www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 30, 2018

နွေစပါး စံပြကွက်အတွင်းသို့ ဥကပ်ပါးနကျယ် လွှတ်ခြင်း အခမ်းအနားကျင်းပ



ပခုက္ကူ ၃၀-၃-၂ဝ၁၈

ပခုက္ကူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ကြီးမှူး၍ ကြီးရွာမြစ်ရေတင် ကွင်းအမှတ် (၃၁၄) ဦးပိုင်အမှတ် (၃၈) ရှိ တောင်သူ ဦးမိုးကျော်၏ SRI နွေစပါး ၁ဝ ဧကစံပြကွက် အတွင်းသို့ ယနေ့နံနက် ၈ နာရီတွင် ဥကပ်ပါး နကျယ်လွှတ်ခြင်း အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက နွေစပါး စံပြကွက်အတွင်း ပေ ၃ဝ အကွာပတ်လည်တွင် ဥကပ်ပါးနကျယ် ကတ်များကို လိုက်လံချိတ်ဆွဲရာ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးရန်နိုင်ဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစန်းလွင်တို့က ကြည့်ရှု အားပေးသည်။

အဆိုပါ ဥကပ်ပါးနကျယ် ကတ်တစ်ကတ်လျှင် ဥပေါင်းတစ်ထောင်ခန့် ပါဝင်ပြီး တစ်ဧကလျှင်ကတ် ၄ဝ နှုန်းဖြင့် ၁ဝ ဧကအတွက် ကတ်ပေါင်း ၄ဝဝ ချိတ်ဆွဲပေးကြသည်။ ဥကပ်ပါးနကျယ်မှ ငါးရက်အတွင်း အကောင်များ ပေါက်ပြီးဖျက်ပိုး အင်းဆက်များကို သဘာဝနည်းဖြင့် နှိမ်နင်းနည်း ဖြစ်သောကြောင့် ပိုးသတ်ဆေး သုံးစွဲမှုလျှော့ချ နိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးက ပြောသည်။

ပခုက္ကူမြို့နယ်တွင် ကြီးရွာမြစ်ရေတင်၊ ရွှေတန့်တစ် မြစ်ရေတင်နှင့် ကုက္ကိုလှမြစ်ရေတင် ဧရိယာအတွင်း နွေစပါး ၁၃၆၂ ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger