www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 30, 2018

မင်းလှမြို့နယ်တွင် လိုက်ထရပ်ယာဉ် တစ်စီးတိမ်းမှောက် ယာဉ်ပေါ်ပါ လူနှစ်ဦးသေဆုံး၊ ၁၉ ဦး ပြင်းထန်ဒဏ်ရာရ



မကွေး ၃ဝ-၄-၂ဝ၁၈

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ကန်တုတ်-စစ္စနိုး ကားလမ်း မိုင်တိုင်အမှတ် (၁၆/၁) နှင့် (၁၆/၂)ကြားတွင် ဧပြီ၂၈ရက် ညနေ ၃ နာရီ မိနစ် ၃ဝ ခန့်က လိုက်ထရပ်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါလူနှစ်ဦး သေဆုံးပြီး ၁၉ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒုတိယရဲအုပ် နေအောင်ဦးသည် ရေနံမကျေးရွာမှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကန်တုတ်စစ္စနိုးကားလမ်း မိုင်တိုင်အမှတ် (၁၆/၁)နှင့် (၁၆/၂)ကြားတွင်မြိုင်မြို့နယ် ပေါင်းတည် ကျေးရွာမှ ကျောက်ပုံကျေးရွာသို့ မိန်းမတောင်း ရန်လာသော ငနောင်မုန်းရေနံမှော်နေသူ ယာဉ်မောင်း လင်းမောင်မောင် (ဘ) ဦးသန်းဆင့် မောင်းနှင်သည့် BGO 7N/ ---- LIGHT TRUCK အဖြူရောင် ယာဉ်မှာ ခရီးသည် ၂၁ ဦးတင်ဆောင်ပြီး ငနောင်မုန်းရေနံမှော်မှ တစ်ဆင့် ကန်တုတ်စစ္စနိုး ကားလမ်းအတိုင်း ကျောက်ပုံကျေးရွာသို့ မောင်းနှင်လာစဉ် ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်သို့ တိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များဖြစ်သော ကုက္ကိုလ်စုရွာ မူလတန်းကျောင်းအုပ် ဦးတင်ဦးနှင့်မြိုင်မြို့နယ် ပေါင်းတည်ရွာနေ ဒေါ်မြစန်းတို့နှစ်ဦးမှာ အချင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ယာဉ်မောင်းနှင့် အခြားယာဉ်ပေါ်ပါ ခရီးသည် ၁၉ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း လင်းမောင်မောင်ကို ယာဉ်(ပ)၅/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃ဝ၄(က)/၃၃၈/၃၃၇ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger