www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 26, 2018

ပြည်တွင်း၊ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာသမားများ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီးသို့ သွားရောက်သတင်းရယူ



စစ်တွေ ၂၆-၄-၂ဝ၁၈

မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်း သတင်းဌာနများနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာ သမားများသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီး နေထိုင်နေကြသည့် နေရပ်စွန့်ခွာ သွားကြသူများကို တွေ့ဆုံပြီး မေးမြန်းသတင်း ရယူကြသည်။

သတင်းမီဒီယာအဖွဲ့သည် နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိကြပြီး နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီး နေထိုင်နေကြသူများ ကိုတွေ့ဆုံ၍ တစ်ဖက်နိုင်ငံ၌ နေထိုင်နေစဉ်အတွင်း နေထိုင်စားသောက်ရမှု အခြေအနေ၊ လက်ရှိရောက်ရှိ နေထိုင်နေသည့် လူဦးရေ၊ လက်ရှိအခြေအနေထိ နေရပ်သို့ပြန်မလာ ရသည့်အကြောင်းရင်း၊ ဖြစ်ပေါ်နေသည့် အခက်အခဲနှင့် လိုအပ်ချက်၊ NVC ကတ်အပေါ် ၎င်းတို့၏ သဘောထားအမြင် အပါအဝင် အခြားသိရှိ လိုကြသည်များကို မေးမြန်းသတင်းရယူ ကြသည်။

ထို့နောက် သတင်းမီဒီယာ အဖွဲ့များသည် နှစ်နိုင်ငံချစ်ကြည်ရေး တံတားသို့ သွားရောက် လေ့လာသတင်း ရယူကြသည်။ ညနေပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြပြီး မြန်မာ
အမျိုးသား လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ သွားကြကြောင်း သတင်းရရှိသည်။

ပြည်တွင်း၊ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာသမားများ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီးတွင် သတင်းရယူစဉ်။

#Themyawadydaily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger