www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 19, 2015

မျက်စိရောဂါ ခံစားနေရသူများကို ပြည်တွင်း၌ပင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်



ရန်ကုန် ၊ ၁၉-၂-၂ဝ၁၅

မျက်စိရောဂါ ဝေဒနာ ခံစားနေရ သူများအား ပြည်တွင်း၌ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ခွဲစိတ်ကုသ ရာတွင် အောင်မြင်မှု ရရှိနေပြီ ဖြစ်သော မျက်စိ ဝေဒနာရှင် ဦးရေသည် ၉ဝ ရာခိုင်နှုန်း နီးပါးအထိ ရှိပြီး ကျန် ဝေဒနာရှင် များ၏ မျက်စိရောဂါ များမှာလည်း ခွဲစိတ်ခန်းသုံး ပစ္စည်း ကိရိယာအချို့ လိုအပ်နေ သေးသည့် အတွက် ကုသရန် အခက်အခဲ ရှိနေကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ထိုင်းနိုင်ငံ၌ ကုသမှု မပေးနိုင် သေးသော မျက်ကြည်လွှာ ခွဲစိတ်ကုသ ရသည့်ရောဂါ အမျိုးအစား တစ်ခုကို အောင်မြင်စွာ ကုသ ပေးနိုင်ကြောင်း သိရသည်။

ပြည်တွင်း၌ မျက်စိရောဂါများ ခွဲစိတ် ကုသရာတွင် အောင်မြင်မှုများ တိုးမြင့်လာ စေရန် အမေရိကန်၊ နယ်သာလန်၊ နော်ဝေ၊ သြစတြေးလျ၊ အစ္စရေး၊ ဟောင်ကောင်၊ ထိုင်း အစရှိသော နိုင်ငံတကာမှ မျက်စိခွဲစိတ် ပါရဂူများ၊ ကျွမ်းကျင် ဆရာဝန်ကြီး များနှင့် ပူးပေါင်း၍ မျက်စိရောဂါ ဆိုင်ရာ လက်တွေ့ ကုသခြင်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲ များကို ကျင်းပခဲ့ပြီး အဆင့်မြင့် ခွဲစိတ်နည်း ပညာများ ရရှိနိုင်စေရန် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြသည်။

မြန်မာနိုင်ငံ၌ တွေ့ရသော မျက်စိ ရောဂါ အမျိုးအစား ခြောက်မျိုးခန့် ရှိသည့်အနက် အတွင်းတိမ် ဖြစ်ပေါ်သော မျက်စိ ဝေဒနာရှင် အရေအတွက် အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံးမှာ ရေတိမ် ထွက်ပေါ်ခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မျက်စိ ဆရာဝန်ပေါင်း ၄ဝဝ ကျော်ရှိပြီး ထပ်မံ၍ ကျွမ်းကျင် ပညာရှင်များ ပေါ်ထွန်း လာစေရန် နိုင်ငံခြားသို့ ပညာတော် သင်များ စေလွှတ် သွားမည် ဖြစ်ကြောင်းနှင့် မျက်စိ ဝေဒနာရှင် များအား ပိုမို အဆင့်မြင့် ကောင်းမွန်စွာ ခွဲစိတ်ကုသ နိုင်စေရန် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ မျက်စိရောဂါ အထူး ကုသဆောင် တစ်ခု ထပ်မံတိုးချဲ့ သွားရန် စီစဉ် ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger