www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 30, 2018

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်



တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) မှ နယ်လှည့်အထူးကု ဆေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၃၀-၃-၂ဝ၁၈

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ယနေ့တွင် ဝဲကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူ ၃၉၉ ဦးအားကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၃ဝ ဦး၊ ခွဲစိတ်ရောဂါ ၄၃ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၃၈ ဦး၊ ကလေးရောဂါ ၂၉ ဦး၊ အရိုးရောဂါ ၃၂ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းေ ရာဂါ ၃၁ ဦး၊ မျက်စိ ရောဂါ ၆၄ ဦးနှင့် သွားရောဂါ ၃၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက် မျက်စိခွဲစိတ် လူနာလေးဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ခုနစ်ဦး တို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက် လူနာရှစ်ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ ECG နှလုံးစမ်းသပ်လူနာ ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၁၄ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံ ပြည်သူရှစ်ဦးအား ဆေးရုံ သင်္ဘောပေါ်တွင် ဆေးရုံတင် ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger