www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 19, 2018

ယခုနှစ် မေလအထိ မြန်မာ့ တောဆင်ရိုင်း ၁၂ ကောင်ထိ အသတ်ခံရ



နေပြည်တော် ၁၉-၆-၂ဝ၁၈

ယခုနှစ် မေလထိမြန်မာ့ တောဆင်ရိုင်း ၁၂ကောင်ထိ အသတ်ခံခဲ့ရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည်။

မြန်မာ့တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာလျက်ရှိပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေဖြင့်လည်း တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကို ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ပြီး သဘာဝအပင်များနှင့် တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ကာ မှောင်ခိုဈေးကွက်များဖြင့် ဆက်သွယ်လုပ်ကိုင်သူများကိုဖမ်းဆီးအရေးယူ လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလကုန်ထိတွင်လည်း တောဆင်ရိုင်း ၁၂ ကောင် သတ်ဖြတ်ခံထားရပြီး တာဝန်သိပြည်သူများ၏ သတင်းပေးမှုများဖြင့် ဖမ်းဆီးအရေးယူ ထားသည့် တရားခံများလည်း ရှိကြောင်း၊ အဆိုပါ တောဆင်ရိုင်း များကို၎င်းတို့ ၏ အစွယ်နှင့် သားရေတို့ကို လိုချင်မှုကြောင့် သတ်ဖြတ်ခြင်းခံနေရခြင်း ဖြစ်ကြောင်း၊ ဧရာဝတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်  ရန်ကုန်တိုင်းဒေသကြီးတို့တွင် တောဆင်ရိုင်းသတ်ဖြတ်ခံရမှု အများဆုံး ဖြစ်နေသည်ကိုတွေ့ရကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

"၂ဝ၁၆ ခုနှစ်ကဆိုရင် တောဆင်ရိုင်း ၁၈ ကောင်၊ ၂ဝ၁၇ခုနှစ်က တောဆင်ရိုင်း ၄၆ ကောင်နဲ့ယခုနှစ် မေလထိ တောဆင်ရိုင်း၁၂ ကောင် သတ်ဖြတ်ခံထားရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝပြည့်နှစ်ကနေ ယခုနှစ် မတ်လထိ မြန်မာနိုင်ငံမှ တောဆင်ရိုင်း ၁၂၁ကောင်ထိ သတ်ဖြတ်ခံထားရပြီး နှစ်စဉ်သတ်ဖြတ်ခံရမှု နှုန်းမြင့်တက်နေ တာကိုလဲတွေ့နေရပါတယ်"ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဇော်ထွန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger