www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 19, 2015

ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ နာယက နှင့် အဖွဲ့များအား တွေ့ဆုံ ၊ ဆေးရုံတက်ရောက်လျက် ရှိသော တိုက်ပွဲရှောင်ဒေသခံ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်


ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ကိုးကန့် ယဉ်ကျေးမှု အဖွဲ့နာယက ဦးဟော်ရှောက်ချမ်း နှင့်အဖွဲ့အား တွေ့ဆုံစဉ်

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ဆေးရုံတက်ရောက်လျက် ရှိသော ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်

နေပြည်တော် ၊ ၁၉-၂-၂၀၁၅

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် သည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရွှေလီရိပ်သာတွင် လားရှိုးမြို့ရှိ ကိုးကန့်ယဉ်ကျေးမှု အဖွဲ့နာယက ဦးဟော်ရှောက်ချမ်း နှင့်အဖွဲ့ များအား တွေ့ဆုံ၍ နိုင်ငံတော်၏ သဘောထား၊ တပ်မတော်၏ သဘောထား နှင့် လက်ရှိ လောက်ကိုင်ဒေသ အခြေအနေ များအား ရှင်းလင်း ပြောကြားသည်။

ကိုးကန့် ယဉ်ကျေးမှု အဖွဲ့နာယက ဦးဟော်ရှောက်ချမ်း က တပ်မတော်၏ လုပ်ဆောင်မှု များကို အပြည့်အဝ ထောက်ခံ ပါကြောင်း၊ ကိုးကန့် တိုင်းရင်းသားများ အနေဖြင့် လက်ရှိ အခြေအနေတွင် တပ်မတော်မှ တစ်ပါး
အားကိုးစရာ မရှိပါကြောင်း၊ ဖုန်ကြားရှင် ခေါင်းဆောင်သည့် အဖွဲ့သည် ကိုးကန့်လူမျိုး အနည်းစုသာ ဖြစ်ပြီး ၄င်းတို့၏ ကိုယ်ကျိုး အတွက်သာ ရည်ရွယ် လုပ်ဆောင် နေသည့်အဖွဲ့ ဖြစ်ပါကြောင်း၊ ယခုလို တပ်မတော်မှ
လောက်ကိုင်ဒေသ အတွင်းရှိ ပြည်သူလူထု များအား ဘေးကင်းရာသို့ ရွှေ့ပြောင်း ကူညီ စောင့်ရှောက် ပေးနေမှုများ ကိုလည်း အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိတို့မှလည်း ကိုးကန့် တိုင်းရင်းသား များ၏ အရေးကို ကူညီနိုင်သည် များအား တတ်စွမ်းသရွေ့ တပ်မတော်နှင့် ပူးပေါင်း၍ ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြင့် ပြန်လည် ပြောကြားသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် က ကိုးကန့်ယဉ်ကျေးမှု အဖွဲ့နာယက ဦးဟော်ရှောက်ချမ်း နှင့်အဖွဲ့အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ယင်းနောက် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့်အဖွဲ့ဝင် များသည် လားရှိုးမြို့ ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်၍ လောက်ကိုင် ဒေသမှ တိုက်ပွဲရှောင် ရွှေ့ပြောင်း လာသည့် ထိခိုက်ဒဏ်ရာ ရရှိ၍ ဆေးရုံတက်ရောက် လျက်ရှိသော ဒေသခံ ပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger