုံ၊ အာလူး စတာတွေ များများစားပါ။ နောက်တစ်မျိုးက ဗီတာမင်နဲ့ ဖောလစ်အက်စစ် ကြွယ်ဝတာတွေ ပိုကဲစားရမှာပါ။ စိမ်းတဲ့ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန် တွေမှာ ဒီဓာတ်တွေ ပါဝင်နေတယ်။ အဲဒီ အာဟာရဓာတ် နှစ်မျိုးလုံးကို ကောင်းကောင်း ဖြည့်တင်းနိုင်တာ နဲ့မျက်နှာလေး ပြည့်ဖောင်းလာမှာ ဖြစ်တယ်။ ပို အရေးကြီး တာက အိပ်ရေးဝဝ အိပ်ဖို့ပါ။ ဆက်ပြီးဖော်ပြ မှာက လေ့ကျင့်ခန်း ဖြစ်တယ်။ အဆင့်(၄)ဆင့် အတိုင်း လုပ်ပါ။
ပထမအဆင့် - ခုံတစ်လုံးပေါ် မတ်မတ်ထိုင်ပါ။ ပါးစပ်ကို ဟပြီး နှုတ်ခမ်းကို အတွင်းဘက် ဆွဲသွင်းပါ။ နှုတ်ခမ်းထောင့် နေရာကို ဘေးဘက်သို့ တတ်နိုင်သမျှ ကားထားပါ။ ပါးစပ်ဟလျက် အနေထား အတိုင်း တစ်မိနစ်ထားပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်လျှော့ပါ။ တစ်ခါလုပ်ရင် သုံးခါ တစ်နေ့ကို သုံးကြိမ် လုပ်ပါ။
ဒုတိယအဆင့် - ပါးစပ်ဟပြီး အသက်ကို ပါးစပ်က ခပ်ပြင်းပြင်း ရှူသွင်းပါ။ ပြီးရင် နှုတ်ခမ်းကိုပိတ်ပြီး လေကို ငုံထားပါ။ (မျိုမချပါနဲ့)။ ပါးစပ်ဖောင်းပြီး ပါးညောင်း လာတဲ့ထိ စက္ကန့် ၄ဝ လောက်ထားပါ။ မကြာခင် ပါးပြင်ကြွက်သား တွေ တင်းလာတာ တွေ့ရလိမ့်မယ်။ အားလုံးပြီးမှ နှုတ်ခမ်းကို အသာဟပြီး လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်ပါ။ ဒီအတိုင်း တစ်ခါလုပ် သုံးခါ တစ်နေ့သုံးကြိမ် လုပ်ပါ။ ဒီနေရာမှာ ပူဖောင်းလေမှုတ်တဲ့ လေ့ကျင့်ခန်းလဲ အစားထိုး လုပ်နိုင်ပါတယ်။ လိုရင်းက မျက်နှာနဲ့ ပါးကြွက်သားတွေ အလုပ်ပေးဖို့ပဲ ဖြစ်တယ်။
တတိယအဆင့် - ပါးစပ်ပိတ်ပြီး ပြုံးလိုက်ပါ။ ပြုံးတဲ့အခါ နှုတ်ခမ်းထောင့်တွေကို တတ်နိုင်သမျှ ဘေးကားအောင်ထိ ပြုံးပါ။ ပြီးရင် ပါးပြင်ပေါ် လက်ဖဝါးတင်ပြီး ငါးစက္ကန့်ကြာ ဖိဆွဲထားပါ။ ထုံးစံအတိုင်း တစ်ခါလုပ် သုံးခါ တစ်နေ့သုံးကြိမ် လုပ်ပါ။
စတုတ္ထအဆင့် - ပါးစပ်ကို တင်းတင်းစေ့ပြီး ပြုံးပါ။ နှုတ်ခမ်း အပြင်ဘက် ထောင့်စွန်းကို ဘေးတတ်နိုင်သမျှ ကားထားပါ။ ဆယ်စက္ကန့်ထားပြီး နှုတ်ခမ်း အပြင်ဘက် ထောင့်စွန်းတွေကို အတွင်းဘက် ပြန်စုပါ။ ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ် သုံးခါ၊ မနက်နဲ့ ညကို လုပ်ပေးပါ။ ရက်သတ္တပတ် အနည်းငယ် အတွင်း ပါးပြင်လေးတွေ ပြည့်ဖောင်းလာတာ တွေ့ရပါလိမ့်မယ်။
သဘာဝနည်းများ
==========
- ပန်းသီးတစ်လုံးကိုယူပြီး ရေစင်အောင် ဆေးပါ။ ပြီးရင် အတုံးသေး သေးလေးတွေ လုပ်ပြီး Grinder ထဲထည့်ပြီး ခြေပါ။ ရလာတဲ့ ပန်းသီး ခပ်ပျစ်ပျစ်အရည် (Paste) ကို ပါးပေါ် လိမ်းပါ။ နာရီဝက်ထားပါ။ ပြီးမှ ရေအေးနဲ့ သေချာ ပြန်ဆေးပါ။
- နှင်းဆီရည် နှစ်စက်နဲ့ အလှဆီ ငါးစက်ကိုရောပြီး လိမ်းလို့လဲ ရတယ်။ အနည်းဆုံး တစ်နာရီကြာအောင် ထားပါ။ ပြီးရင် သန့်စင်တဲ့ ဂွမ်းလုံးလေးနဲ့ ပွတ်ပြီး ပြန်လည် သန့်စင်ပါ။
- သံလွင်ဆီ ငါးစက်ကိုယူပြီး ပါးပြင်ပေါ် ငါးမိနစ်ကြာအောင် နှိပ်လိမ်း၊ နာရီဝက်ကြာရင် ရေပြန်ဆေးပါ။ အာနိသင် ကောင်းဖို့ တစ်ရက် နှစ်ကြိမ်လုပ်ပါ။ မျက်နှာ အရေးအကြောင်း ကိုပါ ကင်းစင်စေတယ်။
- ရှားစောင်းလက်ပပ် ကို နာရီဝက်ကြာ စက်ဝိုင်းပုံ လိမ်းပြီး နှိပ်ပေးတာလဲ တော်တော် ကောင်းတယ်။ တစ်ရက်ကို သုံးကြိမ် လုပ်နိုင်ရင် တစ်ပတ်အတွင်း ထင်ရှားတဲ့ ပြောင်းလဲမှုကို မြင်တွေ့မှာပါ။
- Shea Nitter (ထောပတ်) ကိုလဲ လိမ်းကြတယ်။ ဖက်တီးအက်စစ်နဲ့ ဗီတာမင် E ပါလို့ အသားတင်း စေတယ်။ အစိုဓာတ် ထိန်းတယ်။ ထောပတ်ကိုယူပြီး ပါးပြင်ပေါ် လိမ်းပေးပါ။ ငါးမိနစ် ကြာအောင်လိမ်းပြီး ခြောက်အောင် ထားပါ။ နာရီဝက်နေရင် ဂွမ်းစနဲ့ သေချာ ပြန်သန့်စင်ပါ။ ထောပတ်က မျက်နှာ အသားအရေ ပြောင်းလဲ စေရုံမက ပါးပြင်လေးတွေ ပြည့်ဖောင်း လာစေတယ်လို့ ရေးသား လိုက်ရပါတယ်။
ရတနာပုံနေ့စဉ် ၊ စာ(၁၅)
The Myawady Daily: မျက်နှာလေး ပြည့်ဖောင်းနေအောင် လုပ်နည်း >>>>> Download Now
ReplyDelete>>>>> Download Full
The Myawady Daily: မျက်နှာလေး ပြည့်ဖောင်းနေအောင် လုပ်နည်း >>>>> Download LINK
>>>>> Download Now
The Myawady Daily: မျက်နှာလေး ပြည့်ဖောင်းနေအောင် လုပ်နည်း >>>>> Download Full
>>>>> Download LINK