www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 30, 2018

ဖရဲ သခွားမွှေး ဈေးနှုန်းများ ရာသီကုန်ချိန်အထိ ဆက်လက် မြင့်တက်နိုင်



မူးဆယ် ၃၀-၃-၂၀၁၈

ယခုရက်ပိုင်း အတွင်း ဖရဲ၊ သခွားမွှေးများကို တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားများပြီး ပြည်တွင်း၌ ထွက်ရှိမှု နည်းပါး လာသည့်အတွက် ဈေးနှုန်းများ မြင့်တက်လာရာ ယခုနှစ် ဖရဲ၊ သခွားမွှေး ရာသီကုန်ချိန်အထိ ဆက်လက် မြင့်တက်နိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းထံမှ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံဘက်၌ ရာသီဥတု ပူပြင်းသည့်အတွက် ဖရဲ၊ သခွားမွှေးများ အဝယ်လိုက်လာ ခြင်းဖြစ်ကာ မူဆယ်သို့ ဖရဲကားအစီးရေ ၄၂ဝ နှင့် သခွားမွှေးကား အစီးရေ ၃၄ဝ ဝင်ရောက်ကြောင်း သိရသည်။

''ဈေးကွက်မှာတော့ ဒီအချိန်က ဖရဲနဲ့သခွားမွှေး နှစ်မျိုးစလုံး ဈေးမြင့်နေတယ်။ တရုတ်နိုင်ငံမှာ ရာသီဥတု ပူနေတဲ့အတွက် ပိုပြီးအဝယ်များလာတယ်။ ဝယ်လိုအားများ လာတော့ အသီးကရှားလာတယ်။ ဒီနေ့ရောက်တဲ့ ကားကလည်းနည်းသွားပြီ။ မိုးမရွာမချင်းတော့ ဈေးကောင်းနေဦးမှာပဲ''ဟု ဦးနိုင်ဝင်းက ပြောသည်။

လက်ရှိ မူဆယ်ဖရဲ ဈေးကွက်အတွင်း ဖရဲ ၈၅၅ ရောင်းတမ်းဝင် အရည်အသွေးများမှာ ၂ ဒသမ ၅ ယွမ်မှ ၃ ဒသမ ၈ ယွမ်၊ ကျွန်းသီးကြားမှာ ၂ ယွမ် မှ ၃ ယွမ်၊ ကျွန်းသီးဖြူ စီးပြတ် ၁၅ တန်လျှင် ယွမ် ၁၈ဝဝဝ မှ ၄ဝဝဝဝ အထိ ဈေးနှုန်းရှိပြီး ရွှေသခွားအမြင့်ဈေးမှာ ၄ ဒသမ ၅ ယွမ်မှ ၅ ဒသမ ၅ ယွမ်၊ အနိမ့်သီးများမှာ ၃ ဒသမ ၃ ယွမ်မှ ၃ ဒသမ ၈ ယွမ်ကြားရှိကာ ငွေလဲလှယ်နှုန်းမှာ ၁ ယွမ်လျှင် ငွေကျပ် ၂ဝ၅ ကျပ်ရှိသည်။

ဖရဲ၊ သခွားမွှေး ဈေးနှုန်းများမှာ ဝယ်လိုအားနှင့် ရောင်းလိုအား ပေါ်မူတည်သကဲ့သို့ အရည်အသွေး ပေါ်တွင်လည်း များစွာမူတည်နေသည့် အတွက် တောင်သူများ အနေဖြင့် အရည်အသွေးပြည့်မီရန် ကြိုးစားရမည့်အပြင် သီးနှံများကိုလည်း ရင့်မှည့်မှသာ ခူးဆွတ်ရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဖရဲ၊ သခွားမွှေးကို စစ်ကိုင်းတိုင်း ဒေသကြီး၌ အများဆုံး စိုက်ပျိုးလျက်ရှိပြီး ရာသီချိန်မှာ အောက်တိုဘာလမှ မေလအတွင်း ဖြစ်သော်လည်း တစ်နှစ်ပတ် လုံးနီးပါး စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger