www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 19, 2018

မူးယစ်ဆေးဝါး ချက်ရာတွင် အသုံးပြုသည့် ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းမိ


မန္တလေး ၁၉-၆-၂ဝ၁၈

မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတု ပစ္စည်းများ သိုဝှက်ထားကြောင်း သတင်းအရ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှုခင်းအကူဌာနစိတ်မှ ဌာနစုမှူးဒုတိယရဲမှူးကျော်နု၊ မူးယစ်တပ်ဖွဲ့စု(၁၈)မှ ရဲအုပ် ကျော်မြင့်ထွန်း၊ ရဲအုပ်အောင်ဇော်မြင့်နှင့် တပ်ဖွဲ့စုများ၊ နယ်မြေရဲစခန်းမှ ရဲအုပ်ဇော်ဇော်နှင့် တပ်ဖွဲ့ဝင်များသည် ဇွန် ၁၇ ရက် ညနေ ၆ နာရီက မန္တလေးပုသိမ်ကြီးမြို့နယ် မြောက်တံတိုင်းကျေးရွာရှိ သရက်ခြံ တစ်ခြံကိုဝင်ရောက်ရှာဖွေကြစဉ် ဖမ်းဆီးရမိခဲ့ကြောင်း အုန်းချောနယ်မြေ ရဲစခန်းမှ သိရသည်။

အဆိုပါ သရက်ခြံဝင်းအတွင်းရှိ နေအိမ်အနောက်မြောက်ဘက်ရှိ သရက်ပင်များအောက်တွင် ဝါးထရံဖြင့်ကာရံထားသည့် အီသာဟု ယူဆရသော အကြည်ရည် ၁၉ဝ လီတာဆံ့ ရောင်စုံသံပီပါ ၁၂၇လုံး ကာလပေါက် ဈေးငွေကျပ်သိန်း ၃ဝဝဝ တန်ဖိုးခန့် ၎င်းနေအိမ်ခေါင်းရင်း တဲအတွင်း ပီနံအိတ်အတွင်း ထည့်ထားသော ကန့်ဟုယူဆရသည့် အဝါရောင် အမှုန့်အခဲ ၄၅ကီလိုခန့်စီပါ အိတ်ခြောက်အိတ် ကာလတန်ဖိုး ၁၃ သိန်း ငါးသောင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ လက်ဝယ်တွေ့ရှိသူ ဒေါ်သန်းသန်းကို အုန်းချောနယ်မြေ ရဲစခန်းက (ပ)၄၆/၂ဝ၁၈၊မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၆(ခ)/၂၁ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger