www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 27, 2018

ငွေဆောင်ကမ်းခြေကို ကမ္ဘာ့အဆင့်၊ အာရှအဆင့် သတ်မှတ်ချက် ရှိလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်ကာ ဆောင်ရွက်သွားမည်



နေပြည်တော် ၂၇-၄-၂ဝ၁၈

ငွေဆောင် ကမ်းခြေကို ငပလီ ကမ်းခြေကဲ့သို့ ကမ္ဘာ့အဆင့်၊ အာရှအဆင့် သတ်မှတ်ချက် ရှိလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီး ဌာနသတင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းခြေ ဒေသများတွင် သဘာဝ အလှအပများနှင့် ပြည့်စုံမှု ရှိနေသောကြောင့် နိုင်ငံတကာခရီးသွား လောကနှင့် နိုင်ငံတကာခရီးသွား ဧည့်သည်များက စိတ်ဝင်စားမှုများ ရှိနေသည်။မြန်မာနိုင်ငံ၏ ငပလီ ကမ်းခြေသည် ယခင်က ကမ္ဘာပေါ်ရှိ ပင်လယ်ကမ်းခြေ ဒေသများတွင် အဆင့် (၈) ၌ ရှိနေပြီး အာရှဒေသတွင် အဆင့် (၁) နေရာ၌ ရှိနေသည်။

သို့သော် လက်ရှိတွင် ငပလီ ကမ်းခြေသည် ကမ္ဘာ့အဆင့်(၂၅) နေရာထိ ကျဆင်းသွားခဲ့ပြီး အာရှဒေသတွင်လည်း အဆင့် (၃) သို့ ကျဆင်းသွားခဲ့သည်။ ထိုကဲ့သို့ ငပလီကမ်းခြေ ဒေသအနေဖြင့် နိုင်ငံတကာအဆင့်နှင့် အာရှ အဆင့်များတွင် ရပ်တည်မှုနေရာ ကျဆင်းသွား ခဲ့ရခြင်းမှာ ကမ်းခြေဒေသ များတွင် စည်းကမ်းမဲ့ဈေးဆိုင်များ ရောင်းချခြင်း၊ စွန့်ပစ်အမှိုက်များနှင့် စက်တပ်ယာဉ်များ မောင်းနှင်ခြင်း စသည်တို့နှင့် ဌာနအသီးသီးတို့၏ ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ လိုက်နာမှုမရှိခြင်း စသည့်အကြောင်း များကြောင့် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ငပလီကမ်းခြေ၏ ဖြစ်စဉ်များကို နမူနာယူကာ ငွေဆောင်ကမ်းခြေ အနေဖြင့် ယခုကတည်းက ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့် များလိုက်နာဆောင်ရွက်၍ ကမ္ဘာ့အဆင့်၊ အာရှအဆင့် သတ်မှတ်ချက် ရှိလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger