www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 19, 2018

ဆောက်လုပ်ရေး လုပ်ငန်းများ ၂ဝ၁၈ ခုနှစ်ထုတ် ငလျင်အန္တရာယ်ပြ မြေပုံအသစ် အသုံးပြုနိုင်



မန္တလေး ၁၉-၆-၂ဝ၁၈

မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းများအနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ၂ဝ၁၂ ခုနှစ်ထုတ် ငလျင်အန္တရာယ် ပြမြေပုံကို အချက်အလက် အသစ်များ ထပ်မံဖြည့်စွက်ထားသည့် ၂ဝ၁၈ ခုနှစ်ထုတ် ငလျင်အန္တရာယ် ပြမြေပုံအသစ်ကို အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ (မန္တလေး)မှ သိရသည်။

မြန်မာနိုင်ငံမြေငလျင် အန္တရာယ်ပြမြေပုံကို ၂ဝ၁၂ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး ၂ဝ၁၂ ခုနှစ်နောက်ပိုင်းမှ ယခု ၂ဝ၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ငလျင်လှုပ်ခတ်နိုင်သည့် ပြတ်ရွေ့များနှင့် ပတ်သက်၍အချက် အလက်အသစ် များနှင့် မြန်မာနိုင်ငံ အနောက်ဘက် အိန္ဒိယမြေထုချပ်နှင့် မြန်မာမြေထုချပ် တွန်းတိုက်နေသည့်အပိုင်းမှ အချက်အလက် အသစ်အချို့ ထပ်မံဖြည့်စွက်ထားသည့် ငလျင်အန္တရာယ်ပြ မြေပုံအသစ်ကို ယခု ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် အသစ်ထပ်မံ ထုတ်ဝေထားကြောင်း သိရသည်။

"ဆောက်လုပ်ရေး လုပ်ငန်းတွေ ပဲဖြစ်ဖြစ်၊ ငလျင်အန္တရာယ်လျှော့ချ ရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ် အခုမြေပုံအသစ်ကို သုံးမယ်ဆိုရင် ပိုပြီးတော့ကောင်းမွန်တဲ့ ရလဒ်တွေရနိုင်မယ်။ အခုလောလော ဆယ်တော့ မြေပုံပဲထွက် သေးတယ်။ Report တွေကျန်သေးတယ်။ မြေပုံကိုအသုံးပြု မယ်ဆိုရင် မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှာ တောင်းယူပြီး အသုံးပြုနိုင်ပါပြီ" ဟု အဆိုပါကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ မြေငလျင်အန္တရာယ်ပြ မြေပုံသာ ထွက်ရှိထားပြီး အသေးစိတ် အချက်အလက်များ ပါရှိသည့် Report မှာပြင်ဆင်ဆဲရှိသေးကာ လာမည့် စက်တင်ဘာလခန့်တွင် မြေပုံနှင့် Report နှစ်ခုလုံး အဆင်သင့်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

မြေငလျင်အန္တရာယ်ပြ မြေပုံများကို အနာဂတ်တွင် ဆောက်လုပ်မည့် အဆောက်အအုံများ တည်ဆောက်ရာတွင် မည်သည့် ငလျင်ဇုန်၌ ကျရောက်နိုင်ကြောင်း အလွယ်တကူသိရှိနိုင်စေရန်၊ နိုင်ငံတော်၏ စီမံကိန်းများ၊ ကျောင်း၊ ဆေးရုံ၊ စက်မှုဇုန်၊ ဆည်၊ လမ်းတံတား အပါအဝင် မြို့ပြစီမံကိန်းများ ရေးဆွဲရာ၌ ငလျင်အန္တရာယ် လျော့ကျရေးအတွက် အသုံးပြုနိုင်စေရန်နှင့် Earthquakes Management Plan များ ရေးဆွဲရာတွင် ထည့်သွင်း အသုံးပြုရန် ထုတ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger